သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ျပည္ေထာင္စု မီသိန္းဓာတ္ေငြ႕ ထုတ္လႊတ္မႈေလွ်ာ႔ခ်ေရး အစီအစဥ္ သမၼတ Biden ေၾကညာ


ကုလသမဂၢ ရာသီဥတု အေရး ညီလာခံမွာ သမၼတ Joe Biden မိန္႔ခြန္းေျပာ။

(Zawgyi / Unicode)

စေကာ့တလန္၊ Glasgow က ကုလသမဂၢ ရာသီဥတုဆိုင္ရာ ညီလာခံမွာ ႏိုင္ငံေပါင္း ၁၀၀ ေက်ာ္က ေခါင္းေဆာင္ေတြ ဒုတိယေန႔အျဖစ္ ေဆြးေႏြးၾကတဲ့ အဂၤါေန႔မွာပဲ အေမရိကန္ ျပည္ေထာင္စုမွာ မီသိန္းဓာတ္ေငြ႕ ထုတ္လုပ္မႈေတြ ေလွ်ာ့ခ်မယ့္ အစီအစဥ္ တရပ္ကို သမၼတ Joe Biden ေၾကညာလိုက္ပါတယ္။

အေမရိကန္မွာ အခုကစၿပီး ေရွ႕လာမယ့္ ၂၀၃၀ ျပည့္ႏွစ္အထိ မီသိန္းဓာတ္ေငြ႕ ထုတ္လႊတ္မႈေတြ ေလွ်ာ့ခ်သြားမွာျဖစ္ၿပီး၊ ကမာၻႀကီးပူေႏြးမႈကို ေလွ်ာ့ခ်ဖို႔ ရည္မွန္းထားတဲ့အတိုင္း ျဖစ္လာဖို႔ဆိုရင္ မီသိန္းဓာတ္ေငြေတြကို အျမန္ဆုံး ေလွ်ာ့ခ်ဖို႔ လိုအပ္ေၾကာင္းလည္း သမၼတဘိုင္ဒင္က တိုက္တြန္းခဲ့တာပါ။

ကမာၻႀကီးပူေႏြးမႈ ျဖစ္ေစတဲ့ ဟိုက္ၿဒိဳကာဗြန္ မီသိန္းဓာတ္ေငြ႕ေတြကိုေတာ့ ေက်ာက္မီးေသြး၊ သဘာ၀ဓာတ္ေငြ႕နဲ႔ ေရနံ ထုတ္လုပ္မႈနဲ႔ သယ္ယူပို႔ေဆာင္မႈေတြကေန ထြက္ေပၚေလ့ရွိၿပီး၊ ေမြးျမဴေရး၊ စြန္႔ပစ္အမႈိက္ပုံေတြနဲ႔ တခ်ဳိ႕စိုက္ပ်ဳိးေရး လုပ္ငန္းေတြဟာလည္း မီသိန္းဓာတ္ေငြ အေျမာက္အမ်ား ထြက္ေပၚတတ္ပါတယ္။

အေမရိကန္ အစိုးရကေတာ့ စြမ္းအင္၊ စိုက္ပ်ဳိးေရး၊ သယ္ယူပို႔ေဆာင္ေရး၊ အိုးအိမ္နဲ႔ ျပည္ထဲေရး ၀န္ႀကီးဌာနေတြ အပါအ၀င္ အစိုးရလုပ္ငန္း အမ်ားအျပား အတူပူးေပါင္းၿပီး ကာဗြန္ဓာတ္ေငြ႕ ေလွ်ာ့ခ်ေရး အစီအစဥ္ကို အဂၤါေန႔ကပဲ ေၾကညာခဲ့တာပါ။

မီသိန္းဓာတ္ေငြ႕ ေလွ်ာ့ခ်ေရး ႏိုင္ငံတကာ သေဘာတူညီခ်က္အရ ၂၀၃၀ ျပည့္ႏွစ္မွာ ေနာက္ဆုံးထားၿပီး မီသိန္းဓာတ္ေငြ႕ ထုတ္လႊတ္မႈေတြကို ၂၀၂၀ ျပည့္ႏွစ္က ပမာဏထက္ ၃၀ ရာခိုင္ႏႈန္း ေလွ်ာ့ခ်ဖို႔ သတ္မွတ္ထားပါတယ္။

ကမာၻ႔အပူခ်ိန္ကို ၁ ဒသမ ၅ ဒီဂရီ Celsius မေက်ာ္ေအာင္ ထိန္းထားႏိုင္ဖို႔ မီသိန္းဓာတ္ေငြ႕ေတြကို အျမန္ဆုံး ေလွ်ာ့ခ်ဖို႔ လိုအပ္ေၾကာင္း ကၽြမ္းက်င္သူေတြ သတိေပးေနတာပါ။ လတ္တေလာ ႏိုင္ငံေပါင္း ၉၀ ေက်ာ္ကေတာ့ ေရွ႕လာမယ့္ ဆယ္စုႏွစ္ေတြအတြင္း ၃၀ ရာခိုင္ႏႈန္း ထက္မနည္း ေလွ်ာ့ခ်သြားဖို႔လည္း ကတိျပဳထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အမေရိကန်ပြည်ထောင်စု မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချရေး အစီအစဉ် သမ္မတ Biden ကြေညာ

စကော့တလန်၊ Glasgow က ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ညီလာခံမှာ နိုင်ငံပေါင်း ၁၀၀ ကျော်က ခေါင်းဆောင်တွေ ဒုတိယနေ့အဖြစ် ဆွေးနွေးကြတဲ့ အင်္ဂါနေ့မှာပဲ အမေရိကန် ပြည်ထောင်စုမှာ မီသိန်းဓာတ်ငွေ့ ထုတ်လုပ်မှုတွေ လျှော့ချမယ့် အစီအစဉ် တရပ်ကို သမ္မတ Joe Biden ကြေညာလိုက်ပါတယ်။

အမေရိကန်မှာ အခုကစပြီး ရှေ့လာမယ့် ၂၀၃၀ ပြည့်နှစ်အထိ မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှုတွေ လျှော့ချသွားမှာဖြစ်ပြီး၊ ကမ္ဘာကြီးပူနွေးမှုကို လျှော့ချဖို့ ရည်မှန်းထားတဲ့အတိုင်း ဖြစ်လာဖို့ဆိုရင် မီသိန်းဓာတ်ငွေတွေကို အမြန်ဆုံး လျှော့ချဖို့ လိုအပ်ကြောင်းလည်း သမ္မတဘိုင်ဒင်က တိုက်တွန်းခဲ့တာပါ။

ကမ္ဘာကြီးပူနွေးမှု ဖြစ်စေတဲ့ ဟိုက်ဒြိုကာဗွန် မီသိန်းဓာတ်ငွေ့တွေကိုတော့ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့နဲ့ ရေနံ ထုတ်လုပ်မှုနဲ့ သယ်ယူပို့ဆောင်မှုတွေကနေ ထွက်ပေါ်လေ့ရှိပြီး၊ မွေးမြူရေး၊ စွန့်ပစ်အမှိုက်ပုံတွေနဲ့ တချို့စိုက်ပျိုးရေး လုပ်ငန်းတွေဟာလည်း မီသိန်းဓာတ်ငွေ အမြောက်အများ ထွက်ပေါ်တတ်ပါတယ်။ အမေရိကန် အစိုးရကတော့ စွမ်းအင်၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ အိုးအိမ်နဲ့ ပြည်ထဲရေး ဝန်ကြီးဌာနတွေ အပါအဝင် အစိုးရလုပ်ငန်း အများအပြား အတူပူးပေါင်းပြီး ကာဗွန်ဓာတ်ငွေ့ လျှော့ချရေး အစီအစဉ်ကို အင်္ဂါနေ့ကပဲ ကြေညာခဲ့တာပါ။

မီသိန်းဓာတ်ငွေ့ လျှော့ချရေး နိုင်ငံတကာ သဘောတူညီချက်အရ ၂၀၃၀ ပြည့်နှစ်မှာ နောက်ဆုံးထားပြီး မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကို ၂၀၂၀ ပြည့်နှစ်က ပမာဏထက် ၃၀ ရာခိုင်နှုန်း လျှော့ချဖို့ သတ်မှတ်ထားပါတယ်။ ကမ္ဘာ့အပူချိန်ကို ၁.၅ ဒီဂရီ Celsius မကျော်အောင် ထိန်းထားနိုင်ဖို့ မီသိန်းဓာတ်ငွေ့တွေကို အမြန်ဆုံး လျှော့ချဖို့ လိုအပ်ကြောင်း ကျွမ်းကျင်သူတွေ သတိပေးနေတာပါ။ လတ်တလော နိုင်ငံပေါင်း ၉၀ ကျော်ကတော့ ရှေ့လာမယ့် ဆယ်စုနှစ်တွေအတွင်း ၃၀ ရာခိုင်နှုန်း ထက်မနည်း လျှော့ချသွားဖို့လည်း ကတိပြုထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG