သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာ့ကာဗြန္ေတြ စုပ္ယူေပးတဲ့ ဆိုက္ေဘးရီးယား ႏြံေတာႀကီး


႐ုရွားႏုိင္ငံ ဆုိင္ေဘးရီးယားက Krasnoyarsk ေဒသမွာ ေတာမီးေလာင္ေနတဲ့ျမင္ကြင္း။ (ဇူလုိင္ ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

႐ုရွားႏုိင္ငံမွာရွိတဲ့ Great Vasyugan ရႊံ႕ႏြံေတာႀကီးဟာ ဆြစ္ဇာလန္ႏုိင္ငံထက္ အရြယ္အစား ပိုႀကီးပါတယ္။ ကမၻာ့ေလထုထဲက ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဓာတ္ေငြ႔ေတြ မွ်မွ်တတျဖစ္ေအာင္ ထိန္းညႇိေပးတဲ့ေနရာမွာ သစ္ေတာႀကီးေတြလိုပဲ ႏြံေတာေတြရဲ႕ အခန္းက႑က သိပ္ကို အေရးပါလွပါတယ္။ ခုေတာ့ ေတာမီးေတြ ပိုၿပီး ေလာင္ကၽြမ္းလာတာေၾကာင့္ေရာ လူ႔လုပ္ရပ္ေၾကာင့္ ကမာၻႀကီး ပိုၿပီးပူေႏြးလာတဲ့ အျခားအခ်က္ေတြေၾကာင့္ပါ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ဓာတ္ေငြ႔ေတြ သိုေလွာင္ေပးထားတဲ့ ႏြံေတာေတြ ပ်က္စီးမယ့္ အေနအထားနဲ႔ ရင္ဆိုင္ေနရပါၿပီ။ ေအပီသတင္းကို အေျခခံၿပီး နန္းေလာင္ဝ္ တင္ျပထားပါတယ္။

ကမၻာ့ေျမာက္ျခမ္းေဒသမွာ အရြယ္အစား အႀကီးဆုံးျဖစ္တဲ့ The Great Vasyugan ႏြံေတာႀကီးဟာ မုိင္ေပါင္း ၃၂,၉၃၂ မိုင္ ပတ္လည္အက်ယ္ရွိၿပီး ဆြစ္ဇာလန္ႏုိင္ငံထက္ေတာင္ ပုိႀကီးပါတယ္။ Siberia ေဒသ အေနာက္ပိုင္းနယ္ေျမ ၄၀ ရာခုိင္ႏႈန္းေလာက္ကို ေနရာယူထားတဲ့ ဒီလို ႏြံေတာႀကီးမ်ိဳး ကမၻာ့ဘယ္ေနရာမွာမွ မေတြ႔ျမင္ႏုိင္ပါဘူး။ ဥတုရာသီေျပာင္းလဲမႈ ျပင္းထန္လာတ့ဲ ခုလိုကာလႀကီးမွာ ႏြံေတာေတြရဲ႕ အခန္းက႑၊ ထိန္းသိမ္းေစာင့္ေရွာက္ေရးနဲ႔ ေလ့လာေရးလုပ္ငန္းေတြ သိပ္ကို အေရးႀကီးလာၿပီလို႔ သိပၸံပညာရွင္ေတြက ယုံၾကည္ထားၾကပါတယ္။

ကမၻာ့ အပူအေအး မွ်တေအာင္ ထိန္းညႇိေပးႏုိင္ဖို႔ သစ္ေတာႀကီးေတြလိုပဲ ႏြံေတာေတြလည္း အလြန္႔ကို အေရးပါပါတယ္။ ကမၻာကို ပိုၿပီးပူေႏြးလာေစတဲ့ ေလထုထဲက ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ဓာတ္ေငြ႔ေတြကို ႏြံေတာေတြက စုပ္ယူေပးေနပါတယ္။ ေျမေဆြးေတြ၊ သစ္ရြက္ေဆြးေတြ အျဖစ္နဲ႔လည္း အဲဒီ ကာဗြန္ဒိုင္ေအာက္ဆုိဒ္ ဓာတ္ေငြ႔ေတြကို ႏွစ္ေပါင္း ေထာင္နဲ႔ခ်ီ သိုေလွာင္ေပးထားၾကပါတယ္။ Tomsk ျပည္နယ္တကၠသိုလ္ ထိပ္တန္း ဇီဝေဗဒပညာရွင္ Sergey Kirpotin ကေတာ့ Great Vasyugan ႏြံေတာႀကီးကို ကာဗြန္သိုေလွာင္ေပးတဲ့ စက္႐ုံႀကီး၊ ကမၻာ့ေရခဲေသတၱာႀကီးလို႔ တင္စားေခၚေဝၚပါတယ္။

“ကမၻာ့ေျမမ်က္ႏွာျပင္ကို ၃ ရာခုိင္ႏႈန္းေလာက္ကို ဖုံးလႊမ္းထားတဲ့ Peatlands လို႔လည္းေခၚတဲ့ စိမ့္ေျမေတာေတြ၊ ႏြံေတာေတြဟာ ကမၻာတဝန္း သစ္ေတာေတြက စုပ္ယူထားတဲ့ ကာဗြန္ဒိုင္ေအာက္ဆုိဒ္ ဓာတ္ေငြ႔ပမာဏရဲ႕ ႏွစ္ဆေလာက္ကို စုပ္ယူေပးထားပါတယ္။ သူတို႔ စုပ္ယူသိုေလွာင္ေပးထားတဲ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဓာတ္ေငြ႔က ေျမႀကီးေတြထဲမွာ ရွိေနတဲ့ ကာဗြန္ဒိုင္ေအာက္ဆုိဒ္ ဓာတ္ေငြ႔ပမာဏ စုစုေပါင္းရဲ ႔ ၃၀ ရာခုိင္ႏႈန္းေလာက္ ရွိပါတယ္။”

အပူခ်ိန္တိုးလာၿပီး ေတာမီးေတြ ပိုေလာင္ကၽြမ္းလာတာေၾကာင့္ သစ္ေတာေတြရဲ႕ သိုေလွာင္ႏုိင္မႈ အားနည္းလာတဲ့အတြက္ ႏြံေတာေတြရဲ႕ အခန္းက႑က ပိုၿပီး အေရးပါလာတယ္လို႔ Kirpotin က ေျပာပါတယ္။ ဒါေပမယ့္လည္း ႏြံေတာေတြ၊ စိမ့္ေျမေတာေတြကို အနီးကပ္ ထိန္းသိမ္းေစာင့္ေရွာက္ဖို႔ေတာ့ လိုတယ္လို႔လည္း သတိေပးပါတယ္။ West Siberian ႏြံေတာေတြကို ေတာင္ပိုင္းနဲ႔ ေျမာက္ပုိင္းဆိုၿပီး ႏွစ္မ်ိဳး ခြဲျခားသတ္မွတ္ႏုိင္ပါတယ္။ အဲဒီႏြံေတာေတြကလည္း ဥတုရာသီ ေျပာင္းလဲမႈအတြက္ ကြဲျပားတဲ့ အခန္းက႑မွာ ေနရာယူထားၾကတာပါ။

ေျမာက္ပိုင္း ႏြံေတာေတြမွာေတာ့ ေအးခဲနက္႐ႈိင္း ေျမလႊာေတြေၾကာင့္ Methane နဲ႔ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ဓာတ္ေငြ႔ေတြ ေလထုထဲ ေရာက္မလာေအာင္ ထိန္းထားႏုိင္ပါတယ္။ Noyabrsk ၿမိဳ႕အနီးက ေအးခဲေနတဲ့ ဒီႏြံေတာေတြက ဆုိင္ေဘးရီးယားေဒသ Uvals ေတာင္ကုန္းေတြေပၚမွာ ရွိတာပါ။

Tomsk ျပည္နယ္တကၠသိုလ္ ထိပ္တန္း ဇီဝေဗဒပညာရွင္ Sergey Kirpotin က အခုလုိ ဆက္ေျပာပါတယ္။

“ဥတုရာသီ ေျပာင္းလဲမႈနဲ႔ ပတ္သက္ၿပီး အႏုတ္လကၡဏာအရ ေျပာရရင္ေတာ့ ဆုိင္ေဘးရီးယားေျမာက္ပုိင္းက ႏြံေတာေတြထဲမွာ ဖန္လုံအိမ္ဓာတ္ေငြ႔ေတြ အေတာ္မ်ားမ်ား ရွိေနပါတယ္။ မီသိန္းဓာတ္ေငြ႔ အမ်ားႀကီး သိုေလွာင္ထားတဲ့ အႏၱရာယ္ႀကီးတဲ့ ေနရာတခုလို႔လည္း ေျပာရမွာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ မီသိန္းဓာတ္ေငြ႔ေတြက အႏၱရာယ္ သိပ္ႀကီးပါတယ္။ သူ႔ရဲ႕သက္ေရာက္မႈက ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ဓာတ္ေငြ႔ထက္ အဆ ၃၀ ပိုျပင္းထန္ပါတယ္။”

Western Siberia က ႏြံေတာေတြမွာ မီသိန္းဓာတ္ေငြ႔တန္ခိ်န္ သန္းေပါင္း ၇၀ ေလာက္ သိုေလွာင္ထားတယ္လို႔ ကၽြမ္းက်င္သူတခ်ဳိ႕က ေျပာပါတယ္။ ခုေတာ့ ကမၻာ့ပူေႏြးမႈေၾကာင့္ ေရေတြခဲေနတဲ့ အဲဒီႏြံေတာေတြလည္း အႀကိီးအက်ယ္ စၿပီး အရည္ေပ်ာ္လာေနပါၿပီ။ ေရေတြ အရည္ေပ်ာ္လာတဲ့ ေနရာေတြမွာ အေပါက္ေတြေပၚလာၿပီး ေရကန္သစ္ေတြလည္း ေပၚထြက္လာသလို ေရကန္ေဟာင္းေတြလည္း အရြယ္အစား ႀကီးလာပါတယ္။ ဒါတင္မကေသးပါဘူး၊ ဆုိင္ေဘးရီးယားက ႏြံေတာေတြ အရည္ေပ်ာ္မႈႏႈန္းက အျခားေနရာေတြထက္ ပုိၿပီး ျမန္ဆန္ေနတယ္လို႔ Kirpotin က ေျပာပါတယ္။

“႐ုရွားႏုိင္ငံမွာ ႏွစ္တုိင္းတက္လာတဲ့ အပူခ်ိန္က အျခား ကမၻာ့ေဒသေတြထက္ ၂ ဆကေန ၂ ဆခြဲေလာက္ ပုိမ်ားပါတယ္။ ဆုိင္ေဘးရီးယားနဲ႔ ဆုိင္ေဘးရီးယား အာတိတ္စက္ဝုိင္းဘက္မွာဆိုရင္ အျခားေနရာေတြထက္ ၄ ဆေလာက္ ပုိမ်ားပါတယ္။ ဒါေၾကာင့္ အဲဒီေနရာဟာ ဥတုရာသီေျပာင္းလဲမႈ အဆိုးဆိုးေနရာကလို႔ ဆိုရမယ့္ေနရာလို႔ ေျပာရမွာပါ။”

The Great Vasyugan ႏြံေတာအပါအဝင္ West Siberian ေတာင္ဘက္ပိုင္း ႏြံေတာေတြကေတာ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဓာတ္ေငြ႔ေတြ ထုတ္လႊတ္မႈထက္ စုပ္ယူမႈက ပိုမ်ားပါတယ္။ ဒါေၾကာင့္လည္း ဥတုရာသီ ေျပာင္းလဲမႈကို ထိန္းေပးေနတဲ့ ဒီေနရာကို ကမၻာ့ေရခဲေသတၱာႀကီးလို႔ တင္စားေခၚေဝၚၾကတာပါ။ ဒါေၾကာင့္လည္း ဒီႏြံေတာႀကီးေတြကို ေလ့လာဖို႔၊ ထိန္းသိမ္းေစာင့္ေရွာက္ဖို႔ အလြန္အေရးႀကီးေနၿပီလို႔ ေဒသတြင္း သိပၸံပညာရွင္ေတြက ေျပာၾကပါတယ္။0

“West Siberian ႏြံေတာေတြကို မထိခိုက္ဖို႔ ကမၻာ့အသုိင္းအဝုိင္းတခုလုံး သတိျပဳေစခ်င္ပါတယ္။ ဒီေနရာဟာ ေလထုထဲက ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ဓာတ္ေငြ႔ေတြကိုလည္း စုပ္ယူေပးေနတဲ့ေနရာလည္း ျဖစ္သလို ကမၻာ့အပူအေအး ထိန္းညႇိေပးတဲ့ေနရာမွာ အေရးပါလွတဲ့ ေနရာတခုလည္း ျဖစ္ပါတယ္။”

ဒီႏြံေတာေတြဟာ သဘာဝအတုိင္း တည္ရွိေနတဲ့ ကမၻာေပၚက က်န္ေနေသးတဲ့ အဖိုးတန္ ရွားပါးေနရာတခုလည္း ျဖစ္ပါတယ္။ ဥေရာပတုိက္ဘက္ပုိင္းက ႐ုရွားနယ္နိမိတ္ထဲမွာေရာ ဥေရာပတုိက္ထဲက ႏြံေတာအမ်ားစုမွာပါ ေရေတြစုပ္ထုတ္ၿပီး ေနအိမ္အေဆာက္အအုံေတြ ဖန္တီးဖို႔နဲ႔ တြင္းထြက္ေလာင္စာ ထုတ္ယူဖို႔ ေရေတြစုပ္ထုတ္ၿပီး နယ္ေျမခ်ဲ႕ထြင္ေနၾကပါတယ္။ အဲဒီလိုေနရာေတြဟာ ခုေတာ့ ဖန္လုံအိမ္ဓာတ္ေငြ႔ေတြလည္း အမ်ားအျပား ထြက္တဲ့ေနရာေတြ ျဖစ္လာပါတယ္။

ေရေအာက္မွာရွိတဲ့ သစ္ရြက္ေဆြးေတြက ဖန္လုံအိမ္ဓာတ္ေငြ႔ေတြကို ႏွစ္ေပါင္းေထာင္နဲ႔ခ်ီ စုပ္ယူသိုေလွာင္ေပးထားတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း လတ္တေလာ ဥတုရာသီ ေျပာင္းလဲမႈေတြေၾကာင့္ အဲဒီသဘာဝတရားႀကီးရဲ႕ အေနအထားေတြ ဆက္ထိန္းထားဖို႔ ခက္ခဲလာေစပါတယ္။

Russian Academy of Sciences ဥတုရာသီဆုိင္ရာ ဇီဝေဂဟဌာနက သုေတသီ Egor Dyukarev က အခုလိုေျပာပါတယ္။

“လူေတြက ကာဗြန္ဒိုင္ေအာက္ဆုိဒ္ဓာတ္ေငြ႔ေတြ ပိုထုတ္လႊတ္ေနမယ္၊ ဇီဝေဂဟစနစ္ႀကီးက အဲဒီဓာတ္ေငြ႔ေတြ စုပ္ယူေနမယ္၊ အရာရာတုိင္းက ပုံမွန္အတုိင္း သြားေနတယ္လို႔ ထင္ျမင္စရာ ရွိပါတယ္။ ဒါေပမယ့္ လူသားေတြရဲ႕ လုပ္ရပ္ေၾကာင့္ ကာဗြန္ဒုိင္ေအာက္ဆိုဒ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈ သိပ္မ်ားလာတဲ့အတြက္ ေဂဟစနစ္ႀကီးဘက္က အလ်င္မီ စုပ္ယူမေပးႏုိင္ေအာင္ ျဖစ္လာသလို အက်ိဳးဆက္ေတြလည္း ပိုမ်ားလာပါတယ္။”

သစ္ရြက္ေဆြးေတြ မီးေလာင္ႏုိင္တဲ့ အႏၱရာယ္လည္း ရွိေနပါေသးတယ္။ သစ္ရြက္ေဆြးေတြ မီးေလာင္ရင္ေတာ့ ကမၻာ့ေလထုထဲ ဖန္လုံအိမ္ဓာတ္ေငြ႔ေတြ အဆမတန္ ေရာက္လာမွာပါ။ ပူျပင္းေျခာက္ေသြ႔လွတဲ့ ေႏြရာသီေတြ တႏွစ္ၿပီးတႏွစ္ ဆက္လာမယ္ဆိုရင္ေတာ့ ႏြံေတာေတြလည္း ေရခန္းေျခာက္လာႏုိ္င္ၿပီး လူသားေတြအတြက္ ႀကီးမားတဲ့ အက်ိဳးဆက္ေတြ ေပၚေပါက္လာႏုိင္တယ္လို႔ သုေတသီ Dyukarev က သတိေပးပါတယ္။

“ႏြံေတာေတြထဲက ေရေတြခန္းလာမယ္၊ အနယ္ေတြက်လာမယ္ ဆုိရင္ေတာ့ မီးေဘးအႏၱရာယ္လည္း ပိုႀကီးလာႏုိ္င္ပါတယ္။ ဒါဆိုရင္ေတာ့ ေျခာက္ေသြ႔ေနတဲ့ သစ္ရြက္ေျခာက္ကြင္းႀကီး ေပၚလာပါလိမ့္မယ္။ လူသားေတြရဲ႕ အျပဳအမူေၾကာင့္ပဲျဖစ္ျဖစ္၊ မိုးႀကိဳးပစ္တာမ်ိဳးလို သဘာဝတရားေၾကာင့္ပဲျဖစ္ျဖစ္ ေတာမီးေတြ စတင္ေလာင္ကၽြမ္းတာမ်ိဳး ျဖစ္လာႏုိင္ပါတယ္။ ဒီလိုျဖစ္လာၿပီဆိုရင္ေတာ့ ေလထုထဲ ကာဗြန္ဒိုင္ေအာက္ဆုိ္ဒ္ဓာတ္ေငြ႔ေတြ အႀကီးအက်ယ္ တုိးလာပါလိမ့္မယ္။”

႐ုရွားႏုိင္ငံမွာ မႏွစ္က အရြယ္အစား သိပ္မႀကီးဘူးလို႔ ဆိုရမယ့္ သစ္ရြက္ေဆြးကြင္းတခု ေတာမီးေလာင္ခဲ့တာမွာ အနီးပတ္ဝန္းက်င္က ၿမိဳ႕ရြာတခ်ိဳ႕ မိီးခုိးေတြ ပိတ္ဖုံးသြားခဲ့ပါတယ္။ ဆုိင္ေဘးရီးယားေဒသမွာ ေလာင္သြားတဲ့ အဲဒီေတာမီးက သိပ္မႀကီးဘူးလို႔ ေျပာႏုိင္ေပမယ့္ ေနာင္မွာ ေဒသတြင္းအတြက္ေရာ ကမၻာအတြက္ပါ ဆိုးရြားတဲ့ ျပႆနာေတြ ျဖစ္လာႏုိ္င္ပါတယ္။ ခုလက္ရွိခိ်န္ထိေတာ့ Great Vasyugan ႏြံေတာႀကီးက ကာဗြန္ဒိုင္ေအာက္ဆုိဒ္ဓာတ္ေငြ႔ေတြ ဆက္ၿပီး သိုေလွာင္ထားၿပီး ဒီအတုိင္း အနည္းဆုံး ႏွစ္ ၁၀၀ ေလာက္ထိ မေျပာင္းအလဲ ရွိေနဦးမယ္လို႔ သိပၸံပညာရွင္ေတြက ေျပာပါတယ္။ ဒါေပမယ့္လည္း နယ္ေျမခ်ဲ႕ထြင္တာ၊ သစ္ေတာျပဳန္းတီးေစတာ စတဲ့လုပ္ရပ္ေတြ မရပ္ဘူးဆိုရင္ေတာ့ အဲဒီအေျခအေနေတြ ေျပာင္းသြားႏုိင္တယ္လို႔ သုေတသီ Dyukarev က ေျပာပါတယ္။

“ေလထုထဲ ကာဗြန္ဒို္င္ေအာက္ဆုိဒ္ဓာတ္ေငြ႔ေတြ တိုးလာရတာဟာ သဘာဝတရားႀကီး ေျပာင္းလဲသြားလို႔ မဟုတ္ပါဘူး။ ေရ၊ ေျမ၊ ေလ စတဲ့ ေဂဟစနစ္ႀကီး ေျပာင္းလဲသြားေစတဲ့ လူေတြရဲ႕လုပ္ရပ္ေၾကာင့္ ျဖစ္ပါတယ္။ စြမ္းအင္အတြက္ ေက်ာက္မီးေသြးေတြ ထုတ္ယူတာ၊ တြင္းထြက္ေလာင္စာေတြ ေလာင္ကၽြမ္းရာက ထြက္လာတဲ့ ညစ္ညမ္းေလထုက ေလထုထဲ ေရာက္လာတာ ျဖစ္ပါတယ္။”

ကမၻာ့ကုလသမဂၢရဲ႕ ဦးေဆာင္မႈနဲ႔ ဖန္လုံအိမ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈ ေလွ်ာ့ခ်ေရး ႏုိင္ငံစုံ ႀကိဳးပမ္းေနေပမယ့္ ကမၻာတဝန္း ဖန္လုံအိမ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈေတြ ေလ်ာ့က်မသြားသလို ဥတုရာသီေျပာင္းလဲမႈ အက်ိဳးဆက္အျဖစ္ သဘာဝကပ္ေဘးဒဏ္ေတြ တေန႔တျခား ပိုဆိုးရြား ျပင္းထန္လာေနတာပါ။ တခ်ိန္တည္းမွာပဲ ဆုိင္ေဘးရီးယား ႏြံေတာႀကီးေတြကလည္း သဘာဝအတုိင္း သူ႔အလုပ္သူ ဆက္လုပ္ေနၿပီး ေလထုထဲ ကာဗြန္ဒိုင္ေအာက္ဆုိဒ္ဓာတ္ေင႔ြေတြ ဆက္လက္စုပ္ယူေနတယ္ ဆုိေပမယ့္ လက္ရွိႀကဳံေနရတဲ့ ေဘးအႏၱရာယ္ကေန ကယ္တင္ေပးႏုိင္မွာ မဟုတ္ဘူးလို႔လည္း ဇီဝေဗဒပညာရွင္ Kirpotin က ေျပာပါတယ္။ ဒါေၾကာင့္လည္း လူသားေတြအေနနဲ႔ ဥတုရာသီ ေျပာင္းလဲေဖာက္ျပန္လာေစတဲ့ လုပ္ရပ္မ်ိဳးေတြ ရပ္ပစ္မွျဖစ္လိမ့္မယ္လို႔လည္း သိပၸံပညာ႐ွင္ေတြက သတိေပး တိုက္တြန္းေနၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ကမ္ဘာ့ကာဗွန်တွေ စုပ်ယူပေးတဲ့ ဆိုက်ဘေးရီးယား နွံတောကြီး

ရုရှားနိုင်ငံမှာရှိတဲ့ Great Vasyugan ရွှံ့နွံတောကြီးဟာ ဆွစ်ဇာလန်နိုင်ငံထက် အရွယ်အစား ပိုကြီးပါတယ်။ ကမ္ဘာ့လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ မျှမျှတတဖြစ်အောင် ထိန်းညှိပေးတဲ့နေရာမှာ သစ်တောကြီးတွေလိုပဲ နွံတောတွေရဲ့ အခန်းကဏ္ဍက သိပ်ကို အရေးပါလှပါတယ်။ ခုတော့ တောမီးတွေ ပိုပြီး လောင်ကျွမ်းလာတာကြောင့်ရော လူ့လုပ်ရပ်ကြောင့် ကမ္ဘာကြီး ပိုပြီးပူနွေးလာတဲ့ အခြားအချက်တွေကြောင့်ပါ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေ သိုလှောင်ပေးထားတဲ့ နွံတောတွေ ပျက်စီးမယ့် အနေအထားနဲ့ ရင်ဆိုင်နေရပါပြီ။ အေပီသတင်းကို အခြေခံပြီး နန်းလောင်ဝ် တင်ပြထားပါတယ်။

ကမ္ဘာ့မြောက်ခြမ်းဒေသမှာ အရွယ်အစား အကြီးဆုံးဖြစ်တဲ့ The Great Vasyugan နွံတောကြီးဟာ မိုင်ပေါင်း ၃၂,၉၃၂ မိုင် ပတ်လည်အကျယ်ရှိပြီး ဆွစ်ဇာလန်နိုင်ငံထက်တောင် ပိုကြီးပါတယ်။ Siberia ဒေသ အနောက်ပိုင်းနယ်မြေ ၄၀ ရာခိုင်နှုန်းလောက်ကို နေရာယူထားတဲ့ ဒီလို နွံတောကြီးမျိုး ကမ္ဘာ့ဘယ်နေရာမှာမှ မတွေ့မြင်နိုင်ပါဘူး။ ဥတုရာသီပြောင်းလဲမှု ပြင်းထန်လာတဲ့ ခုလိုကာလကြီးမှာ နွံတောတွေရဲ့ အခန်းကဏ္ဍ၊ ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ လေ့လာရေးလုပ်ငန်းတွေ သိပ်ကို အရေးကြီးလာပြီလို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားကြပါတယ်။

ကမ္ဘာ့ အပူအအေး မျှတအောင် ထိန်းညှိပေးနိုင်ဖို့ သစ်တောကြီးတွေလိုပဲ နွံတောတွေလည်း အလွန့်ကို အရေးပါပါတယ်။ ကမ္ဘာကို ပိုပြီးပူနွေးလာစေတဲ့ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို နွံတောတွေက စုပ်ယူပေးနေပါတယ်။ မြေဆွေးတွေ၊ သစ်ရွက်ဆွေးတွေ အဖြစ်နဲ့လည်း အဲဒီ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကို နှစ်ပေါင်း ထောင်နဲ့ချီ သိုလှောင်ပေးထားကြပါတယ်။ Tomsk ပြည်နယ်တက္ကသိုလ် ထိပ်တန်း ဇီဝဗေဒပညာရှင် Sergey Kirpotin ကတော့ Great Vasyugan နွံတောကြီးကို ကာဗွန်သိုလှောင်ပေးတဲ့ စက်ရုံကြီး၊ ကမ္ဘာ့ရေခဲသေတ္တာကြီးလို့ တင်စားခေါ်ဝေါ်ပါတယ်။

“ကမ္ဘာ့မြေမျက်နှာပြင်ကို ၃ ရာခိုင်နှုန်းလောက်ကို ဖုံးလွှမ်းထားတဲ့ Peatlands လို့လည်းခေါ်တဲ့ စိမ့်မြေတောတွေ၊ နွံတောတွေဟာ ကမ္ဘာတဝန်း သစ်တောတွေက စုပ်ယူထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ပမာဏရဲ့ နှစ်ဆလောက်ကို စုပ်ယူပေးထားပါတယ်။ သူတို့ စုပ်ယူသိုလှောင်ပေးထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့က မြေကြီးတွေထဲမှာ ရှိနေတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ပမာဏ စုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။”

အပူချိန်တိုးလာပြီး တောမီးတွေ ပိုလောင်ကျွမ်းလာတာကြောင့် သစ်တောတွေရဲ့ သိုလှောင်နိုင်မှု အားနည်းလာတဲ့အတွက် နွံတောတွေရဲ့ အခန်းကဏ္ဍက ပိုပြီး အရေးပါလာတယ်လို့ Kirpotin က ပြောပါတယ်။ ဒါပေမယ့်လည်း နွံတောတွေ၊ စိမ့်မြေတောတွေကို အနီးကပ် ထိန်းသိမ်းစောင့်ရှောက်ဖို့တော့ လိုတယ်လို့လည်း သတိပေးပါတယ်။ West Siberian နွံတောတွေကို တောင်ပိုင်းနဲ့ မြောက်ပိုင်းဆိုပြီး နှစ်မျိုး ခွဲခြားသတ်မှတ်နိုင်ပါတယ်။ အဲဒီနွံတောတွေကလည်း ဥတုရာသီ ပြောင်းလဲမှုအတွက် ကွဲပြားတဲ့ အခန်းကဏ္ဍမှာ နေရာယူထားကြတာပါ။

မြောက်ပိုင်း နွံတောတွေမှာတော့ အေးခဲနက်ရှိုင်း မြေလွှာတွေကြောင့် Methane နဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေ လေထုထဲ ရောက်မလာအောင် ထိန်းထားနိုင်ပါတယ်။ Noyabrsk မြို့အနီးက အေးခဲနေတဲ့ ဒီနွံတောတွေက ဆိုင်ဘေးရီးယားဒေသ Uvals တောင်ကုန်းတွေပေါ်မှာ ရှိတာပါ။

Tomsk ပြည်နယ်တက္ကသိုလ် ထိပ်တန်း ဇီဝဗေဒပညာရှင် Sergey Kirpotin က အခုလို ဆက်ပြောပါတယ်။

“ဥတုရာသီ ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အနုတ်လက္ခဏာအရ ပြောရရင်တော့ ဆိုင်ဘေးရီးယားမြောက်ပိုင်းက နွံတောတွေထဲမှာ ဖန်လုံအိမ်ဓာတ်ငွေ့တွေ အတော်များများ ရှိနေပါတယ်။ မီသိန်းဓာတ်ငွေ့ အများကြီး သိုလှောင်ထားတဲ့ အန္တရာယ်ကြီးတဲ့ နေရာတခုလို့လည်း ပြောရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မီသိန်းဓာတ်ငွေ့တွေက အန္တရာယ် သိပ်ကြီးပါတယ်။ သူ့ရဲ့သက်ရောက်မှုက ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထက် အဆ ၃၀ ပိုပြင်းထန်ပါတယ်။”

Western Siberia က နွံတောတွေမှာ မီသိန်းဓာတ်ငွေ့တန်ချိန် သန်းပေါင်း ၇၀ လောက် သိုလှောင်ထားတယ်လို့ ကျွမ်းကျင်သူတချို့က ပြောပါတယ်။ ခုတော့ ကမ္ဘာ့ပူနွေးမှုကြောင့် ရေတွေခဲနေတဲ့ အဲဒီနွံတောတွေလည်း အကြီးအကျယ် စပြီး အရည်ပျော်လာနေပါပြီ။ ရေတွေ အရည်ပျော်လာတဲ့ နေရာတွေမှာ အပေါက်တွေပေါ်လာပြီး ရေကန်သစ်တွေလည်း ပေါ်ထွက်လာသလို ရေကန်ဟောင်းတွေလည်း အရွယ်အစား ကြီးလာပါတယ်။ ဒါတင်မကသေးပါဘူး၊ ဆိုင်ဘေးရီးယားက နွံတောတွေ အရည်ပျော်မှုနှုန်းက အခြားနေရာတွေထက် ပိုပြီး မြန်ဆန်နေတယ်လို့ Kirpotin က ပြောပါတယ်။

“ရုရှားနိုင်ငံမှာ နှစ်တိုင်းတက်လာတဲ့ အပူချိန်က အခြား ကမ္ဘာ့ဒေသတွေထက် ၂ ဆကနေ ၂ ဆခွဲလောက် ပိုများပါတယ်။ ဆိုင်ဘေးရီးယားနဲ့ ဆိုင်ဘေးရီးယား အာတိတ်စက်ဝိုင်းဘက်မှာဆိုရင် အခြားနေရာတွေထက် ၄ ဆလောက် ပိုများပါတယ်။ ဒါကြောင့် အဲဒီနေရာဟာ ဥတုရာသီပြောင်းလဲမှု အဆိုးဆိုးနေရာကလို့ ဆိုရမယ့်နေရာလို့ ပြောရမှာပါ။”

The Great Vasyugan နွံတောအပါအဝင် West Siberian တောင်ဘက်ပိုင်း နွံတောတွေကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ ထုတ်လွှတ်မှုထက် စုပ်ယူမှုက ပိုများပါတယ်။ ဒါကြောင့်လည်း ဥတုရာသီ ပြောင်းလဲမှုကို ထိန်းပေးနေတဲ့ ဒီနေရာကို ကမ္ဘာ့ရေခဲသေတ္တာကြီးလို့ တင်စားခေါ်ဝေါ်ကြတာပါ။ ဒါကြောင့်လည်း ဒီနွံတောကြီးတွေကို လေ့လာဖို့၊ ထိန်းသိမ်းစောင့်ရှောက်ဖို့ အလွန်အရေးကြီးနေပြီလို့ ဒေသတွင်း သိပ္ပံပညာရှင်တွေက ပြောကြပါတယ်။

“West Siberian နွံတောတွေကို မထိခိုက်ဖို့ ကမ္ဘာ့အသိုင်းအဝိုင်းတခုလုံး သတိပြုစေချင်ပါတယ်။ ဒီနေရာဟာ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့တွေကိုလည်း စုပ်ယူပေးနေတဲ့နေရာလည်း ဖြစ်သလို ကမ္ဘာ့အပူအအေး ထိန်းညှိပေးတဲ့နေရာမှာ အရေးပါလှတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။”

ဒီနွံတောတွေဟာ သဘာဝအတိုင်း တည်ရှိနေတဲ့ ကမ္ဘာပေါ်က ကျန်နေသေးတဲ့ အဖိုးတန် ရှားပါးနေရာတခုလည်း ဖြစ်ပါတယ်။ ဥရောပတိုက်ဘက်ပိုင်းက ရုရှားနယ်နိမိတ်ထဲမှာရော ဥရောပတိုက်ထဲက နွံတောအများစုမှာပါ ရေတွေစုပ်ထုတ်ပြီး နေအိမ်အဆောက်အအုံတွေ ဖန်တီးဖို့နဲ့ တွင်းထွက်လောင်စာ ထုတ်ယူဖို့ ရေတွေစုပ်ထုတ်ပြီး နယ်မြေချဲ့ထွင်နေကြပါတယ်။ အဲဒီလိုနေရာတွေဟာ ခုတော့ ဖန်လုံအိမ်ဓာတ်ငွေ့တွေလည်း အများအပြား ထွက်တဲ့နေရာတွေ ဖြစ်လာပါတယ်။

ရေအောက်မှာရှိတဲ့ သစ်ရွက်ဆွေးတွေက ဖန်လုံအိမ်ဓာတ်ငွေ့တွေကို နှစ်ပေါင်းထောင်နဲ့ချီ စုပ်ယူသိုလှောင်ပေးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လတ်တလော ဥတုရာသီ ပြောင်းလဲမှုတွေကြောင့် အဲဒီသဘာဝတရားကြီးရဲ့ အနေအထားတွေ ဆက်ထိန်းထားဖို့ ခက်ခဲလာစေပါတယ်။

Russian Academy of Sciences ဥတုရာသီဆိုင်ရာ ဇီဝဂေဟဌာနက သုတေသီ Egor Dyukarev က အခုလိုပြောပါတယ်။

“လူတွေက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ ပိုထုတ်လွှတ်နေမယ်၊ ဇီဝဂေဟစနစ်ကြီးက အဲဒီဓာတ်ငွေ့တွေ စုပ်ယူနေမယ်၊ အရာရာတိုင်းက ပုံမှန်အတိုင်း သွားနေတယ်လို့ ထင်မြင်စရာ ရှိပါတယ်။ ဒါပေမယ့် လူသားတွေရဲ့ လုပ်ရပ်ကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှု သိပ်များလာတဲ့အတွက် ဂေဟစနစ်ကြီးဘက်က အလျင်မီ စုပ်ယူမပေးနိုင်အောင် ဖြစ်လာသလို အကျိုးဆက်တွေလည်း ပိုများလာပါတယ်။”

သစ်ရွက်ဆွေးတွေ မီးလောင်နိုင်တဲ့ အန္တရာယ်လည်း ရှိနေပါသေးတယ်။ သစ်ရွက်ဆွေးတွေ မီးလောင်ရင်တော့ ကမ္ဘာ့လေထုထဲ ဖန်လုံအိမ်ဓာတ်ငွေ့တွေ အဆမတန် ရောက်လာမှာပါ။ ပူပြင်းခြောက်သွေ့လှတဲ့ နွေရာသီတွေ တနှစ်ပြီးတနှစ် ဆက်လာမယ်ဆိုရင်တော့ နွံတောတွေလည်း ရေခန်းခြောက်လာနိုင်ပြီး လူသားတွေအတွက် ကြီးမားတဲ့ အကျိုးဆက်တွေ ပေါ်ပေါက်လာနိုင်တယ်လို့ သုတေသီ Dyukarev က သတိပေးပါတယ်။

“နွံတောတွေထဲက ရေတွေခန်းလာမယ်၊ အနယ်တွေကျလာမယ် ဆိုရင်တော့ မီးဘေးအန္တရာယ်လည်း ပိုကြီးလာနိုင်ပါတယ်။ ဒါဆိုရင်တော့ ခြောက်သွေ့နေတဲ့ သစ်ရွက်ခြောက်ကွင်းကြီး ပေါ်လာပါလိမ့်မယ်။ လူသားတွေရဲ့ အပြုအမူကြောင့်ပဲဖြစ်ဖြစ်၊ မိုးကြိုးပစ်တာမျိုးလို သဘာဝတရားကြောင့်ပဲဖြစ်ဖြစ် တောမီးတွေ စတင်လောင်ကျွမ်းတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင်တော့ လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ အကြီးအကျယ် တိုးလာပါလိမ့်မယ်။”

ရုရှားနိုင်ငံမှာ မနှစ်က အရွယ်အစား သိပ်မကြီးဘူးလို့ ဆိုရမယ့် သစ်ရွက်ဆွေးကွင်းတခု တောမီးလောင်ခဲ့တာမှာ အနီးပတ်ဝန်းကျင်က မြို့ရွာတချို့ မီးခိုးတွေ ပိတ်ဖုံးသွားခဲ့ပါတယ်။ ဆိုင်ဘေးရီးယားဒေသမှာ လောင်သွားတဲ့ အဲဒီတောမီးက သိပ်မကြီးဘူးလို့ ပြောနိုင်ပေမယ့် နောင်မှာ ဒေသတွင်းအတွက်ရော ကမ္ဘာအတွက်ပါ ဆိုးရွားတဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ခုလက်ရှိချိန်ထိတော့ Great Vasyugan နွံတောကြီးက ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ ဆက်ပြီး သိုလှောင်ထားပြီး ဒီအတိုင်း အနည်းဆုံး နှစ် ၁၀၀ လောက်ထိ မပြောင်းအလဲ ရှိနေဦးမယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ဒါပေမယ့်လည်း နယ်မြေချဲ့ထွင်တာ၊ သစ်တောပြုန်းတီးစေတာ စတဲ့လုပ်ရပ်တွေ မရပ်ဘူးဆိုရင်တော့ အဲဒီအခြေအနေတွေ ပြောင်းသွားနိုင်တယ်လို့ သုတေသီ Dyukarev က ပြောပါတယ်။

“လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ တိုးလာရတာဟာ သဘာဝတရားကြီး ပြောင်းလဲသွားလို့ မဟုတ်ပါဘူး။ ရေ၊ မြေ၊ လေ စတဲ့ ဂေဟစနစ်ကြီး ပြောင်းလဲသွားစေတဲ့ လူတွေရဲ့လုပ်ရပ်ကြောင့် ဖြစ်ပါတယ်။ စွမ်းအင်အတွက် ကျောက်မီးသွေးတွေ ထုတ်ယူတာ၊ တွင်းထွက်လောင်စာတွေ လောင်ကျွမ်းရာက ထွက်လာတဲ့ ညစ်ညမ်းလေထုက လေထုထဲ ရောက်လာတာ ဖြစ်ပါတယ်။"

ကမ္ဘာ့ကုလသမဂ္ဂရဲ့ ဦးဆောင်မှုနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး နိုင်ငံစုံ ကြိုးပမ်းနေပေမယ့် ကမ္ဘာတဝန်း ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေ လျော့ကျမသွားသလို ဥတုရာသီပြောင်းလဲမှု အကျိုးဆက်အဖြစ် သဘာဝကပ်ဘေးဒဏ်တွေ တနေ့တခြား ပိုဆိုးရွား ပြင်းထန်လာနေတာပါ။ တချိန်တည်းမှာပဲ ဆိုင်ဘေးရီးယား နွံတောကြီးတွေကလည်း သဘာဝအတိုင်း သူ့အလုပ်သူ ဆက်လုပ်နေပြီး လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ ဆက်လက်စုပ်ယူနေတယ် ဆိုပေမယ့် လက်ရှိကြုံနေရတဲ့ ဘေးအန္တရာယ်ကနေ ကယ်တင်ပေးနိုင်မှာ မဟုတ်ဘူးလို့လည်း ဇီဝဗေဒပညာရှင် Kirpotin က ပြောပါတယ်။ ဒါကြောင့်လည်း လူသားတွေအနေနဲ့ ဥတုရာသီ ပြောင်းလဲဖောက်ပြန်လာစေတဲ့ လုပ်ရပ်မျိုးတွေ ရပ်ပစ်မှဖြစ်လိမ့်မယ်လို့လည်း သိပ္ပံပညာရှင်တွေက သတိပေး တိုက်တွန်းနေကြတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG