သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ဒုက္ခသည်စခန်း ရေအခက်ကြုံ


ဘင်္ဂလားဒေ့ရှ်နိုင်ငံ Teknaf ကျွန်းဆွယ်ဒေသမှာရှိတဲ့ Shalbagan ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာ ဒုက္ခသည်များ သောက်ရေခပ်နေစဉ် (မတ်၊ ၀၅၊ ၂၀၁၉)

ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းတွေမှာ ရေရှားပါးတဲ့ပြဿနာ အကြီးအကျယ်ကြုံနေရတာကြောင့် သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ဖြန့်ဝေပေးနေတဲ့ ရေခွဲတမ်းကို လျော့ချထားရတယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီက ပြောပါတယ်။ မကြာခင်မှာ ဒုက္ခသည်စခန်း တွေကို ရေဖြန့်ဝေသွားဖို့ရှိတယ်လို့ ဆိုပါတယ်။ UNHCR ရုံးချုပ်ရှိရာ ဂျနီဗာကနေ Lisa Schlein ပေးပို့တဲ့သတင်းကိုတော့ ကိုဉာဏ်ဝင်းအောင် က ပြောပြမှာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Teknaf ကျွန်းဆွယ်ဒေသရဲ့ အရှေ့တောင်ပိုင်းမှာ နွေရာသီဆိုရင် အပူချိန်က ၄၀ ဒီဂရီ Celsius ထိရှိပါတယ်။ ရေတွေ ခမ်းခြောက်နေတဲ့အတွက် အခုအချိန်က ကောင်းတဲ့ရာသီတော့ မဟုတ်ပါဘူး။ အခါအားလျော်စွာ ရွာတတ်တဲ့ မိုးကလည်း ပြီးခဲ့တဲ့နိုဝင်ဘာက စလို့ ဒီဒေသမှာ တဖြည်းဖြည်း နည်းပါးလာတာမို့ သောက်သုံးရေကို အနည်းငယ်သာ ပေးဝေနိုင်တော့တဲ့ အနေအထားမှာ ရှိပါတယ်။

နောက်ထပ် သီတင်း၂ ပတ်လောက်ကျရင် စခန်းထဲက ရိုဟင်ဂျာဒုက္ခသည် ၁သိန်း ၄သောင်းကျော်အတွက် အကူအညီပေးရေး အေဂျင်စီ တွေက ရေဖြန့်ဝေပေးသွားမယ်လို့ UNHCR ပြောခွင့်ရပုဂ္ဂိုလ် Andrej Mahecic အန်ဒရေ မဟက်ဂျစ်က ပြောပါတယ်။ ရေဖြန့်ဝေရေးအတွက် တလကို ဒေါ်လာ ၆ သောင်းလောက် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ ရေရှားပါးလာတာကြောင့် ဒုက္ခသည်တွေကို ရေရှည်ဖြန့်ဖြူးနိုင်ဖို့ ခွဲတမ်းစနစ်နဲ့ ပေးဝေနေရတယ်လို့ မဟက်ဂျစ်က VOAကို ပြောပါတယ်။

"အခုဆိုရင် လူတယောက်ကို တနေ့-ရေလီတာ ၂၀ လောက်ပေးနေပါတယ်။ ဒါက အရေးပေါ်ကာလမှာ အနိမ့်ဆုံး သတ်မှတ်ချက်ဖြစ်ပါတယ်။ ဒီထက် အခြေနေဆိုးလာရင်တော့ လူတယောက်အတွက် တနေ့ကို ၁၅လီတာအထိ လျော့ချရမှာပါ။ ဒါကလည်း တနေ့တာအတွက် လူတွေ လိုအပ်တဲ့ ရေပမာဏလို့ ယူဆထားလို့ပါ။ ဥပမာ တကိုယ်ရေသန့်ရှင်းရေးအတွက်၊ ချက်ပြုတ်ရေးအတွက် နဲ့ မိလ္လာမှာသုံးဖို့အတွက်ပါ အားလုံးကို ထည့်တွက်ထားပါတယ်။"

Teknaf ကျွန်းဆွယ်ဒေသရဲ့မြောက်ဘက်ပိုင်း အခြေအနေတွေက ကွဲပြားမှုရှိတယ်လို့ မဟက်ဂျစ်က ပြောပါတယ်။ ကော့ဆက်ဘဇားမှာ ရှိတဲ့ ကုတုပလောင်စခန်းမှာနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ၉သိန်းလောက်ရှိပြီး အဝီစိတွင်းတွေကနေ ရေရရှိနေကြတယ်လို့ သူကပြောပါတယ်။

Teknaf တောင်ပိုင်းမှာ လာမယ့်ရက် အနည်းငယ်ဆိုရင် ပူပြင်းတဲ့ နွေရာသီကုန်ဆုံးပြီး မုတ်သုန်ရာသီအစဖြစ်တဲ့ ဂျွန်လနှောင်းပိုင်းကစလို့ မိုးရွာသွန်းလာမယ်လို့ မျှော်လင့်ရပါတယ်။ မိုးမတိုင်ခင် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ခိုင်ခံ့တဲ့ မိုးရေလှောင်ကန်တွေကို UNHCR က တည်ဆောက်နေတယ်လို့ မဟက်ဂျစ်က ပြောပါတယ်။ ဒီလိုရေလှောင်ကန် တည်ဆောက်မှုမှာ ရာနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကလည်း ဝင်ရောက်ကူညီပြီး မုတ်သုန်မိုးကာလအတွင်း လှောင်ထားတဲ့ရေကို တနှစ်ပတ်လုံး သုံးနိုင်အောင်လို့ ရည်ရွယ်တာပါ။

ရေကန်ဆောက်တဲ့ စီမံကိန်းကို WFP ကမ္ဘာ့စားနပ်ရိက္ခာ ထောက်ပံ့ရေးအဖွဲ့နဲ့အတူ လူသားချင်းစာနာရေး အေဂျင်စီ ADRA နဲ့ UNHCR တို့ကပါ ပူးပေါင်းလုပ်ဆောင်နေပြီး လောလောဆယ် အခြေအနေတွေ အကောင်ထည်ပေါ်လာနေပြီလို့ ဆိုပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်စခန်း ရေအခက်ကြုံ
please wait

No media source currently available

0:00 0:02:51 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG