သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသူဌေးကြီးသေဆုံးမှု ဗြိတိန်ရဲစုံစမ်း


ကွယ်လွန်သွားတဲ့ ရုရှားသူဌေးကြီး Boris Berezovsky (မတ်လ ၆ ရက်၊ ၁၉၉၉)။
ကွယ်လွန်သွားတဲ့ ရုရှားသူဌေးကြီး Boris Berezovsky (မတ်လ ၆ ရက်၊ ၁၉၉၉)။
ဗြိတိန်နိုင်ငံမှာ စနေနေ့ကသေဆုံးသွားတဲ့ ပြည်ပအခြေစိုက် ရုရှားသူဌေးကြီးလည်းဖြစ်၊ ရုရှားအစိုးရကို ဝေဖန်ပြောဆိုနေသူလည်းဖြစ်တဲ့ Boris Berezovsky သေဆုံးသွားတဲ့ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဗြိတိသျှရဲတပ်ဖွဲ့က ပြောလိုက်ပါတယ်။

လန်ဒန်မြို့ရဲ့ အနောက်ဘက် လန်ဒန်နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ Ascot မြို့က အိမ်တအိမ်မှာ အသက် ၆၇ နှစ်အရွယ် မစ္စတာ Berezovsky သေဆုံးနေတာ တွေ့ရတာဖြစ်ပါတယ်။

သူ သေဆုံးသွားပုံက အကြောင်းပြချက်ရှာမတွေ့ဘူးလို့ ရဲကပြောပြီးတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။ မစ္စတာ Berezovsky ဟာ ရုရှားသမ္မတ Vladimir Putin နဲ့ မပြေမလည်ဖြစ်ပြီး ၂၀၀၀ ခုနှစ်ကတည်းက ဗြိတိန်နိုင်ငံမှာ အခြေချနေထိုင်နေတာ ဖြစ်ပါတယ်။

သူဟာ မသမာမှုတွေ ကျူးလွန်ထားတယ်လို့ ပြောပြီးတော့ သူ့ကို နိုင်ငံကိုပြန်ပို့ဖို့ ရုရှားက တောင်းဆို ထားပေမဲ့ ဗြိတိသျှအစိုးရက ဒါကို ငြင်းဆိုပြီး သူ့ကို နိုင်ငံရေးခိုလုံခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG