သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လုံၿခဳံေရးစိုးရိမ္ေနရတဲ့ ဘဂၤလားေဒ့ရွ္ေရာက္ ႐ိုဟင္ဂ်ာဒုကၡသည္ေတြဘဝ


ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာ့ဇ္ဘဇားခ႐ိုင္ထဲက ႐ိုဟင္ဂ်ာဒုကၡသည္စခန္းေတြထဲ လုပ္ႀကံသတ္ျဖတ္ခံရသူမ်ား (ဓါတ္ပံု - Rohingya Refugees)

သိန္းခ်ီတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ခိုလႈံေနထိုင္ရာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာ့ဇ္ဘဇားခ႐ိုင္ထဲက ႐ိုဟင္ဂ်ာဒုကၡသည္စခန္းေတြထဲ လုပ္ႀကံသတ္ျဖတ္ခံရမႈေတြ ခပ္စိပ္စိပ္ျဖစ္လာေနတဲ့အတြက္ ဒုကၡသည္ေတြရဲ႕လုံၿခဳံေရးက ေမးခြန္းထုတ္စရာ အထူးစိုးရိမ္စရာ ျဖစ္လာေနပါတယ္။ အထူးသျဖင့္ စခန္းတာဝန္ခံေတြ၊ ႐ိုဟင္ဂ်ာအေရး လႈပ္ရွားသူေတြနဲ႔ ဘာသာေရးေခါင္းေဆာင္ေတြအေပၚ ပစ္မွတ္ထား အၾကမ္းဖက္တိုက္ခိုက္တဲ့ အေျခအေနျဖစ္လာေနတယ္လို႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြက ေျပာပါတယ္။ စစ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံ ရခိုင္ဘက္မွာလည္း AA နဲ႔ စစ္တပ္ရဲ႕ တိုက္ပြဲေတြၾကား ႐ိုဟင္ဂ်ာေတြ ေသဆုံးထိခိုက္မႈေတြ ျဖစ္ေနရတဲ့အေျခအေန၊ ခိုလႈံေနထိုင္ရာ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြထဲမွာလည္း လုံၿခဳံမႈကင္းမဲ့ေနတဲ့ အေနအထားျဖစ္လာေနတဲ့အေပၚ ႐ိုဟင္ဂ်ာတို႔ စိုးရိမ္ခ်က္ေတြကို စုစည္းၿပီး မဆုမြန္ တင္ျပေပးထားပါတယ္။

ျမန္မာႏိုင္ငံ ရခိုင္ေျမာက္ပိုင္းကေန လြန္ခဲ့တဲ့ ငါးႏွစ္ေက်ာ္ေလာက္ကတည္းက သိန္းခ်ီတဲ့ ႐ိုဟင္ဂ်ာေတြ ထြက္ေျပးတိမ္းေရွာင္လာၾကတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာ့ဇ္ဘဇားခ႐ိုင္ထဲက ႐ိုဟင္ဂ်ာဒုကၡသည္စခန္းေတြထဲ ဒီလပိုင္းအတြင္းမွာ ႐ိုဟင္ဂ်ာဒုကၡသည္တခ်ိဳ႕ကို လူအုပ္စုေတြနဲ႔ ေသနတ္နဲ႔ပစ္ ဓားနဲ႔ခုတ္သတ္တဲ့ ျဖစ္ရပ္ေတြမ်ားျပားလာေနတာပါ။ လြန္ခဲ့တဲ့ (၃)လအတြင္း ႐ိုဟင္ဂ်ာ ဒုကၡသည္စခန္းေတြထဲမွာ အနည္းဆုံး ႐ိုဟင္ဂ်ာ (၁၄) ေယာက္ အသတ္ခံခဲ့ၾကရၿပီး မႏွစ္ကနဲ႔ ႏွႈိင္းယွဥ္လိုက္ရင္ အသတ္ခံရမႈေတြ ပိုမ်ားလာတယ္လို႔ ေကာ့ဇ္ဘဇားခ႐ိုင္ ရဲတပ္ဖြဲ႕အႀကီးအကဲ Mahfuzul Isla က AFP သတင္းဌာနကို ေျပာခဲ့တာပါ။ ႐ိုဟင္ဂ်ာစခန္းေတြထဲမွာ ARSA အစြန္းေရာက္အဖြဲ႔ကလည္း ပစ္မွတ္ထား သတ္ျဖတ္မႈေတြ ရွိေနတယ္လို႔ ရဲတပ္ဖြဲ႕အႀကီးအကဲက ေျပာတာပါ။ ေနာက္ ျမန္မာႏိုင္ငံျပည္တြင္းက ပဋိပကၡေတြက ႐ိုဟင္ဂ်ာစခန္းေတြရဲ႕ လုံၿခဳံေရးအေပၚ သက္ေရာက္မႈ ရွိတယ္။ ဒါ့အျပင္ ရာဇဝတ္ဂိုဏ္းေတြၾကား မူးယစ္ေဆးဝါး ေရာင္းဝယ္မႈေတြနဲ႔ ရန္လိုတိုက္ခိုက္မႈေတြ ရွိေနၾကခ်ိန္မွာ စခန္းေတြထဲ အခုလို သတ္ျဖတ္မႈေတြ ျဖစ္ပြားလာေနတာလို႔လည္း ရဲတပ္ဖြဲ႕အႀကီးအကဲက AFP သတင္းဌာနကိုေျပာဆိုထားပါတယ္။

ၿပီးခဲ့တဲ့သီတင္းပတ္ ေအာက္တိုဘာလ ၁၅ ရက္ေန႔ ႐ိုဟင္ဂ်ာဒုကၡသည္စခန္း (၁၃) မွာ ႐ိုဟင္ဂ်ာစခန္းတာဝန္ခံ ႐ိုဟင္ဂ်ာေခါင္းေဆာင္ႏွစ္ဦးကို တဒါဇင္ေက်ာ္ေလာက္ရွိတဲ့ လူအုပ္စုက ဝိုင္းသတ္ျဖတ္ခဲ့လို႔ တဦးက ေနရာတင္ပြဲခ်င္းၿပီး အသက္ဆုံးခဲ့ရသလို။ က်န္တဦးကေတာ့ ေဆး႐ုံမွာ အသက္ဆုံးပါးခဲ့ရပါတယ္။ ဒီ႐ိုဟင္ဂ်ာေခါင္းေဆာင္ႏွစ္ဦး အသတ္ခံခဲ့ရမႈဟာ ဒီလပိုင္းေတြထဲ လုပ္ႀကံအသတ္ျဖတ္ခံရမႈေတြထဲက အဆိုးဝါးဆုံးလူသတ္မႈတခုျဖစ္တယ္လို႔ ဘဂၤလားေဒ့ရွ္ရဲတပ္ဖြဲ႕ေျပာခြင့္ရ Faruk Amed က AFP သတင္းဌာနကို ေျပာပါတယ္။ ဒါ့အျပင္ ဒီရက္ပိုင္းအတြင္းမွာပဲ ေအာက္တိုဘာ ၁၈ ရက္ေန႔ညကလည္း စခန္းအမွတ္(၁၉) မွာ ႐ိုဟင္ဂ်ာဒုကၡသည္တဦး ဓားနဲ႔အေသထိုးသတ္ခံရၿပီး အသက္ဆုံးခဲ့ရပါတယ္။ ဒီလို ႐ိုဟင္ဂ်ာေတြ ဒုကၡသည္စခန္းေတြထဲ အၾကမ္းဖက္ အသတ္ျဖတ္ခံရမႈေတြ ခပ္စိတ္စိတ္မ်ားလာေနတဲ့ အေျခအေနအေပၚ ႐ိုဟင္ဂ်ာဒုကၡသည္ေတြၾကား အသက္အႏၲရာယ္ စိုးရိမ္မႈေတြနဲ႔ စိုးရိမ္ပူပင္မႈေတြ ပိုတိုးလာေနပါတယ္လို႔ အမည္မေဖာ္လိုတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြက ဗြီအိုေအျမန္မာပိုင္းက ေျပာပါတယ္။

႐ိုဟင္ဂ်ာဒုကၡသည္ အီလိယက္စ္ Eliyas (ေခၚ) ဦးေစာလြင္က ႐ိုဟင္ဂ်ာဒုကၡသည္ေတြ လုပ္ႀကံသတ္ျဖတ္ခံေနရတဲ့ လက္ရွိလုံၿခဳံေရး အေျခအေနနဲ႔ ရင္ဆိုင္ေနရတဲ့ အခက္အခဲေတြအေၾကာင္း အခုလိုေျပာျပပါတယ္။

“ဒီမွာက Camps In charge ဆိုတဲ့သူေတြကလည္း ေကာ့ဇ္ဘဇားမွာပဲ သြားေနၾကတာ (၄) နာရီ ထိုးတာနဲ႔သူတို႔က မေနေတာ့ဘူး။ ရဲေတြကေတာ့ ဒီမွာေနတယ္ ေန႔ေရာညေရာ ဒီမွာေနတယ္ ဒါေပမဲ့ သူတို႔က မႏိုင္ဘူး။”

မဆုမြန္ ။ ။ အခုလို လုပ္ႀကံသတ္ျဖတ္မႈေတြ ျဖစ္ေနတဲ့အခ်ိန္မွာေရာ ထပ္ၿပီးေတာ့ လုံၿခဳံေရးေတြကို ထပ္ၿပီးေတာ့ တိုးခ်ထားတာမ်ိဳး၊ အခ်င္းခ်င္းလုံၿခဳံေရး သတိေပးေျပာဆိုတာမ်ိဳးေရာ ရွိလားရွင့္။

ဦးေစာလြင္ ။ ။ ျပႆနာျဖစ္ၿပီဆိုရင္ တနာရီ၊ ႏွစ္နာရီေလာက္မွ ဟိုကိုသြားၿပီး သူတို႔က စိစစ္တယ္။ ၿပီးရင္ ေဆး႐ုံပို႔တယ္။ ဒါပဲရွိတယ္။ လုံၿခဳံေရးက မလုံမေလာက္ ျဖစ္ေနၾကတယ္။ အဲဒီေတာ့ က်ေနာ္တို႔က စိတ္ခ်လို႔မရဘူး ျဖစ္ေနတယ္။ သူတို႔က လုံေလာက္တဲ့ လုံၿခဳံေရးကို မေပးႏိုင္ဘူး။”

မဆုမြန္ ။ ။ အဲဒီေတာ့ ဒီလုပ္ႀကံသတ္ျဖတ္ခံရမႈေတြက ဘယ္လိုလူေတြကို ဦးတည္ခ်က္ထားၿပီးေတာ့ လုပ္ႀကံသတ္ျဖတ္မႈေတြ လုပ္ေနတယ္လို႔ ယူဆလို႔ရလဲရွင့္။

ဦးေစာလြင္ ။ ။ အဲဒါကေတာ့ စခန္းထဲမွာ မာဆီေတြ ရွိတယ္ (စခန္းတာဝန္ခံေတြေပါ့)။ ေနာက္ ဘဂၤလားေဒ့ရွ္အစိုးရကေန ခိုင္းထားတဲ့ မာဆီေတြေပါ့။ ေနာက္ ဘာသာေရးေခါင္းေဆာင္ေတြ၊ ေနာက္ ပညာတတ္ေတြ၊ ေက်ာင္းဆရာေတြ ေပၚလစီ မူပိုင္းဆိုင္ရာ သတ္မွတ္တဲ့သူေတြ သူတို႔ကို သတ္ျဖတ္တာေတြ အမ်ားႀကီးျဖစ္တယ္။

မဆုမြန္ ။ ။ အဲ့ဒီလိုေတြ ျဖစ္လာေတာ့ ဦးေစာလြင္တို႔အေနနဲ႔ ဘယ္လိုမ်ိဳး စိတ္ထဲရွိလဲ ေနာက္ဘာေတြလုပ္ေပးဖို႔ သက္ဆိုင္တဲ့ တာဝန္ရွိတဲ့သူေတြကို ေျပာခ်င္တာရွိလဲရွင့္။

ဦးေစာလြင္ ။ ။ က်ေနာ္တို႔ ေျပာခ်င္တာကေတာ့ ႏိုင္ငံတကာကိုလည္း ေျပာခ်င္ပါတယ္။ UN ကိုလည္း ေျပာခ်င္ပါတယ္။ ဘဂၤလားေဒ့ရွ္အစိုးရကိုလည္း က်ေနာ္တို႔က ဒါေတြကို ေျပာခ်င္ပါတယ္ က်ေနာ္တို႔အတြက္ လိုခ်င္တဲ့ လြတ္လပ္မႈေတာ့လည္း မဟုတ္ဘူး လြတ္လပ္မႈလည္း လုံးဝမရွိဘူး။ လုံၿခဳံေရးက လုံးဝလုံေလာက္မႈ မရွိဘူး။ က်ေနာ္တို႔မွာ လြတ္လြတ္လပ္လပ္လည္း သြားလာလို႔ မရဘူး။ အဲ့လိုပုံစံ ျဖစ္ေနပါတယ္။ လုံၿခဳံေရးကလည္း စိတ္ခ်လို႔မရဘူး။ က်ေနာ္တို႔မွာ ေျပာရရင္ အိပ္တဲ့အခ်ိန္မွာလည္း ေကာင္းေကာင္းမြန္မြန္ အိပ္လို႔မရဘူး။ သြားတဲ့အခ်ိန္လည္း က်ေနာ္တို႔မွာ ဘယ္လိုမွ စိတ္ခ်လက္ခ် သြားလာလို႔မရဘူး အဲ့ဒီလိုျဖစ္ေနၾကတာပါ။

မဆုမြန္ ။ ။ ဟုတ္ၿပီ အဲ့ဒီေတာ့ အခုက ျပန္ဖို႔ဆိုၿပီး စီစဥ္ေပးေနတာေတြ ေျပာဆိုေနတာေတြ ရွိတယ္ေပါ့ေနာ္။ ၿပီးေတာ့ ႐ိုဟင္ဂ်ာေတြဘက္က ၿပီးခဲ့တဲ့လကဆို အိမ္ျပန္ၾကမယ္ဆိုၿပီး ဆႏၵျပေတာင္းဆိုတာေတြ ရွိတယ္။ ဒါေပမဲ့ အခုလက္ရွိက ရခိုင္မွာက စစ္ျဖစ္ေနတယ္ စစ္ျဖစ္တဲ့ေနရာေတြမွာလည္း ႐ိုဟင္ဂ်ာေတြေနတဲ့နယ္စပ္အထိပါ လက္နက္ႀကီးက်ည္ေတြ က်တာေတြရွိတယ္ ရခိုင္ထဲမွာလည္း ႐ိုဟင္ဂ်ာေတြေနတဲ့႐ြာေတြမွာလည္း ထိခိုက္ဒဏ္ရာရတာေတြမ်ိဳးေတြ ရွိေတာ့၊ အိမ္ျပန္ဖို႔အတြက္က မေသခ်ာဘူးေပါ့။ အဲ့ဒီေတာ့ အဲ့ဒီလိုအေျခအေနမ်ိဳးမွာ ႐ိုဟင္ဂ်ာဒုကၡသည္ေၾတဘကၠ ဘယ္လိုျမင္မိတာရွိလဲ။ ဘယ္လိုမ်ား ေျပာခ်င္တာရွိလဲရွင့္။

ဦးေစာလြင္ ။ ။ က်ေနာ္တို႔အေနနဲ႔ ေျပာရမယ္ဆိုရင္ က်ေနာ္တို႔ေတြ ဒီမွာ ဘယ္လိုမွ လုံးဝကို မေနႏိုင္ဘူး။ စိတ္ဆႏၵက အားလုံးအိမ္ကိုပဲ ျပန္ခ်င္ၾကတယ္။ အမ်ားစုက အိမ္ကိုပဲ ျပန္ခ်င္ၾကေတာ့တာပါပဲ။ ဒါေပမဲ့ ဆရာမေျပာသလိုပါပဲ က်ေနာ္တို႔က ဘယ္ေလာက္ပဲ ျပန္ခ်င္ျပန္ခ်င္၊ ဘယ္လိုပဲ ျပန္မယ္ဆိုရင္လည္း ရခိုင္မွာ စစ္ျဖစ္ေနေတာ့ ျပန္လို႔မရဘူး။ ဒီမွာက အကုန္လုံးက အင္မတန္မွ စိုးရိမ္ေနၾကတယ္။ စိုးရိမ္ေနတာမွ ကိုယ့္အတြက္ ေျပာျပလို႔ရတဲ့သူလည္း မရွိဘူး။ ကိုယ့္အတြက္ ေျပာေပးမယ့္သူလည္း မရွိဘူး။ က်ေနာ္တို႔အတြက္ ေျပာႏိုင္မယ့္ေနရာလည္း မရွိဘူး။ အဲ့ဒီလို ျဖစ္ေနၾကတယ္။ ဒီမွာက လုံလုံၿခဳံၿခဳံ လုံးဝမရွိဘူး။ က်ေနာ္တို႔မွာ စိတ္ခ်လက္ခ်လည္း မေနရဘူး။ က်ေနာ္တို႔မွာ ကိုယ့္အသက္အႏၲရာယ္ကို ကိုယ္အၿမဲတမ္း စိုးရိမ္ေနၾကရတာပါ။”

႐ိုဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ျပန္ပို႔ေရးနဲ႔ ပတ္သက္ၿပီး ဘဂၤလားေဒ့ရွ္အစိုးရနဲ႔ ျမန္မာႏိုင္ငံအၾကား အရင္က လက္မွတ္ေရးထိုးထားတဲ့ သေဘာတူညီခ်က္အားလုံးကို ျမန္မာႏိုင္ငံဘက္က လိုက္နာမယ့္အေၾကာင္း၊ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရး ဝန္ႀကီး Dr AK Abdul Momen က ေအာက္တိုဘာလ၂၀ ရက္ေန႔က ေျပာဆိုပါတယ္။ ဒါေပမဲ့လဲ ဒီေျပာဆိုခ်က္က ျမန္မာႏိုင္ငံဘက္က တိုက္႐ိုက္ေျပာဆိုတာ မဟုတ္ဘဲ၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီးနဲ႔ ေတြ႔ဆုံေဆြး‌ေႏြးခဲ့ခ်ိန္၊ တ႐ုတ္သံအမတ္ႀကီးရဲ႕တဆင့္ ေျပာဆိုခ်က္ကို ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီးက ကိုးကားၿပီးေတာ့ သတင္းေထာက္ေတြကို ျပန္ေျပာသြားတာ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံဘက္မွာေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ နာမည္ကို လက္ခံ အသိအမွတ္မျပဳပါဘူး။ ဒါေပမဲ့ ဘဂၤလားေဒ့ရွ္ဘက္ကို တိမ္းေရွာင္သြားတဲ့ ဒုကၡသည္ေတြကိုေတာ့ စီစစ္လက္ခံမယ္ဆိုၿပီး ၂၀၁၇ ခုႏွစ္ ႏိုဝင္လာလ ၂၃ ရက္ေန႔မွာ ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာႏွစ္ႏိုင္ငံအၾကား လက္မွတ္ေရးထိုးခဲ့ပါတယ္။ လက္မွတ္ေရးထိုးၿပီးကတည္းက သူတို႔ေရာက္ေနတဲ့ ၅ ႏွစ္နီးပါးအတြင္း၊ ေနရပ္ျပန္ပို႔ခံရတဲ့ ႐ိုဟင္ဂ်ာ တဦးတေယာက္မွ မရွိေသးတဲ့အေၾကာင္းလည္း ဘဂၤလားေဒ့ရွ္ႏိုင္ငံထုတ္ သတင္းေတြမွာ ေဖၚျပပါတယ္။ အခု စိစစ္လက္ခံမယ္ဆိုၿပီး ျမန္မာႏိုင္ငံဘက္က တ႐ုတ္သံအမတ္ႀကီးကို ေျပာတာကို သတင္းေကာင္းတခုအျဖစ္ သတ္မွတ္တဲ့အေၾကာင္း၊ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီး Dr AK Abdul Momen က ေျပာပါတယ္။ ဒါေပမဲ့ တ႐ုတ္ႏိုင္ငံဟာ ၾကားဝင္ေစ့စပ္သူသာ ျဖစ္ၿပီးေတာ့ တကယ္ဆုံးျဖတ္ခ်က္ခ်မယ့္သူဟာ ျမန္မာႏိုင္ငံ ျဖစ္တယ္ဆိုတာကိုလည္း သူက ဝန္ခံေျပာဆိုပါတယ္။ ဒုကၡသည္ျပႆနာ ေျဖရွင္းႏိုင္ေရး တ႐ုတ္ႏိုင္ငံက ကူညီေအာင္ ဖိအားဆက္ေပးမယ့္အေၾကာင္း ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာဆိုသြားပါတယ္။

လြန္ခဲ့တဲ့ ငါးႏွစ္၂၀၁၇ ခုႏွစ္ ၾသဂုတ္လကုန္ပိုင္း ျမန္မာႏိုင္ငံေျမာက္ပိုင္း ရခိုင္မွာ ျဖစ္ခဲ့တဲ့ ARSA အဖြဲ႔ရဲ႕ အၾကမ္းဖက္တိုက္ခိုက္မႈေတြ ေနာက္ပိုင္း၊ လူမ်ိဳးေရး၊ ဘာသာေရး အသြင္ေဆာင္ ပဋိပကၡေတြရဲ႕ ေနာက္ပိုင္း၊ စစ္တပ္နဲ႔ နယ္ျခားေစာင့္တပ္ေတြရဲ႕ နယ္ေျမရွင္းလင္းမႈေတြအတြင္း အသက္ေဘးက စိုးရိမ္ရလို႔ ႐ိုဟင္ဂ်ာမြတ္စလင္ ၇ သိန္းေက်ာ္ဟာ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ဘက္ကို တိမ္းေရွာင္ထြက္ေျပးသြားၾကတာပါ။ ႐ိုဟင္ဂ်ာေတြ ဘဂၤလားဘက္ ေရာက္ခါစတုန္းကေတာ့ ဘဂၤလားေဒ့ရွ္အစိုးရနဲ႔ ေဒသခံ လူမႈအသိုင္းအဝိုင္းက ဆီးႀကိဳခဲ့ၾကေပမယ့္၊ ႐ိုဟင္ဂ်ာေတြ ေနရပ္ရင္း ျပန္ႏိုင္ဖို႔ ညႇိႏႈိင္းေဆာင္႐ြက္ေနတဲ့ ၅ ႏွစ္တာကာလအတြင္း ဒီအေျခအေနေတြ ေျပာင္းလဲလာပါတယ္။ ေဒသခံသတင္းမီဒီယာေတြနဲ႔ ႏိုင္ငံေရးသမားေတြဟာ ႐ိုဟင္ဂ်ာေတြကို မူးယစ္ေဆးဝါးေရာင္းသူေတြ၊ အၾကမ္းဖက္သူေတြအျဖစ္ ပုံမွန္ဆိုသလို ပုံေဖၚေျပာဆိုလာသလို ဘဂၤလားေဒ့ရွ္ ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ကလည္း ႐ိုဟင္ဂ်ာဒုကၡသည္ေတြဟာ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြက္ ဝန္ထုပ္ဝန္ပိုးျဖစ္လာေနတယ္ဆိုၿပီး ေျပာဆိုခဲ့ပါတယ္။

အခုလက္ရွိအခ်ိန္မွာလဲ ျမန္မာႏိုင္ငံနဲ႔ ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံနယ္စပ္အနီး AA ရခိုင္လက္နက္ကိုင္တပ္နဲ႔ စစ္ေကာင္စီတပ္တို႔ၾကား တိုက္ပြဲေတြအျပင္းအထန္ ျဖစ္ေနတာေၾကာင့္ ႐ိုဟင္ဂ်ာတို႔ ေနရပ္ျပန္ေရးအစီအစဥ္ေတြ အဆင္ေျပ ေအာင္ျမင္ႏိုင္ဖြယ္ မရွိပါဘူး။ ဒါ့အျပင္ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းတြင္းမွာကို ႐ိုဟင္ဂ်ာေတြအေပၚ လုပ္ႀကံသတ္ျဖတ္မႈေတြ တစထက္တစ ပိုတိုးလာတဲ့ အေျခအေနအရ ႐ိုဟင္ဂ်ာေတြရဲ႕ လုံၿခဳံေရးကလည္း စိုးရိမ္စရာအလြန္ေကာင္းတဲ့ အေနအထား ျဖစ္ေနတယ္ ဒီလို႐ိုဟင္ဂ်ာေတြရဲ႕ျမန္မာႏိုင္ငံမွာေရာ ဘဂၤလားေဒ့ရွ္မွာပါ ေရရွည္ရပ္တည္ေနထိုင္ႏိုင္ေရးနဲ႔ အနာဂတ္ေမွ်ာ္လင့္ခ်က္ မေရမရာ ျဖစ္လာေနတဲ့အေပၚ၊ ကုလသမဂၢ ႏိုင္ငံတကာအသိုင္းအဝိုင္းအပါအဝင္ ဘဂၤလားေဒ့ရွ္အစိုးရနဲ႔ ျမန္မာႏိုင္ငံဘက္က တာဝန္ရွိသူေတြၾကား အထူးအေလးထား စဥ္းစားေဆာင္႐ြက္ေပးဖို႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြဘက္က ေတာင္းဆိုေနၾကေၾကာင္းပါ။

==== Unicode ====

သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ခိုလှုံနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်ထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ လုပ်ကြံသတ်ဖြတ်ခံရမှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေတဲ့အတွက် ဒုက္ခသည်တွေရဲ့လုံခြုံရေးက မေးခွန်းထုတ်စရာ အထူးစိုးရိမ်စရာ ဖြစ်လာနေပါတယ်။ အထူးသဖြင့် စခန်းတာဝန်ခံတွေ၊ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေအပေါ် ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်တဲ့ အခြေအနေဖြစ်လာနေတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပါတယ်။ စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံ ရခိုင်ဘက်မှာလည်း AA နဲ့ စစ်တပ်ရဲ့ တိုက်ပွဲတွေကြား ရိုဟင်ဂျာတွေ သေဆုံးထိခိုက်မှုတွေ ဖြစ်နေရတဲ့အခြေအနေ၊ ခိုလှုံနေထိုင်ရာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေထဲမှာလည်း လုံခြုံမှုကင်းမဲ့နေတဲ့ အနေအထားဖြစ်လာနေတဲ့အပေါ် ရိုဟင်ဂျာတို့ စိုးရိမ်ချက်တွေကို စုစည်းပြီး မဆုမွန် တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းကနေ လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်ကတည်းက သိန်းချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင်ထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ ဒီလပိုင်းအတွင်းမှာ ရိုဟင်ဂျာဒုက္ခသည်တချို့ကို လူအုပ်စုတွေနဲ့ သေနတ်နဲ့ပစ် ဓားနဲ့ခုတ်သတ်တဲ့ ဖြစ်ရပ်တွေများပြားလာနေတာပါ။ လွန်ခဲ့တဲ့ (၃)လအတွင်း ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲမှာ အနည်းဆုံး ရိုဟင်ဂျာ (၁၄) ယောက် အသတ်ခံခဲ့ကြရပြီး မနှစ်ကနဲ့ နှှိုင်းယှဉ်လိုက်ရင် အသတ်ခံရမှုတွေ ပိုများလာတယ်လို့ ကော့ဇ်ဘဇားခရိုင် ရဲတပ်ဖွဲ့အကြီးအကဲ Mahfuzul Isla က AFP သတင်းဌာနကို ပြောခဲ့တာပါ။ ရိုဟင်ဂျာစခန်းတွေထဲမှာ ARSA အစွန်းရောက်အဖွဲ့ကလည်း ပစ်မှတ်ထား သတ်ဖြတ်မှုတွေ ရှိနေတယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲက ပြောတာပါ။ နောက် မြန်မာနိုင်ငံပြည်တွင်းက ပဋိပက္ခတွေက ရိုဟင်ဂျာစခန်းတွေရဲ့ လုံခြုံရေးအပေါ် သက်ရောက်မှု ရှိတယ်။ ဒါ့အပြင် ရာဇဝတ်ဂိုဏ်းတွေကြား မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေနဲ့ ရန်လိုတိုက်ခိုက်မှုတွေ ရှိနေကြချိန်မှာ စခန်းတွေထဲ အခုလို သတ်ဖြတ်မှုတွေ ဖြစ်ပွားလာနေတာလို့လည်း ရဲတပ်ဖွဲ့အကြီးအကဲက AFP သတင်းဌာနကိုပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ် အောက်တိုဘာလ ၁၅ ရက်နေ့ ရိုဟင်ဂျာဒုက္ခသည်စခန်း (၁၃) မှာ ရိုဟင်ဂျာစခန်းတာဝန်ခံ ရိုဟင်ဂျာခေါင်းဆောင်နှစ်ဦးကို တဒါဇင်ကျော်လောက်ရှိတဲ့ လူအုပ်စုက ဝိုင်းသတ်ဖြတ်ခဲ့လို့ တဦးက နေရာတင်ပွဲချင်းပြီး အသက်ဆုံးခဲ့ရသလို။ ကျန်တဦးကတော့ ဆေးရုံမှာ အသက်ဆုံးပါးခဲ့ရပါတယ်။ ဒီရိုဟင်ဂျာခေါင်းဆောင်နှစ်ဦး အသတ်ခံခဲ့ရမှုဟာ ဒီလပိုင်းတွေထဲ လုပ်ကြံအသတ်ဖြတ်ခံရမှုတွေထဲက အဆိုးဝါးဆုံးလူသတ်မှုတခုဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ပြောခွင့်ရ Faruk Amed က AFP သတင်းဌာနကို ပြောပါတယ်။ ဒါ့အပြင် ဒီရက်ပိုင်းအတွင်းမှာပဲ အောက်တိုဘာ ၁၈ ရက်နေ့ညကလည်း စခန်းအမှတ်(၁၉) မှာ ရိုဟင်ဂျာဒုက္ခသည်တဦး ဓားနဲ့အသေထိုးသတ်ခံရပြီး အသက်ဆုံးခဲ့ရပါတယ်။ ဒီလို ရိုဟင်ဂျာတွေ ဒုက္ခသည်စခန်းတွေထဲ အကြမ်းဖက် အသတ်ဖြတ်ခံရမှုတွေ ခပ်စိတ်စိတ်များလာနေတဲ့ အခြေအနေအပေါ် ရိုဟင်ဂျာဒုက္ခသည်တွေကြား အသက်အန္တရာယ် စိုးရိမ်မှုတွေနဲ့ စိုးရိမ်ပူပင်မှုတွေ ပိုတိုးလာနေပါတယ်လို့ အမည်မဖော်လိုတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက ဗွီအိုအေမြန်မာပိုင်းက ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည် အီလိယက်စ် Eliyas (ခေါ်) ဦးစောလွင်က ရိုဟင်ဂျာဒုက္ခသည်တွေ လုပ်ကြံသတ်ဖြတ်ခံနေရတဲ့ လက်ရှိလုံခြုံရေး အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေအကြောင်း အခုလိုပြောပြပါတယ်။

“ဒီမှာက Camps In charge ဆိုတဲ့သူတွေကလည်း ကော့ဇ်ဘဇားမှာပဲ သွားနေကြတာ (၄) နာရီ ထိုးတာနဲ့သူတို့က မနေတော့ဘူး။ ရဲတွေကတော့ ဒီမှာနေတယ် နေ့ရောညရော ဒီမှာနေတယ် ဒါပေမဲ့ သူတို့က မနိုင်ဘူး။”

မဆုမွန် ။ ။ အခုလို လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်နေတဲ့အချိန်မှာရော ထပ်ပြီးတော့ လုံခြုံရေးတွေကို ထပ်ပြီးတော့ တိုးချထားတာမျိုး၊ အချင်းချင်းလုံခြုံရေး သတိပေးပြောဆိုတာမျိုးရော ရှိလားရှင့်။

ဦးစောလွင် ။ ။ ပြဿနာဖြစ်ပြီဆိုရင် တနာရီ၊ နှစ်နာရီလောက်မှ ဟိုကိုသွားပြီး သူတို့က စိစစ်တယ်။ ပြီးရင် ဆေးရုံပို့တယ်။ ဒါပဲရှိတယ်။ လုံခြုံရေးက မလုံမလောက် ဖြစ်နေကြတယ်။ အဲဒီတော့ ကျနော်တို့က စိတ်ချလို့မရဘူး ဖြစ်နေတယ်။ သူတို့က လုံလောက်တဲ့ လုံခြုံရေးကို မပေးနိုင်ဘူး။”

မဆုမွန် ။ ။ အဲဒီတော့ ဒီလုပ်ကြံသတ်ဖြတ်ခံရမှုတွေက ဘယ်လိုလူတွေကို ဦးတည်ချက်ထားပြီးတော့ လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်နေတယ်လို့ ယူဆလို့ရလဲရှင့်။

ဦးစောလွင် ။ ။ အဲဒါကတော့ စခန်းထဲမှာ မာဆီတွေ ရှိတယ် (စခန်းတာဝန်ခံတွေပေါ့)။ နောက် ဘင်္ဂလားဒေ့ရှ်အစိုးရကနေ ခိုင်းထားတဲ့ မာဆီတွေပေါ့။ နောက် ဘာသာရေးခေါင်းဆောင်တွေ၊ နောက် ပညာတတ်တွေ၊ ကျောင်းဆရာတွေ ပေါ်လစီ မူပိုင်းဆိုင်ရာ သတ်မှတ်တဲ့သူတွေ သူတို့ကို သတ်ဖြတ်တာတွေ အများကြီးဖြစ်တယ်။

မဆုမွန် ။ ။ အဲ့ဒီလိုတွေ ဖြစ်လာတော့ ဦးစောလွင်တို့အနေနဲ့ ဘယ်လိုမျိုး စိတ်ထဲရှိလဲ နောက်ဘာတွေလုပ်ပေးဖို့ သက်ဆိုင်တဲ့ တာဝန်ရှိတဲ့သူတွေကို ပြောချင်တာရှိလဲရှင့်။

ဦးစောလွင် ။ ။ ကျနော်တို့ ပြောချင်တာကတော့ နိုင်ငံတကာကိုလည်း ပြောချင်ပါတယ်။ UN ကိုလည်း ပြောချင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရကိုလည်း ကျနော်တို့က ဒါတွေကို ပြောချင်ပါတယ် ကျနော်တို့အတွက် လိုချင်တဲ့ လွတ်လပ်မှုတော့လည်း မဟုတ်ဘူး လွတ်လပ်မှုလည်း လုံးဝမရှိဘူး။ လုံခြုံရေးက လုံးဝလုံလောက်မှု မရှိဘူး။ ကျနော်တို့မှာ လွတ်လွတ်လပ်လပ်လည်း သွားလာလို့ မရဘူး။ အဲ့လိုပုံစံ ဖြစ်နေပါတယ်။ လုံခြုံရေးကလည်း စိတ်ချလို့မရဘူး။ ကျနော်တို့မှာ ပြောရရင် အိပ်တဲ့အချိန်မှာလည်း ကောင်းကောင်းမွန်မွန် အိပ်လို့မရဘူး။ သွားတဲ့အချိန်လည်း ကျနော်တို့မှာ ဘယ်လိုမှ စိတ်ချလက်ချ သွားလာလို့မရဘူး အဲ့ဒီလိုဖြစ်နေကြတာပါ။

မဆုမွန် ။ ။ ဟုတ်ပြီ အဲ့ဒီတော့ အခုက ပြန်ဖို့ဆိုပြီး စီစဉ်ပေးနေတာတွေ ပြောဆိုနေတာတွေ ရှိတယ်ပေါ့နော်။ ပြီးတော့ ရိုဟင်ဂျာတွေဘက်က ပြီးခဲ့တဲ့လကဆို အိမ်ပြန်ကြမယ်ဆိုပြီး ဆန္ဒပြတောင်းဆိုတာတွေ ရှိတယ်။ ဒါပေမဲ့ အခုလက်ရှိက ရခိုင်မှာက စစ်ဖြစ်နေတယ် စစ်ဖြစ်တဲ့နေရာတွေမှာလည်း ရိုဟင်ဂျာတွေနေတဲ့နယ်စပ်အထိပါ လက်နက်ကြီးကျည်တွေ ကျတာတွေရှိတယ် ရခိုင်ထဲမှာလည်း ရိုဟင်ဂျာတွေနေတဲ့ရွာတွေမှာလည်း ထိခိုက်ဒဏ်ရာရတာတွေမျိုးတွေ ရှိတော့၊ အိမ်ပြန်ဖို့အတွက်က မသေချာဘူးပေါ့။ အဲ့ဒီတော့ အဲ့ဒီလိုအခြေအနေမျိုးမှာ ရိုဟင်ဂျာဒုက္ခသည်တြေဘက္က ဘယ်လိုမြင်မိတာရှိလဲ။ ဘယ်လိုများ ပြောချင်တာရှိလဲရှင့်။

ဦးစောလွင် ။ ။ ကျနော်တို့အနေနဲ့ ပြောရမယ်ဆိုရင် ကျနော်တို့တွေ ဒီမှာ ဘယ်လိုမှ လုံးဝကို မနေနိုင်ဘူး။ စိတ်ဆန္ဒက အားလုံးအိမ်ကိုပဲ ပြန်ချင်ကြတယ်။ အများစုက အိမ်ကိုပဲ ပြန်ချင်ကြတော့တာပါပဲ။ ဒါပေမဲ့ ဆရာမပြောသလိုပါပဲ ကျနော်တို့က ဘယ်လောက်ပဲ ပြန်ချင်ပြန်ချင်၊ ဘယ်လိုပဲ ပြန်မယ်ဆိုရင်လည်း ရခိုင်မှာ စစ်ဖြစ်နေတော့ ပြန်လို့မရဘူး။ ဒီမှာက အကုန်လုံးက အင်မတန်မှ စိုးရိမ်နေကြတယ်။ စိုးရိမ်နေတာမှ ကိုယ့်အတွက် ပြောပြလို့ရတဲ့သူလည်း မရှိဘူး။ ကိုယ့်အတွက် ပြောပေးမယ့်သူလည်း မရှိဘူး။ ကျနော်တို့အတွက် ပြောနိုင်မယ့်နေရာလည်း မရှိဘူး။ အဲ့ဒီလို ဖြစ်နေကြတယ်။ ဒီမှာက လုံလုံခြုံခြုံ လုံးဝမရှိဘူး။ ကျနော်တို့မှာ စိတ်ချလက်ချလည်း မနေရဘူး။ ကျနော်တို့မှာ ကိုယ့်အသက်အန္တရာယ်ကို ကိုယ်အမြဲတမ်း စိုးရိမ်နေကြရတာပါ။”

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ မြန်မာနိုင်ငံအကြား အရင်က လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်အားလုံးကို မြန်မာနိုင်ငံဘက်က လိုက်နာမယ့်အကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး Dr AK Abdul Momen က အောက်တိုဘာလ၂၀ ရက်နေ့က ပြောဆိုပါတယ်။ ဒါပေမဲ့လဲ ဒီပြောဆိုချက်က မြန်မာနိုင်ငံဘက်က တိုက်ရိုက်ပြောဆိုတာ မဟုတ်ဘဲ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနဲ့ တွေ့ဆုံဆွေး‌နွေးခဲ့ချိန်၊ တရုတ်သံအမတ်ကြီးရဲ့တဆင့် ပြောဆိုချက်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ကိုးကားပြီးတော့ သတင်းထောက်တွေကို ပြန်ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဘက်မှာတော့ ရိုဟင်ဂျာဆိုတဲ့ နာမည်ကို လက်ခံ အသိအမှတ်မပြုပါဘူး။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို တိမ်းရှောင်သွားတဲ့ ဒုက္ခသည်တွေကိုတော့ စီစစ်လက်ခံမယ်ဆိုပြီး ၂၀၁၇ ခုနှစ် နိုဝင်လာလ ၂၃ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့ပါတယ်။ လက်မှတ်ရေးထိုးပြီးကတည်းက သူတို့ရောက်နေတဲ့ ၅ နှစ်နီးပါးအတွင်း၊ နေရပ်ပြန်ပို့ခံရတဲ့ ရိုဟင်ဂျာ တဦးတယောက်မှ မရှိသေးတဲ့အကြောင်းလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းတွေမှာ ဖေါ်ပြပါတယ်။ အခု စိစစ်လက်ခံမယ်ဆိုပြီး မြန်မာနိုင်ငံဘက်က တရုတ်သံအမတ်ကြီးကို ပြောတာကို သတင်းကောင်းတခုအဖြစ် သတ်မှတ်တဲ့အကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dr AK Abdul Momen က ပြောပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံဟာ ကြားဝင်စေ့စပ်သူသာ ဖြစ်ပြီးတော့ တကယ်ဆုံးဖြတ်ချက်ချမယ့်သူဟာ မြန်မာနိုင်ငံ ဖြစ်တယ်ဆိုတာကိုလည်း သူက ဝန်ခံပြောဆိုပါတယ်။ ဒုက္ခသည်ပြဿနာ ဖြေရှင်းနိုင်ရေး တရုတ်နိုင်ငံက ကူညီအောင် ဖိအားဆက်ပေးမယ့်အကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသွားပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်၂၀၁၇ ခုနှစ် သြဂုတ်လကုန်ပိုင်း မြန်မာနိုင်ငံမြောက်ပိုင်း ရခိုင်မှာ ဖြစ်ခဲ့တဲ့ ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ နောက်ပိုင်း၊ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင် ပဋိပက္ခတွေရဲ့ နောက်ပိုင်း၊ စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း အသက်ဘေးက စိုးရိမ်ရလို့ ရိုဟင်ဂျာမွတ်စလင် ၇ သိန်းကျော်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို တိမ်းရှောင်ထွက်ပြေးသွားကြတာပါ။ ရိုဟင်ဂျာတွေ ဘင်္ဂလားဘက် ရောက်ခါစတုန်းကတော့ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဒေသခံ လူမှုအသိုင်းအဝိုင်းက ဆီးကြိုခဲ့ကြပေမယ့်၊ ရိုဟင်ဂျာတွေ နေရပ်ရင်း ပြန်နိုင်ဖို့ ညှိနှိုင်းဆောင်ရွက်နေတဲ့ ၅ နှစ်တာကာလအတွင်း ဒီအခြေအနေတွေ ပြောင်းလဲလာပါတယ်။ ဒေသခံသတင်းမီဒီယာတွေနဲ့ နိုင်ငံရေးသမားတွေဟာ ရိုဟင်ဂျာတွေကို မူးယစ်ဆေးဝါးရောင်းသူတွေ၊ အကြမ်းဖက်သူတွေအဖြစ် ပုံမှန်ဆိုသလို ပုံဖေါ်ပြောဆိုလာသလို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း ရိုဟင်ဂျာဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာနေတယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။

အခုလက်ရှိအချိန်မှာလဲ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်အနီး AA ရခိုင်လက်နက်ကိုင်တပ်နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေအပြင်းအထန် ဖြစ်နေတာကြောင့် ရိုဟင်ဂျာတို့ နေရပ်ပြန်ရေးအစီအစဉ်တွေ အဆင်ပြေ အောင်မြင်နိုင်ဖွယ် မရှိပါဘူး။ ဒါ့အပြင် ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်းမှာကို ရိုဟင်ဂျာတွေအပေါ် လုပ်ကြံသတ်ဖြတ်မှုတွေ တစထက်တစ ပိုတိုးလာတဲ့ အခြေအနေအရ ရိုဟင်ဂျာတွေရဲ့ လုံခြုံရေးကလည်း စိုးရိမ်စရာအလွန်ကောင်းတဲ့ အနေအထား ဖြစ်နေတယ် ဒီလိုရိုဟင်ဂျာတွေရဲ့မြန်မာနိုင်ငံမှာရော ဘင်္ဂလားဒေ့ရှ်မှာပါ ရေရှည်ရပ်တည်နေထိုင်နိုင်ရေးနဲ့ အနာဂတ်မျှော်လင့်ချက် မရေမရာ ဖြစ်လာနေတဲ့အပေါ်၊ ကုလသမဂ္ဂ နိုင်ငံတကာအသိုင်းအဝိုင်းအပါအဝင် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ မြန်မာနိုင်ငံဘက်က တာဝန်ရှိသူတွေကြား အထူးအလေးထား စဉ်းစားဆောင်ရွက်ပေးဖို့ ရိုဟင်ဂျာဒုက္ခသည်တွေဘက်က တောင်းဆိုနေကြကြောင်းပါ။

XS
SM
MD
LG