သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မီဒီယာလြတ္လပ္ခြင့္အဆိုးဆုံး ငါးႏိုင္ငံထဲ ျမန္မာပါဝင္လာ 


RSF's Press Freedom Index to Myanmar (RSF)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံရဲ႕ မီဒီယာလြတ္လပ္ခြင့္ဟာ ကမၻာမွာ အဆိုးဝါးဆုံး ၅ ႏိုင္ငံထဲကို ထိုးက်သြားတယ္လို႔ နယ္စည္းမျခား သတင္းသမားမ်ားအဖြဲ႔ (RSF) ရဲ႕ ႏွစ္စဥ္ ထုတ္ျပန္ေနက် သတင္းလြတ္လပ္ခြင့္ ၂၀၂၂ အစီအရင္ခံစာ မွာ ေျပာထားပါတယ္။ ျမန္မာႏိုင္ငံရဲ႕ သတင္းလြတ္လပ္ခြင့္အဆင့္ဟာ ၁၄၀ ကေန ၁၇၆ ကို က်ဆင္းသြားတာပါ။ ျမန္မာႏိုငံရဲ႕ ေအာက္မွာ ေျမာက္ကိုရီးယား (အဆင့္ ၁၈၀)၊ အီရီထရီးယား (၁၇၉)၊ အီရန္ (၁၇၈) နဲ႔ တပ္ခ္မင္နစၥတန္ (၁၇၇) ၄ ႏိုင္ငံပဲ ရွိပါေတာ့တယ္။

တိုင္းျပည္ ၁၈၀ ကို တိုင္းတာခဲ့တဲ့ အေသးစိတ္အၫႊန္းကိန္းမွာေတာ့ ျမန္မာရဲ႕ လုံၿခဳံေရးနယ္ပယ္ဟာ ကမာၻမွာ အဆိုးဝါးဆုံးအဆင့္ ၁၈၀ မွာ ရွိပါတယ္။ တရားဥပေဒ ျပဌာန္းမႈနယ္ပယ္မွာ ၁၇၈၊ လူမႈနယ္ပယ္မွာ ၁၇၄၊ စီးပြါးေရးနယ္ပယ္မွာ ၁၅၅ နဲ႔ ႏိုင္ငံေရးနယ္ပယ္မွာ ၁၄၉ ရွိပါတယ္။

စစ္အာဏာ သိမ္းၿပီးကတည္းကဆိုရင္ သတင္းစာဆရာ ၁၄၃ ေယာက္ကို ဖမ္းဆီးခဲ့ၿပီး ၅၈ ဦးက ဆက္လက္ အက်ဥ္းက်ခံေနရဆဲ၊ ၃ ဦး ေသဆုံးခဲ့ပါတယ္။ သတင္းစာဆရာေတြကို အက်ဥ္းခ်ထားရာမွာ တ႐ုတ္ၿပီးရင္ ျမန္မာႏိုင္ငံက အဆိုးဝါးဆုံးႏိုင္ငံအျဖစ္ ဒုတိယ စြဲပါတယ္လို႔ RSF က ေျပာပါတယ္။

အာဏာပိုင္ေတြဟာ သတင္းသမားေတြကို ဖမ္းဆီးၿပီးတဲ့ေနာက္ စနစ္တက် ညႇဥ္ပန္းႏွိပ္စက္ ခဲ့ၿပီး ေသသြားခဲ့သူ ၃ ေယာက္အနက္ ၂ ေယာက္ဟာ အညႇဥ္ပန္း အႏွိပ္စက္ခံရာက ေသဆုံးသြားတာျဖစ္တယ္လို႔ အစီရင္ခံစာ မွာ ေျပာထားပါတယ္။

ကမာၻတဝွမ္းမွာေတာ့ အာဏာရွင္စနစ္ေအာက္က မီဒီယာေတြဟာ သတင္းအခ်က္အလက္ အမွားေတြ၊ အစြန္းေရာက္ ေဖာ္ျပမႈေတြနဲ႔ ဝါဒျဖန႔္ခ်ိေရးသတင္းေတြက မ်ားေနတယ္လို႔ RSF က ေျပာပါတယ္။ အခ်က္အလက္ ထက္ သေဘာထား အျမင္သန္တဲ့ မီဒီယာေတြကမ်ားလာၿပီး တိုင္းျပည္ေတာ္ေတာ္မ်ားမ်ားမွာ စိတ္ဝမ္းကြဲျပားလာၾကတယ္လို႔ အစီရင္ခံစာက ဆိုပါတယ္။ လူမႈ မီဒီယာေတြမွာ သတင္းအမွားေတြက ပိုတြင္က်ယ္လာတာကိုလည္း ေထာက္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============

[[Unicode]]


မီဒီယာလွတ်လပ်ခွင့်အဆိုးဆုံး ငါးနိုင်ငံထဲ မြန်မာပါဝင်လာ

မြန်မာနိုင်ငံရဲ့ မီဒီယာလွတ်လပ်ခွင့်ဟာ ကမ္ဘာမှာ အဆိုးဝါးဆုံး ၅ နိုင်ငံထဲကို ထိုးကျသွားတယ်လို့ နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ရဲ့ နှစ်စဉ် ထုတ်ပြန်နေကျ သတင်းလွတ်လပ်ခွင့် ၂၀၂၂ အစီအရင်ခံစာ မှာ ပြောထားပါတယ်။ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အဆင့်ဟာ ၁၄၀ ကနေ ၁၇၆ ကို ကျဆင်းသွားတာပါ။ မြန်မာနိုငံရဲ့ အောက်မှာ မြောက်ကိုရီးယား (အဆင့် ၁၈၀)၊ အီရီထရီးယား (၁၇၉)၊ အီရန် (၁၇၈) နဲ့ တပ်ခ်မင်နစ္စတန် (၁၇၇) ၄ နိုင်ငံပဲ ရှိပါတော့တယ်။

တိုင်းပြည် ၁၈၀ ကို တိုင်းတာခဲ့တဲ့ အသေးစိတ်အညွှန်းကိန်းမှာတော့ မြန်မာရဲ့ လုံခြုံရေးနယ်ပယ်ဟာ ကမ္ဘာမှာ အဆိုးဝါးဆုံးအဆင့် ၁၈၀ မှာ ရှိပါတယ်။ တရားဥပဒေ ပြဌာန်းမှုနယ်ပယ်မှာ ၁၇၈၊ လူမှုနယ်ပယ်မှာ ၁၇၄၊ စီးပွါးရေးနယ်ပယ်မှာ ၁၅၅ နဲ့ နိုင်ငံရေးနယ်ပယ်မှာ ၁၄၉ ရှိပါတယ်။

စစ်အာဏာ သိမ်းပြီးကတည်းကဆိုရင် သတင်းစာဆရာ ၁၄၃ ယောက်ကို ဖမ်းဆီးခဲ့ပြီး ၅၈ ဦးက ဆက်လက် အကျဉ်းကျခံနေရဆဲ၊ ၃ ဦး သေဆုံးခဲ့ပါတယ်။ သတင်းစာဆရာတွေကို အကျဉ်းချထားရာမှာ တရုတ်ပြီးရင် မြန်မာနိုင်ငံက အဆိုးဝါးဆုံးနိုင်ငံအဖြစ် ဒုတိယ စွဲပါတယ်လို့ RSF က ပြောပါတယ်။

အာဏာပိုင်တွေဟာ သတင်းသမားတွေကို ဖမ်းဆီးပြီးတဲ့နောက် စနစ်တကျ ညှဉ်ပန်းနှိပ်စက် ခဲ့ပြီး သေသွားခဲ့သူ ၃ ယောက်အနက် ၂ ယောက်ဟာ အညှဉ်ပန်း အနှိပ်စက်ခံရာက သေဆုံးသွားတာဖြစ်တယ်လို့ အစီရင်ခံစာ မှာ ပြောထားပါတယ်။

ကမ္ဘာတဝှမ်းမှာတော့ အာဏာရှင်စနစ်အောက်က မီဒီယာတွေဟာ သတင်းအချက်အလက် အမှားတွေ၊ အစွန်းရောက် ဖော်ပြမှုတွေနဲ့ ဝါဒဖြန့်ချိရေးသတင်းတွေက များနေတယ်လို့ RSF က ပြောပါတယ်။ အချက်အလက် ထက် သဘောထား အမြင်သန်တဲ့ မီဒီယာတွေကများလာပြီး တိုင်းပြည်တော်တော်များများမှာ စိတ်ဝမ်းကွဲပြားလာကြတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ လူမှု မီဒီယာတွေမှာ သတင်းအမှားတွေက ပိုတွင်ကျယ်လာတာကိုလည်း ထောက်ပြထားပါတယ်။

==============

XS
SM
MD
LG