သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အာဂ်င္တီးနားတရား႐ုံးစစ္မယ့္ ႐ိုဟင္ဂ်ာအမႈ ႏိုင္ငံေရးဖိအားဟု စစ္ေကာင္စီရႈျမင္


ရခုိင္ျပည္နယ္တြင္းက ထြက္ေျပးခဲ့ၾကရတဲ့ (၄) ႏွစ္ျပည့္အထိမ္းအမွတ္က်င္းပစဥ္။ (ယခင္ပံုေဟာင္း)

{{Zawgyi/Unicode}}

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ႐ိုဟင္ဂ်ာေတြအေပၚ ျမန္မာစစ္တပ္က လူမ်ိဳးတုံးသတ္ျဖတ္မႈလုပ္ခဲ့တယ္ဆိုတဲ့ စြဲဆိုမႈကို အာဂ်င္တီးနားတရား႐ုံးက လက္ခံလိုက္တဲ့အေပၚမွာ ဒါဟာ ႏိုင္ငံေရးအရဖိအားေပးမႈတခုလိုျမင္တယ္လို႔ ျမန္မာစစ္ေကာင္စီဘက္က တုံ႔ျပန္ပါတယ္။ ႏိုင္ငံျခားဆက္ဆံေရးမွာ မိတ္ဝတ္မပ်က္ေအာင္ ဆက္ဆံသြားမွာျဖစ္ေပမယ့္ ဥပေဒအရ ညီၫြတ္တဲ့လုပ္ရပ္ေတြကိုပဲ ႏိုင္ငံတကာနဲ႔ပူးေပါင္းမွာျဖစ္တယ္လို႔လည္း တုံ႔ျပန္ပါတယ္။ ဒီအေၾကာင္း ေမးျမန္းစုံစမ္းၿပီး ရန္ကုန္က သတင္းေပးပို႔ထားတာကို မဆုမြန္က တင္ျပေပးထားပါတယ္။

၂၀၁၇ ခုႏွစ္က ရခိုင္ျပည္နယ္မွာ စစ္တပ္ရဲ႕နယ္ေျမရွင္းလင္းမႈေတြအတြင္း ဆိုးဝါးတဲ့ လူ႔အခြင့္အေရး က်ဴးလြန္မႈေတြက လူမ်ိဳးတုံး ရွင္းလင္းသတ္ျဖတ္ရာေရာက္တယ္လို႔ ဆိုၿပီး ၿဗိတိန္ႏိုင္ငံအေျခစိုက္ ျမန္မာ႐ိုဟင္ဂ်ာမ်ားအဖြဲ႔ BROUK နဲ႔ က်ဴးလြန္ မႈေတြခံခဲ့ရတယ္ဆိုတဲ့ အမ်ိဳးသမီး ၆ ဦးက ျမန္မာအႀကီးအကဲေတြအေပၚ တရားစြဲခဲ့တာျဖစ္ပါတယ္။ ဒီစြပ္စြဲခ်က္ေတြအေပၚ လက္ရွိ အာဏာသိမ္း စစ္အုပ္ခ်ဳပ္ေရး ေကာင္စီဘက္ကေတာ့ လက္မခံဘဲ ပယ္ခ်လိုက္ၿပီး ဒါဟာ ႏိုင္ငံေရးဖိအားေပးမႈတခုသာ ျဖစ္တယ္လို႔ စစ္အုပ္ခ်ဳပ္ေရးေကာင္စီ ျပန္ၾကားေရး ဒုဝန္ႀကီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက VOA ကို တုံ႔ျပန္ေျပာဆိုသြားပါတယ္။

“တပ္မေတာ္အေနနဲ႔ကေတာ့ အေျခခံဥပေဒအရ ႏိုင္ငံကာကြယ္ေရးနဲ႔ လုံၿခဳံေရးမွာ ျမန္မာႏိုင္ငံအတြက္ တာဝန္အရွိဆုံးအဖြဲ႔အစည္းျဖစ္တယ္။ ႏိုင္ငံေတာ္ ကာကြယ္ေရးနဲ႔ လုံၿခဳံေရးပိုင္း ထမ္းေဆာင္တဲ့ေနရာမွာ ျမန္မာႏိုင္ငံဟာ ၁၉၄၈ ခုႏွစ္ လြတ္လပ္ေရးရၿပီးကတည္းကအတိုင္း ျပည္တြင္းပဋိပကၡ ျဖစ္ပြားေနတဲ့ ႏိုင္ငံျဖစ္တယ္။ က်ေနာ္တို႔အေနနဲ႔ ႏိုင္ငံေတာ္ကာကြယ္ေရးနဲ႔ လုံၿခဳံေရးကို အဓိကထား တာဝန္ ထမ္းေဆာင္ေနရတယ္။ ထမ္းေဆာင္တာမွာလည္း သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းမ်ားနဲ႔အညီ အရင္ကတည္းကလိုပဲ Code of Conduct လို က်င့္ဝတ္ စည္းကမ္းေတြ၊ ထိေတြ႔တိုက္ခိုက္မႈ စည္းမ်ဥ္းေတြေရးၿပီး ေဆာင္႐ြက္လွ်က္ ရွိတယ္။ အဲလိုေဆာင္႐ြက္မႈအေပၚမွာ ယခင္ကလည္း စြပ္စြဲခ်က္မ်ိဳးစုံရွိခဲ့တယ္။ ေနာက္မွာလည္း ဒီလိုစြပ္စြဲခ်က္မ်ိဳးစုံလာဦးမွာပဲ။ က်ေနာ္တို႔ကေတာ့ ဥပေဒနဲ႔ ညီၫႊတ္တဲ့ လုပ္ငန္းမွန္သမွ်ကို ႏိုင္ငံတကာနဲ႔ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိတယ္။ သို႔ေသာ္ ဥပေဒနဲ႔မညီၫႊတ္ဘဲ ႏိုင္ငံေရးအရ ဖိအားေပးတဲ့ပုံနဲ႔ ေဆာင္႐ြက္တာမ်ိဳးကိုေတာ့ က်ေနာ္တို႔ အေနနဲ႔ လက္ခံမွာ မဟုတ္ဘူးလို႔ပဲ ေျပာခ်င္ပါတယ္။”

က်ဴးလြန္မႈတဲ့ အခ်က္အလက္ေတြက ျပင္းထန္ဆိုးဝါးလွတဲ့အတြက္ စုံစမ္းစစ္ ေဆးဖို႔ Buenos Aires ၿမိဳ႕ေတာ္က ရာဇဝတ္မႈဆိုင္ရာ ျပည္ေထာင္စုတရား႐ုံးက ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ေနာက္ဆုံးပတ္က လက္ခံခဲ့တာ ျဖစ္ပါတယ္။ ၿဗိတိန္ႏိုင္ငံအေျခစိုက္ ျမန္မာ႐ိုဟင္ဂ်ာမ်ားအဖြဲ႔ BROUK အဖြဲ႔ကေတာ့ဒီအမႈကို ေရွ႕ႏွစ္ဆန္းပိုင္းမွာ စတင္စစ္ေဆးႏိုင္ဖို႔ ေမွ်ာ္မွန္းထားသလို ျမန္မာစစ္တပ္ဘက္က ပူးေပါင္းေဆာင္ ႐ြက္မႈမရွိခဲ့ရင္ ႏိုင္ငံတကာ Interpol ကေန ဖမ္းဝရမ္းထုတ္ႏိုင္ဖို႔ထိပါ ျပင္ဆင္သြားမယ္လို႔ အဲဒီအဖြဲ႔ ဥကၠ႒ ဦးထြန္းခင္က ဗြီအိုေအကို ေျပာပါတယ္။

“က်ေနာ္တို႔ေတြ႔ရသေလာက္က ဒီလို ရာဇဝတ္မႈက်ဴးလြန္တဲ့ေကာင္ေတြက ဘယ္ေတာ့မွ လုပ္တယ္ဆိုတာလည္းမေျပာဘူး။ ၿပီးေတာ့ ဒီဟာေတြကို ဂ႐ုမစိုက္ တဲ့ပုံစံေတာ့ ျပပါတယ္။ ဒါေပမယ့္ တရားမွ်တမႈရွာတဲ့ေနရာမွာေတာ့ ေနာက္ဆုံးေတာ့ သူတို႔ ဒီတရားခြင္ေပၚမွာေတာ့ ေပၚလာရမွာပဲ၊ ဘယ္လိုပဲျငင္းျငင္း။ အမွန္တရားတခုရဖို႔ က်ေနာ္တို႔ အစြမ္းကုန္ႀကိဳးစားသြားမယ္။ တကယ္လို႔ ရာဇဝတ္မႈ က်ဴးလြန္ထားတဲ့ ဒီစစ္တပ္ကလူေတြ၊ ဗိုလ္ခ်ဳပ္ေတြ မလာဘူးဆိုရင္ က်ေနာ္တို႔က သူတို႔ကို interpol နဲ႔ ဖမ္းဝရမ္းထုတ္ဖို႔ အလားအလာရွိပါတယ္။ ေနာက္ဆုံးမွာေတာ့ အဲလိုအေနအထားအထိ က်ေနာ္တို႔သြားမွာပါ။”

အမႈနဲ႔ပတ္သတ္လို႔ စစ္အုပ္ခ်ဳပ္ေရးေကာင္စီ အေနနဲ႔ ပူးေပါင္းေဆာင္႐ြက္သြားဖို႔ ရွိမရွိ ဗြီအိုေအက ေမးျမန္းတာမွာေတာ့ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အခုလို တုံ႔ျပန္ေျပာဆိုသြားပါတယ္။

“ျမန္မာႏိုင္ငံကို ဖိအားေပးလာတာကေတာ့ ဒီအုပ္စုေတြကေတာ့ အစိုးရ အဆက္ဆက္သာ ေျပာင္းလဲမယ္၊ ဒီဖိအားေတာ့ေျပာင္းလဲတာမရွိပါဘူး။ ဒါေတြနဲ႔ပတ္သတ္လို႔ ႏိုင္ငံတကာဆက္ဆံေရးနဲ႔ပတ္သက္ၿပီး က်ေနာ္တို႔ရဲ႕ႏိုင္ငံျခားေရးမူဝါဒအတိုင္းပဲ လြတ္လပ္တက္ႂကြၿပီး ဘက္မလိုက္တဲ့ ဝါဒက်င့္သုံးမယ္။ ၿငိမ္းခ်မ္းစြာတူယဥ္တြဲေနထိုင္ေရး မူႀကီး ၅ ခ်က္အတိုင္း က်ေနာ္တို႔ေဆာင္႐ြက္မယ္။ ေနာက္ ႏိုင္ငံတကာ မိတ္ဝတ္မပ်က္ဆက္ဆံေရးကို ဦးတည္ေဆာင္႐ြက္မွာျဖစ္ပါ တယ္။ ဒါနဲ႔ပတ္သက္လို႔ ဖိအားဆိုတာကေတာ့ အရင္ကတည္းကအတိုင္း လိုရင္ လိုသလို မလိုရင္မလိုသလို ေပးေနၾကတာပဲ ျဖစ္ပါတယ္။ လြတ္လပ္ေရးနဲ႔ အခ်ဳပ္အျခာခိုင္ၿမဲေရး၊ ျမန္မာျပည္တည္တံ့ ခိုင္ၿမဲေရးကိုပဲဦးစားေပးၿပီး ကာကြယ္ေစာင့္ေရွာက္သြားမွာျဖစ္ပါတယ္။”

ျမန္မာစစ္တပ္ကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကိုလက္မခံသလို ခုလို တရားစြဲတာေတြကို အသိအမွတ္မျပဳဘူးလို႔ ေျပာဆိုထားခဲ့ဖူးပါတယ္။

၂၀၁၇ ခုႏွစ္က ရခိုင္ျပည္နယ္မွာ လူမ်ိဳးေရး ဘာသာေရးအေျခခံတဲ့ ပဋိပကၡေတြ ျဖစ္ခဲ့ၿပီးေနာက္ စစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းမႈေတြအတြင္း ဆိုးဝါးတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြရွိခဲ့တယ္လို႔ ကုလသမဂၢနဲ႔ လူ႔အခြင့္အေရးအဖြဲ႔ေတြက သုံးသပ္ ထားၾကပါတယ္။ အဲဒီနယ္ေျမရွင္းလင္းမႈေတြအတြင္း ႐ိုဟင္ဂ်ာ ၇ သိန္းေလာက္ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ ႏိုင္ငံဘက္ကို ထြက္ေျပးခဲ့ၾကရတာပါ။ ျဖစ္စဥ္အတြင္း ဆိုးဆိုးဝါးဝါး လူ႔အခြင့္ေရးခ်ိဳးေဖာက္ခံရတဲ့အေထာက္အထားေတြ ထြက္ေပၚလာခဲ့ၿပီးေနာက္မွာ ဒီအမႈကို ၂၀၁၉ ခုႏွစ္ကတည္းက အာဂ်င္တီးနားျပည္ေထာင္စုတရား႐ုံးကို တရားစြဲဆိုတင္သြင္းခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===========

{{Unicode}}

အာဂျင်တီးနားတရားရုံးစစ်မယ့် ရိုဟင်ဂျာအမှု နိုင်ငံရေးဖိအားဟု စစ်ကောင်စီရှုမြင်

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှုလုပ်ခဲ့တယ်ဆိုတဲ့ စွဲဆိုမှုကို အာဂျင်တီနားတရားရုံးက လက်ခံလိုက်တဲ့အပေါ်မှာ ဒါဟာ နိုင်ငံရေးအရဖိအားပေးမှုတခုလိုမြင်တယ်လို့ မြန်မာစစ်ကောင်စီဘက်က တုံ့ပြန်ပါတယ်။ နိုင်ငံခြားဆက်ဆံရေးမှာ မိတ်ဝတ်မပျက်အောင် ဆက်ဆံသွားမှာဖြစ်ပေမယ့် ဥပဒေအရ ညီညွတ်တဲ့လုပ်ရပ်တွေကိုပဲ နိုင်ငံတကာနဲ့ပူးပေါင်းမှာဖြစ်တယ်လို့လည်း တုံ့ပြန်ပါတယ်။ ဒီအကြောင်း မေးမြန်းစုံစမ်းပြီး ရန်ကုန်က သတင်းပေးပို့ထားတာကို မဆုမွန်က တင်ပြပေးထားပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ စစ်တပ်ရဲ့နယ်မြေရှင်းလင်းမှုတွေအတွင်း ဆိုးဝါးတဲ့ လူ့အခွင့်အရေး ကျူးလွန်မှုတွေက လူမျိုးတုံး ရှင်းလင်းသတ်ဖြတ်ရာရောက်တယ်လို့ ဆိုပြီး ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများအဖွဲ့ BROUK နဲ့ ကျူးလွန် မှုတွေခံခဲ့ရတယ်ဆိုတဲ့ အမျိုးသမီး ၆ ဦးက မြန်မာအကြီးအကဲတွေအပေါ် တရားစွဲခဲ့တာဖြစ်ပါတယ်။ ဒီစွပ်စွဲချက်တွေအပေါ် လက်ရှိ အာဏာသိမ်း စစ်အုပ်ချုပ်ရေး ကောင်စီဘက်ကတော့ လက်မခံဘဲ ပယ်ချလိုက်ပြီး ဒါဟာ နိုင်ငံရေးဖိအားပေးမှုတခုသာ ဖြစ်တယ်လို့ စစ်အုပ်ချုပ်ရေးကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက VOA ကို တုံ့ပြန်ပြောဆိုသွားပါတယ်။

“တပ်မတော်အနေနဲ့ကတော့ အခြေခံဥပဒေအရ နိုင်ငံကာကွယ်ရေးနဲ့ လုံခြုံရေးမှာ မြန်မာနိုင်ငံအတွက် တာဝန်အရှိဆုံးအဖွဲ့အစည်းဖြစ်တယ်။ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးပိုင်း ထမ်းဆောင်တဲ့နေရာမှာ မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းကအတိုင်း ပြည်တွင်းပဋိပက္ခ ဖြစ်ပွားနေတဲ့ နိုင်ငံဖြစ်တယ်။ ကျနော်တို့အနေနဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကို အဓိကထား တာဝန် ထမ်းဆောင်နေရတယ်။ ထမ်းဆောင်တာမှာလည်း သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနဲ့အညီ အရင်ကတည်းကလိုပဲ Code of Conduct လို ကျင့်ဝတ် စည်းကမ်းတွေ၊ ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းတွေရေးပြီး ဆောင်ရွက်လျှက် ရှိတယ်။ အဲလိုဆောင်ရွက်မှုအပေါ်မှာ ယခင်ကလည်း စွပ်စွဲချက်မျိုးစုံရှိခဲ့တယ်။ နောက်မှာလည်း ဒီလိုစွပ်စွဲချက်မျိုးစုံလာဦးမှာပဲ။ ကျနော်တို့ကတော့ ဥပဒေနဲ့ ညီညွှတ်တဲ့ လုပ်ငန်းမှန်သမျှကို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်။ သို့သော် ဥပဒေနဲ့မညီညွှတ်ဘဲ နိုင်ငံရေးအရ ဖိအားပေးတဲ့ပုံနဲ့ ဆောင်ရွက်တာမျိုးကိုတော့ ကျနော်တို့ အနေနဲ့ လက်ခံမှာ မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။”

ကျူးလွန်မှုတဲ့ အချက်အလက်တွေက ပြင်းထန်ဆိုးဝါးလှတဲ့အတွက် စုံစမ်းစစ် ဆေးဖို့ Buenos Aires မြို့တော်က ရာဇဝတ်မှုဆိုင်ရာ ပြည်ထောင်စုတရားရုံးက ပြီးခဲ့တဲ့ နိုဝင်ဘာ နောက်ဆုံးပတ်က လက်ခံခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများအဖွဲ့ BROUK အဖွဲ့ကတော့ဒီအမှုကို ရှေ့နှစ်ဆန်းပိုင်းမှာ စတင်စစ်ဆေးနိုင်ဖို့ မျှော်မှန်းထားသလို မြန်မာစစ်တပ်ဘက်က ပူးပေါင်းဆောင် ရွက်မှုမရှိခဲ့ရင် နိုင်ငံတကာ Interpol ကနေ ဖမ်းဝရမ်းထုတ်နိုင်ဖို့ထိပါ ပြင်ဆင်သွားမယ်လို့ အဲဒီအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့တွေ့ရသလောက်က ဒီလို ရာဇဝတ်မှုကျူးလွန်တဲ့ကောင်တွေက ဘယ်တော့မှ လုပ်တယ်ဆိုတာလည်းမပြောဘူး။ ပြီးတော့ ဒီဟာတွေကို ဂရုမစိုက် တဲ့ပုံစံတော့ ပြပါတယ်။ ဒါပေမယ့် တရားမျှတမှုရှာတဲ့နေရာမှာတော့ နောက်ဆုံးတော့ သူတို့ ဒီတရားခွင်ပေါ်မှာတော့ ပေါ်လာရမှာပဲ၊ ဘယ်လိုပဲငြင်းငြင်း။ အမှန်တရားတခုရဖို့ ကျနော်တို့ အစွမ်းကုန်ကြိုးစားသွားမယ်။ တကယ်လို့ ရာဇဝတ်မှု ကျူးလွန်ထားတဲ့ ဒီစစ်တပ်ကလူတွေ၊ ဗိုလ်ချုပ်တွေ မလာဘူးဆိုရင် ကျနော်တို့က သူတို့ကို interpol နဲ့ ဖမ်းဝရမ်းထုတ်ဖို့ အလားအလာရှိပါတယ်။ နောက်ဆုံးမှာတော့ အဲလိုအနေအထားအထိ ကျနော်တို့သွားမှာပါ။”

အမှုနဲ့ပတ်သတ်လို့ စစ်အုပ်ချုပ်ရေးကောင်စီ အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိမရှိ ဗွီအိုအေက မေးမြန်းတာမှာတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို တုံ့ပြန်ပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံကို ဖိအားပေးလာတာကတော့ ဒီအုပ်စုတွေကတော့ အစိုးရ အဆက်ဆက်သာ ပြောင်းလဲမယ်၊ ဒီဖိအားတော့ပြောင်းလဲတာမရှိပါဘူး။ ဒါတွေနဲ့ပတ်သတ်လို့ နိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့နိုင်ငံခြားရေးမူဝါဒအတိုင်းပဲ လွတ်လပ်တက်ကြွပြီး ဘက်မလိုက်တဲ့ ဝါဒကျင့်သုံးမယ်။ ငြိမ်းချမ်းစွာတူယဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်အတိုင်း ကျနော်တို့ဆောင်ရွက်မယ်။ နောက် နိုင်ငံတကာ မိတ်ဝတ်မပျက်ဆက်ဆံရေးကို ဦးတည်ဆောင်ရွက်မှာဖြစ်ပါ တယ်။ ဒါနဲ့ပတ်သက်လို့ ဖိအားဆိုတာကတော့ အရင်ကတည်းကအတိုင်း လိုရင် လိုသလို မလိုရင်မလိုသလို ပေးနေကြတာပဲ ဖြစ်ပါတယ်။ လွတ်လပ်ရေးနဲ့ အချုပ်အခြာခိုင်မြဲရေး၊ မြန်မာပြည်တည်တံ့ ခိုင်မြဲရေးကိုပဲဦးစားပေးပြီး ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပါတယ်။”

မြန်မာစစ်တပ်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုလက်မခံသလို ခုလို တရားစွဲတာတွေကို အသိအမှတ်မပြုဘူးလို့ ပြောဆိုထားခဲ့ဖူးပါတယ်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ လူမျိုးရေး ဘာသာရေးအခြေခံတဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့ပြီးနောက် စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့တယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက သုံးသပ် ထားကြပါတယ်။ အဲဒီနယ်မြေရှင်းလင်းမှုတွေအတွင်း ရိုဟင်ဂျာ ၇ သိန်းလောက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရတာပါ။ ဖြစ်စဉ်အတွင်း ဆိုးဆိုးဝါးဝါး လူ့အခွင့်ရေးချိုးဖောက်ခံရတဲ့အထောက်အထားတွေ ထွက်ပေါ်လာခဲ့ပြီးနောက်မှာ ဒီအမှုကို ၂၀၁၉ ခုနှစ်ကတည်းက အာဂျင်တီးနားပြည်ထောင်စုတရားရုံးကို တရားစွဲဆိုတင်သွင်းခဲ့တာဖြစ်ပါတယ်။

#MyanmarMilitary #RohingyaGenocide #Rohingya #VOABurmese

#စစ်ကောင်စီ#အာဂျင်တီးနား#ဗိုလ်ချုပ်ဇော်မင်းထွန်း#မင်းအောင်လှိုင်#ရိုဟင်ဂျာ

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG