သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေး ရိုဟင်ဂျာ နောက်တသုတ် ရခိုင်က ထွက်ခွါ

၂၀၁၈၊ ဧပြီလ ၃ ရက်နေ့က မလေးရှားကိုရောက်လာတဲ့ လှေစီးပြေး ရိုဟင်ဂျာများ။
၂၀၁၈၊ ဧပြီလ ၃ ရက်နေ့က မလေးရှားကိုရောက်လာတဲ့ လှေစီးပြေး ရိုဟင်ဂျာများ။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရိုဟင်ဂျာ ၇၀ လိုက်ပါလာတဲ့လှေတစီး မြန်မာနိုင်ငံကနေ ထွက်ခွာသွားကြောင်းအမည်မဖော်လိုတဲ့ သတင်းရင်းမြစ်နှစ်ခုနဲ့ လူ့အခွင့်အရေးအဖွဲ့တခုက ပြောပါတယ်။ အခု လှေဟာ ပင်လယ်ပြင်မှာ အသက်အန္တရာယ်ရှိနိုင်တဲ့ မုန်တိုင်းတွေတိုက်ခတ်လေ့ရှိတဲ့ မုတ်သုန်ရာသီ မတိုင်ခင်မှာ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးခဲ့တဲ့ တလအတွင်း ဒုတိယမြောက် လှေဖြစ်ပါတယ်။

ဧပြီလ ၁၂ ရက်နေ့က စတင်ထွက်ခွာလာခဲ့တဲ့ အဲဒီလှေဟာ ဘေးအန္တရာယ်တစုံတရာမရှိဘဲ နောက်သီတင်းပတ်မှာ မလေးရှား ရေပိုင်နက် ဒါမှမဟုတ် ထိုင်းနိုင်ငံရဲ့ကမ်းကို ကပ်နိုင်တယ်လို့ Fortify Rights အဖွဲ့ ပူးတွဲတည်ထောင်သူ Matthew Smith က ပြောပါတယ်။ ဒါဟာ အလွန့်ကို အန္တရာယ်ကြီးတဲ့ ခရီးဖြစ်ကြောင်းနဲ့ လိုက်ပါလာသူတွေဟာ စားနပ်ရိက္ခာ၊ ရေမလုံလောက်တာနဲ့ ခြေညောင်း လက်ဆန့် နေစရာမရှိဘဲ နေကြရတာအပြင် လှေတိမ်းမှောက် သွားနိုင်တဲ့အန္တရာယ်လည်းရှိတဲ့အကြောင်း Smith က ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ လှေဟာ စစ်တွေကနေ ကြာသပတေးနေ့အစောပိုင်းက ထွက်လာပြီး အာဏာပိုင်တွေ တားဆီးမှုကို ခံခဲ့ရသေးကြောင်း အမည်မဖော်လိုတဲ့ သတင်းရင်းမြစ် နှစ်ခုက ဆိုပါတယ်။

ပြီးခဲ့တဲ့ လကလည်း အနည်းဆုံး ရိုဟင်ဂျာမွတ်ဆလင် ၅ ဦးကို ဆူမာတြာကျွန်းမှာ ကယ်တင်ခဲ့ရ ကြောင်းနဲ့ ၅ ဦးထက် မနည်း ပင်လယ်ပြင်မှာ သေဆုံးခဲ့ကြောင်း အင်ဒိုနီးရှား တံငါသည်တွေက သတင်းဌာနတွေကို ပြောပါတယ်။

လှေစီးပြေး ရိုဟင်ဂျာနောက်တသုတ် ရခိုင်က ထွက်ခွါ
please wait

No media source currently available

0:00 0:01:08 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG