သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာပင္လယ္ျပင္ထဲ ႐ိုဟင္ဂ်ာမ်ားေသဆုံးမႈ ကုလမဟာမင္းႀကီးဝမ္းနည္းေၾကာင္း ထုတ္ျပန္


ေမာင္ေတာနဲ႔စစ္ေတြဘက္က ေလွစီးထြက္ေျပးသူ ႐ိုဟင္ဂ်ာ ၆၀ ေက်ာ္အနက္ ေလွေမွာက္ၿပီး ေသဆံုးသူ ၁ ဒါဇင္ေက်ာ္ရွိခဲ့ၿပီး ကယ္တင္ထားတဲ့ အသက္ရွင္က်န္ရစ္သူမ်ား။ (ေမ ၂၄၊ ၂၀၂၂)

[[Zawgyi/Unicode]]

ကေလးေတြအပါအဝင္ ႐ိုဟင္ဂ်ာတဒါဇင္ေက်ာ္ဟာ ျမန္မာ့ပင္လယ္ျပင္မွာ ေသဆုံးခဲ့ရတဲ့အတြက္ ဝမ္းနည္းတုန္လႈပ္ရပါေၾကာင္း ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံးက သူ႔ရဲ႕သတင္းထုတ္ျပန္ခ်က္မွာ ေျပာလိုက္ပါတယ္။ အနည္းဆုံး လူ ၁၇ ေယာက္ ေသဆုံးမွာ စိုးရိမ္ရတယ္လို႔ ကုလသမဂၢက ေျပာပါတယ္။

ကေလးေတြအပါအဝင္ အေလာင္း ၁၄ ေလာင္း ေသာင္တင္လာခဲ့ၿပီး ေလွပိုင္ရွင္မ်ား အပါအဝင္ လူေပါင္း ၃၅ ေယာက္ကို အသက္ရွင္လ်က္ ကယ္တင္ႏိုင္ခဲ့တယ္လို႔ ပုသိမ္ခ႐ိုင္ ရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ ရွိသူ ဒုရဲမႉးႀကီးထြန္းေ႐ႊက AFP သတင္းဌာနကို ေျပာပါတယ္။ အသက္ရွင္က်န္ခဲ့သူေတြ အေျပာအရ ေလွေပၚမွာ လူ ၆၁ ေယာက္ ပါလာတာ ျဖစ္တာေၾကာင့္ လူ ၁၂ ေယာက္ ေပ်ာက္ဆုံးေနဆဲ ျဖစ္ပါတယ္။ ဘူးသီးေတာင္၊ ေမာင္းေတာနဲ႔ စစ္ေတြက ႐ိုဟင္ဂ်ာေတြကိုတင္လာတဲ့ေလွျဖစ္တယ္လို႔ အမည္မေဖာ္လိုတဲ့ တက္ႂကြလႈပ္ရွားသူတဦးက AFP ကို ေျပာပါတယ္။

ကနဦး သိရတဲ့သတင္းေတြအရ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ကေန ေမလ ၁၉ ရက္ေန႔မွာ ေလွက ထြက္လာခဲ့ၿပီး ပုသိမ္ကမ္းေျခအနီးမွာ ေမလ ၂၁ ရက္ေန႔က ေလွေမွာက္ခဲ့တယ္လို႔ ကုလသမဂၢ ထုတ္ျပန္ခ်က္မွာ ဆိုပါတယ္။

ျမန္မာနဲ႔ ေဒသတြင္းမွာ ေနထိုင္ေနၾကတဲ့ ႐ိုဟင္ဂ်ာေတြခံစားေနရတဲ့ ႀကံမိႀကံရာလုပ္မိၾကတဲ့ ခံစားခ်က္ကို ခု ေနာက္ဆုံးအျဖစ္က ျပေနပါတယ္လို႔ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး အာရွနဲ႔ပစိဖိတ္ေဒသဆိုင္ရာ ၫႊန္ၾကားေရးမႉး Indrika Ratwatte က ဆိုပါတယ္။ “ေနာက္ဆုံး အသက္ပါ ဆုံးပါးရေလာက္ေအာင္ အႏၲရာယ္မ်ားလွတဲ့ခရီးကို ႏွင္ၾကမယ့္ ကေလးေတြ၊ အမ်ိဳးသမီးေတြနဲ႔ အမ်ိဳးသားေတြရဲ႕ အေရအတြက္က တိုးလာတာကို ျမင္ရတာကေတာ့ ထိတ္လန႔္ တုန္လႈပ္စရာပါ” လို႔ မစၥ Indrika က ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

မြန်မာပင်လယ်ပြင်ထဲ ရိုဟင်ဂျာများသေဆုံးမှု ကုလမဟာမင်းကြီးဝမ်းနည်းကြောင်း ထုတ်ပြန်

ကလေးတွေအပါအဝင် ရိုဟင်ဂျာတဒါဇင်ကျော်ဟာ မြန်မာ့ပင်လယ်ပြင်မှာ သေဆုံးခဲ့ရတဲ့အတွက် ဝမ်းနည်းတုန်လှုပ်ရပါကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက သူ့ရဲ့သတင်းထုတ်ပြန်ချက်မှာ ပြောလိုက်ပါတယ်။ အနည်းဆုံး လူ ၁၇ ယောက် သေဆုံးမှာ စိုးရိမ်ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ကလေးတွေအပါအဝင် အလောင်း ၁၄ လောင်း သောင်တင်လာခဲ့ပြီး လှေပိုင်ရှင်များ အပါအဝင် လူပေါင်း ၃၅ ယောက်ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တယ်လို့ ပုသိမ်ခရိုင် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဒုရဲမှူးကြီးထွန်းရွှေက AFP သတင်းဌာနကို ပြောပါတယ်။ အသက်ရှင်ကျန်ခဲ့သူတွေ အပြောအရ လှေပေါ်မှာ လူ ၆၁ ယောက် ပါလာတာ ဖြစ်တာကြောင့် လူ ၁၂ ယောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ဘူးသီးတောင်၊ မောင်းတောနဲ့ စစ်တွေက ရိုဟင်ဂျာတွေကိုတင်လာတဲ့လှေဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ တက်ကြွလှုပ်ရှားသူတဦးက AFP ကို ပြောပါတယ်။

ကနဦး သိရတဲ့သတင်းတွေအရ ရခိုင်ပြည်နယ် စစ်တွေမြို့ကနေ မေလ ၁၉ ရက်နေ့မှာ လှေက ထွက်လာခဲ့ပြီး ပုသိမ်ကမ်းခြေအနီးမှာ မေလ ၂၁ ရက်နေ့က လှေမှောက်ခဲ့တယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။

မြန်မာနဲ့ ဒေသတွင်းမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေခံစားနေရတဲ့ ကြံမိကြံရာလုပ်မိကြတဲ့ ခံစားချက်ကို ခု နောက်ဆုံးအဖြစ်က ပြနေပါတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Indrika Ratwatte က ဆိုပါတယ်။ “နောက်ဆုံး အသက်ပါ ဆုံးပါးရလောက်အောင် အန္တရာယ်များလှတဲ့ခရီးကို နှင်ကြမယ့် ကလေးတွေ၊ အမျိုးသမီးတွေနဲ့ အမျိုးသားတွေရဲ့ အရေအတွက်က တိုးလာတာကို မြင်ရတာကတော့ ထိတ်လန့် တုန်လှုပ်စရာပါ” လို့ မစ္စ Indrika က ဆိုပါတယ်။

============

XS
SM
MD
LG