Zawgyi
႐ုရွားေက်ာက္မီးေသြးမိုင္း မေတာ္တဆမႈ လူေပါင္း ၅၀ ေက်ာ္ ေသဆံုး
႐ုရွားႏိုင္ငံ ဆိုက္ေဗးရီးယား ေဒသက ေက်ာက္မီးေသြး တူးေဖာ္ေရး လုပ္ငန္းမွာ ဓာတ္ေငြ႕ယိုစိမ့္ရာက မေတာ္တဆမႈေၾကာင့္ အလုပ္သမားေတြနဲ႔ အေရးေပၚ ကယ္ဆယ္ေရး ၀န္ထမ္း ၅၂ ေယာက္ ေသဆုံးခဲ့ေၾကာင္း ႐ုရွားသတင္းဌာနေတြက ေဖာ္ျပၾကပါတယ္။ ဆိုဗီယက္ယူနီယံေခတ္ကစလို႔ အဆိုးဆုံး ၾကံဳခဲ့ရတဲ့ မေတာ္တဆမႈမွာ ပိတ္မိေနတဲ့ ေက်ာက္မီးေသြး လုပ္သားေတြကို ကယ္ဆယ္ဖို႔ ႀကိဳးစားခဲ့ၾကတဲ့ အေရးေပၚ ကယ္ဆယ္ေရး ၆ ဦးလည္း ေသဆုံးခဲ့တာပါ။
“အႏၲရာယ္ရွိတဲ့ လုပ္ငန္းခြင္ေတြမွာ ေဘးကင္းလုံျခံဳေရး စည္းကမ္းေတြ ခ်ဳိးေဖာက္မႈအတြက္ ရာဇ၀တ္ေၾကာင္းနဲ႔ စုံစမ္းစစ္ေဆးမႈေတြ စတင္ေနပါၿပီ။”
လို႔ အခင္းျဖစ္ရာ Kemerovo ေဒသက စုံစမ္းစစ္ေဆးေရး ေကာ္မတီ တာ၀န္ရွိသူ Nadezhda Ananyeva ေျပာသြားတာပါ။ မေတာ္တဆမႈ ျဖစ္ခဲ့တဲ့ ေက်ာက္မီးေသြးတြင္းလုပ္ငန္းက ၫႊန္ၾကားေရးမွဴးနဲ႔ လက္ေထာက္ အရာရွိတို႔ အပါအ၀င္ တာ၀န္ရွိသူ ၃ ေယာက္ကို ဖမ္းဆီးထားေၾကာင္းလည္း ေျပာပါတယ္။ စုံစမ္းစစ္ေဆးသူေတြကေတာ့ တြင္းထဲက ေလ၀င္ေလထြက္ေပါက္ေတြမွာ ဓာတ္ေငြ႕ ယိုစိမ့္ရာက ေက်ာက္မီးေသြး လုပ္သားေတြ အသက္႐ႈမြန္းၾကပ္ခဲ့ၾကၿပီး၊ မီသိန္းဓာတ္ေငြ႕ ေပါက္ကဲြမႈ ျဖစ္ခဲ့တယ္လို႔ ယူဆထားေၾကာင္းလည္း ေျပာပါတယ္။ ေသဆုံးသူေတြထဲမွာေတာ့ အေစာပိုင္း အေလာင္းေတြ ရွာေဖြ ေတြ႕ရွိထားတဲ့ လုပ္သား ၁၁ ေယာက္အျပင္၊ ေပ်ာက္ဆုံးေနသူ ၃၅ ေယာက္နဲ႔ အေရးေပၚ ကယ္ဆယ္ေရး၀န္ထမ္း ၆ ဦး ပါ၀င္ပါတယ္။ မီးခိုးေငြ႕ ႐ႈ႐ႈိက္မိသူ တခ်ဳိ႕အပါအ၀င္ ဒါဇင္နဲ႔ခ်ီတဲ့ လူေတြကိုလည္း ေဆး႐ုံတင္ ကုသေပးထားရၿပီး၊ ၄ ေယာက္ကေတာ့ စိုးရိမ္ရေၾကာင္း တာ၀န္ရွိသူေတြက ေျပာပါတယ္။ သမၼတ Vladimir Putin ကေတာ့ မေတာ္တဆမႈန႔ ပတ္သက္ၿပီး ေဒသခံအုပ္ခ်ဳပ္ေရးမွဴး၊ အေရးေပၚလုပ္ငန္း တာ၀န္ရွိသူေတြနဲ႔ ဆက္သြယ္ စကားေျပာခဲ့ၿပီး လိုအပ္တဲ့ အကူအညီေပးဖို႔ အေရးေပၚလုပ္ငန္းဆိုင္ရာ ၀န္ႀကီးကိုလည္း ေစလႊတ္ဖို႔ ၫႊန္ၾကားထားေၾကာင္း ေျပာပါတယ္။
###
Unicode
ရုရှားကျောက်မီးသွေးမိုင်း မတော်တဆမှု လူပေါင်း ၅၀ ကျော် သေဆုံး
ရုရှားနိုင်ငံ ဆိုက်ဗေးရီးယား ဒေသက ကျောက်မီးသွေး တူးဖော်ရေး လုပ်ငန်းမှာ ဓာတ်ငွေ့ယိုစိမ့်ရာက မတော်တဆမှုကြောင့် အလုပ်သမားတွေနဲ့ အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်း ၅၂ ယောက် သေဆုံးခဲ့ကြောင်း ရုရှားသတင်းဌာနတွေက ဖော်ပြကြပါတယ်။ ဆိုဗီယက်ယူနီယံခေတ်ကစလို့ အဆိုးဆုံး ကြုံခဲ့ရတဲ့ မတော်တဆမှုမှာ ပိတ်မိနေတဲ့ ကျောက်မီးသွေး လုပ်သားတွေကို ကယ်ဆယ်ဖို့ ကြိုးစားခဲ့ကြတဲ့ အရေးပေါ် ကယ်ဆယ်ရေး ၆ ဦးလည်း သေဆုံးခဲ့တာပါ။
“အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ ဘေးကင်းလုံခြုံရေး စည်းကမ်းတွေ ချိုးဖောက်မှုအတွက် ရာဇဝတ်ကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါပြီ။”
လို့ အခင်းဖြစ်ရာ Kemerovo ဒေသက စုံစမ်းစစ်ဆေးရေး ကော်မတီ တာဝန်ရှိသူ Nadezhda Ananyeva ပြောသွားတာပါ။ မတော်တဆမှု ဖြစ်ခဲ့တဲ့ ကျောက်မီးသွေးတွင်းလုပ်ငန်းက ညွှန်ကြားရေးမှူးနဲ့ လက်ထောက် အရာရှိတို့ အပါအဝင် တာဝန်ရှိသူ ၃ ယောက်ကို ဖမ်းဆီးထားကြောင်းလည်း ပြောပါတယ်။ စုံစမ်းစစ်ဆေးသူတွေကတော့ တွင်းထဲက လေဝင်လေထွက်ပေါက်တွေမှာ ဓာတ်ငွေ့ ယိုစိမ့်ရာက ကျောက်မီးသွေး လုပ်သားတွေ အသက်ရှုမွန်းကြပ်ခဲ့ကြပြီး၊ မီသိန်းဓာတ်ငွေ့ ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ယူဆထားကြောင်းလည်း ပြောပါတယ်။ သေဆုံးသူတွေထဲမှာတော့ အစောပိုင်း အလောင်းတွေ ရှာဖွေ တွေ့ရှိထားတဲ့ လုပ်သား ၁၁ ယောက်အပြင်၊ ပျောက်ဆုံးနေသူ ၃၅ ယောက်နဲ့ အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်း ၆ ဦး ပါဝင်ပါတယ်။ မီးခိုးငွေ့ ရှုရှိုက်မိသူ တချို့အပါအဝင် ဒါဇင်နဲ့ချီတဲ့ လူတွေကိုလည်း ဆေးရုံတင် ကုသပေးထားရပြီး၊ ၄ ယောက်ကတော့ စိုးရိမ်ရကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ သမ္မတ Vladimir Putin ကတော့ မတော်တဆမှုန့ ပတ်သက်ပြီး ဒေသခံအုပ်ချုပ်ရေးမှူး၊ အရေးပေါ်လုပ်ငန်း တာဝန်ရှိသူတွေနဲ့ ဆက်သွယ် စကားပြောခဲ့ပြီး လိုအပ်တဲ့ အကူအညီပေးဖို့ အရေးပေါ်လုပ်ငန်းဆိုင်ရာ ဝန်ကြီးကိုလည်း စေလွှတ်ဖို့ ညွှန်ကြားထားကြောင်း ပြောပါတယ်။