သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာေတြအေပၚက်ဴးလြန္မႈ “လူမ်ိဳးသုဥ္းသတ္ျဖတ္မႈ”အျဖစ္ ကန္သတ္မွတ္ခ်က္  ဘဂၤလားေဒ့ရွ္ႀကိဳဆို


USA-BLINKEN/


[[Zawgyi/Unicode]]

႐ိုဟင္ဂ်ာေတြအေပၚ ျမန္မာလုံၿခဳံေရးတပ္ဖြဲ႔ဝင္ေတြရဲ႕ လူ႔အခြင့္အေရးခ်ဳိးေဖါက္မႈေတြကို လူမ်ိဳးသုဥ္းသတ္ျဖတ္မႈ အျဖစ္ အေမရိကန္ျပည္ေထာင္စုက သတ္မွတ္လိုက္တဲ့အေပၚ ေက်းဇူးတင္တဲ့အေၾကာင္းနဲ႔ ဒုကၡသည္ေတြ ေနရပ္ ျပန္ပို႔ေရး အစီအစဥ္တခ်ိဳ႕ စတင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္တဲ့အေၾကာင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရး ဝန္ႀကီး Abdul Momen က မေန႔ ဧၿပီလ ၄ ရက္ေန႔မွာ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး Antony Blinken ကို ေျပာပါတယ္။

ဝါရွင္တန္ ဒီစီ ျမိဳ႕ေတာ္ကို ေရာက္လာတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရး ဝန္ႀကီး Abdul Momen ကို ဝန္ႀကီး Blinken က မေန႔က အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွာ ေတြ႔ဆုံပါတယ္။ ျမန္မာႏိုင္ငံဘက္ကထြက္ေျပးခဲ့တဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ တသန္းေလာက္ကို လက္ခံထားတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ ရက္ေရာမႈနဲ႔ အကူအညီေပးမႈေတြအေပၚ ေက်းဇူးတင္တဲ့အေၾကာင္း ဝန္ႀကီး Blinken က ေျပာဆိုပါတယ္။

ျမန္မာစစ္ေကာင္စီဘက္က ႐ိုဟင္ဂ်ာအဆိုတဲ့အသုံးအႏႈန္းကို လက္မခံေပမယ့္ အရင္အစိုးရနဲ႔ သေဘာတူခဲ့တဲ့ ဒုကၡသည္ ျပန္လည္လက္ခံေရး သေဘာတူညီခ်က္ေတြကို အေကာင္အထည္ေဖၚမယ္လိုေမွ်ာ္လင့္တဲ့အေၾကာင္း မၾကာေသးခင္ လပိုင္းေတြအတြင္းကပဲ ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရး ဝန္ႀကီးက ေျပာဆိုထားပါတယ္။

ဒုကၡသည္ျပန္ပို႔ေရး အစီအစဥ္ေတြအတြက္ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဦးေဆာင္တဲ့ အရပ္သား အစိုးရလက္ထက္ လြန္ခဲ့တဲ့ ၄ ႏွစ္ ေက်ာ္ကတည္းက ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ ၂ ႏွစ္ႏိုင္ငံ သေဘာတူညီခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း ဒုကၡသည္ေတြကိုယ္တိုင္က ျပန္ဖို႔ ျငင္းဆန္တာေၾကာင့္ ၂၀၁၉ ခုႏွစ္မွာ ၂ ႀကိမ္ မေအာင္မျမင္ ျဖစ္ခဲ့တဲ့အေၾကာင္းနဲ႔ ေနာက္ပိုင္းမွာ ျပန္ပို႔ေရးအစီအစဥ္ ရပ္တန႔္ေနတဲ့အေၾကာင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရးဝန္ႀကီး ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလက ေျပာဆိုခဲ့တာကို ဘဂၤလားေဒ့ရွ္ႏိုင္ငံထုတ္ သတင္းေတြမွာ ေဖၚျပခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ရိုဟင်ဂျာတွေအပေါ်ကျူးလွန်မှု “လူမျိုးသုဉ်းသတ်ဖြတ်မှု”အဖြစ် ကန်သတ်မှတ်ချက် ဘင်္ဂလားဒေ့ရှ်ကြိုဆို

ရိုဟင်ဂျာတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို လူမျိုးသုဉ်းသတ်ဖြတ်မှု အဖြစ် အမေရိကန်ပြည်ထောင်စုက သတ်မှတ်လိုက်တဲ့အပေါ် ကျေးဇူးတင်တဲ့အကြောင်းနဲ့ ဒုက္ခသည်တွေ နေရပ် ပြန်ပို့ရေး အစီအစဉ်တချို့ စတင်နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး Abdul Momen က မနေ့ ဧပြီလ ၄ ရက်နေ့မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ကို ပြောပါတယ်။

ဝါရှင်တန် ဒီစီ မြို့တော်ကို ရောက်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး Abdul Momen ကို ဝန်ကြီး Blinken က မနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံပါတယ်။ မြန်မာနိုင်ငံဘက်ကထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် တသန်းလောက်ကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရက်ရောမှုနဲ့ အကူအညီပေးမှုတွေအပေါ် ကျေးဇူးတင်တဲ့အကြောင်း ဝန်ကြီး Blinken က ပြောဆိုပါတယ်။

မြန်မာစစ်ကောင်စီဘက်က ရိုဟင်ဂျာအဆိုတဲ့အသုံးအနှုန်းကို လက်မခံပေမယ့် အရင်အစိုးရနဲ့ သဘောတူခဲ့တဲ့ ဒုက္ခသည် ပြန်လည်လက်ခံရေး သဘောတူညီချက်တွေကို အကောင်အထည်ဖေါ်မယ်လိုမျှော်လင့်တဲ့အကြောင်း မကြာသေးခင် လပိုင်းတွေအတွင်းကပဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုထားပါတယ်။

ဒုက္ခသည်ပြန်ပို့ရေး အစီအစဉ်တွေအတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အရပ်သား အစိုးရလက်ထက် လွန်ခဲ့တဲ့ ၄ နှစ် ကျော်ကတည်းက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နှစ်နိုင်ငံ သဘောတူညီခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဒုက္ခသည်တွေကိုယ်တိုင်က ပြန်ဖို့ ငြင်းဆန်တာကြောင့် ၂၀၁၉ ခုနှစ်မှာ ၂ ကြိမ် မအောင်မမြင် ဖြစ်ခဲ့တဲ့အကြောင်းနဲ့ နောက်ပိုင်းမှာ ပြန်ပို့ရေးအစီအစဉ် ရပ်တန့်နေတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ပြောဆိုခဲ့တာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းတွေမှာ ဖေါ်ပြခဲ့ပါတယ်။
=============

XS
SM
MD
LG