သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမ႓ာႀကီးပူေႏြးလာမႈ အေလးထားေျဖရွင္းေရး ဖိအားေပးတဲ့ Brussels ခ်ီတက္ပဲြ


ကမၻာႀကီး ပူေႏြးလာမႈ ေျဖရွင္းေရး ဘရပ္ဆဲလ္ၿမိဳ႕မွာ ဆႏၵျပေနတဲ့ျမင္ကြင္း။ (ေအာက္တိုဘာ ၁၀၊ ၂၀၂၁)

(Zawgyi / Unicode)

ဥေရာပ ႏုိင္ငံေရးသမားေတြအေနနဲ႔ ဖန္လံုအိမ္ဓာတ္ေငြ႔ ေလွ်ာ့ခ်ေရး အပါအဝင္ ကမာၻႀကီး ပူေႏြးလာမႈအတြက္ ေသေသခ်ာခ်ာ မူဝါဒေတြ ခ်လာေအာင္ တြန္းအားေပးတဲ့ အေနနဲ႔ ကုလသမဂၢရဲ႕ ဥတုရာသီဆိုင္ရာ COP26 ညီလာခံ မတိုင္ခင္ တနဂၤေႏြေန႔က ဘယ္လ္ဂ်ီယံႏိုင္ငံ ဘရပ္ဆဲလ္ၿမိဳ႕က လမ္းေတြေပၚမွာ လူေပါင္း ၂ ေသာင္းခြဲေလာက္ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

ေအာက္တိုဘာလ ၃၁ ရက္ Glasgow မွာ က်င္းပမယ့္ ကုလသမဂၢရဲ႕ ဥတုရာသီဆိုင္ရာ ညီလာခံမတိုင္ခင္ အႀကီးမားဆံုး ဆႏၵျပပြဲတခု ျဖစ္လာေစဖို႔ ရည္ရြယ္ၿပီး Greenpeace, Oxfam, ကုန္သြယ္ေရးသမဂၢေတြနဲ႔ သဘာဝဝန္းက်င္ဆိုင္ရာ အပါအဝင္ NGO အဖြဲ႔ေပါင္း ၈၀ ေလာက္က ျပဳလုပ္တဲ့ ဒီဆႏၵျပပြဲမွာ အသက္အရြယ္ ႀကီးရင့္သူေတြသာမက ကေလးငယ္ေတြနဲ႔အတူ မိသားစုလိုက္ ပါဝင္ဆင္ႏႊဲၾကတာ ျဖစ္ပါတယ္။

“အခုႏွစ္ ေႏြရာသီမွာ ခံစားၾကရတဲ့ သဘာဝေဘးဒဏ္ေတြကို အားလံုး ျမင္ေတြ႔ခဲ့ရၿပီးၿပီ ျဖစ္တဲ့အတြက္ ျပႆနာဟာ ဘာလဲဆိုတာကို လူတိုင္းသိေနၿပီလို႔ ထင္ပါတယ္။ ဒါ့ေၾကာင့္ ဒီကိစၥကို အားလံုးပါဝင္ၿပီး လုပ္ေဆာင္ၾကဖို႔ တကယ့္ကို အေရးႀကီးေနပါၿပီ။” လို႔ ဆႏၵျပသူတဦးက ေျပာသြားတာပါ။

ဥတုရာသီ ေျပာင္းလဲမႈအတြက္ အေရးယူ ေဆာင္ရြက္ၾကဖို႔ အဂၤလိပ္၊ ျပင္သစ္နဲ႔ ဒတ္ခ်္ ဘာသာေတြနဲ႔ ေရးသားထားတဲ့ စာတန္းေတြ ကိုင္ေဆာင္ၿပီး ေႂကြးေၾကာ္ခဲ့ၾကသလို မ်ိဳးတုန္းေပ်ာက္ကြယ္လုနီး ရွားပါးတဲ့ ငါးေတြ၊ က်ားေတြ၊ ဝင္႐ိုးစြန္းဝက္ဝံပံုေတြပါ ယူေဆာင္ ဆႏၵျပခဲ့ၾကတာ ျဖစ္ပါတယ္။

ဒီႏွစ္ ေႏြရာသီမွာ မိုးေခါင္ေရရွားမႈေတြ၊ ေရႀကီးေရလွ်ံတာေတြအျပင္ ေတာမီး အႀကီးအက်ယ္ ေလာင္ကၽြမ္းတဲ့ ဒဏ္ေတြကို အရင္ႏွစ္ေတြနဲ႔မတူ ထူးထူးျခားျခား တိုးၿပီး ခံစားလာၾကရတာေၾကာင့္ ကမာၻႀကီးကို ပူေႏြးေစတဲ့ ဖန္လံုအိမ္ဓာတ္ေငြ႔ ေလွ်ာ့ခ်ေရးနဲ႔ ပတ္သက္ၿပီး အစိုးရတာဝန္ရွိသူေတြ ေသေသခ်ာခ်ာ အေရးယူ ေဆာင္ရြက္လာေစဖို႔ အခုလို ေတာင္းဆို ဆႏၵျပေနၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------

(Unicode)

ကမ္ဘာကြီးပူနွေးလာမှု အလေးထားဖြေရှင်းရေး ဖိအားပေးတဲ့ Brussels ချီတက်ပွဲ

ဥရောပ နိုင်ငံရေးသမားတွေအနေနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေး အပါအဝင် ကမ္ဘာကြီး ပူနွေးလာမှုအတွက် သေသေချာချာ မူဝါဒတွေ ချလာအောင် တွန်းအားပေးတဲ့ အနေနဲ့ ကုလသမဂ္ဂရဲ့ ဥတုရာသီဆိုင်ရာ COP26 ညီလာခံ မတိုင်ခင် တနင်္ဂနွေနေ့က ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့က လမ်းတွေပေါ်မှာ လူပေါင်း ၂ သောင်းခွဲလောက် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

အောက်တိုဘာလ ၃၁ ရက် Glasgow မှာ ကျင်းပမယ့် ကုလသမဂ္ဂရဲ့ ဥတုရာသီဆိုင်ရာ ညီလာခံမတိုင်ခင် အကြီးမားဆုံး ဆန္ဒပြပွဲတခု ဖြစ်လာစေဖို့ ရည်ရွယ်ပြီး Greenpeace, Oxfam, ကုန်သွယ်ရေးသမဂ္ဂတွေနဲ့ သဘာဝဝန်းကျင်ဆိုင်ရာ အပါအဝင် NGO အဖွဲ့ပေါင်း ၈၀ လောက်က ပြုလုပ်တဲ့ ဒီဆန္ဒပြပွဲမှာ အသက်အရွယ် ကြီးရင့်သူတွေသာမက ကလေးငယ်တွေနဲ့အတူ မိသားစုလိုက် ပါဝင်ဆင်နွှဲကြတာ ဖြစ်ပါတယ်။

“အခုနှစ် နွေရာသီမှာ ခံစားကြရတဲ့ သဘာဝဘေးဒဏ်တွေကို အားလုံး မြင်တွေ့ခဲ့ရပြီးပြီ ဖြစ်တဲ့အတွက် ပြဿနာဟာ ဘာလဲဆိုတာကို လူတိုင်းသိနေပြီလို့ ထင်ပါတယ်။ ဒါ့ကြောင့် ဒီကိစ္စကို အားလုံးပါဝင်ပြီး လုပ်ဆောင်ကြဖို့ တကယ့်ကို အရေးကြီးနေပါပြီ။” လို့ ဆန္ဒပြသူတဦးက ပြောသွားတာပါ။

ဥတုရာသီ ပြောင်းလဲမှုအတွက် အရေးယူ ဆောင်ရွက်ကြဖို့ အင်္ဂလိပ်၊ ပြင်သစ်နဲ့ ဒတ်ချ် ဘာသာတွေနဲ့ ရေးသားထားတဲ့ စာတန်းတွေ ကိုင်ဆောင်ပြီး ကြွေးကြော်ခဲ့ကြသလို မျိုးတုန်းပျောက်ကွယ်လုနီး ရှားပါးတဲ့ ငါးတွေ၊ ကျားတွေ၊ ဝင်ရိုးစွန်းဝက်ဝံပုံတွေပါ ယူဆောင် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနှစ် နွေရာသီမှာ မိုးခေါင်ရေရှားမှုတွေ၊ ရေကြီးရေလျှံတာတွေအပြင် တောမီး အကြီးအကျယ် လောင်ကျွမ်းတဲ့ ဒဏ်တွေကို အရင်နှစ်တွေနဲ့မတူ ထူးထူးခြားခြား တိုးပြီး ခံစားလာကြရတာကြောင့် ကမ္ဘာကြီးကို ပူနွေးစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေးနဲ့ ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေ သေသေချာချာ အရေးယူ ဆောင်ရွက်လာစေဖို့ အခုလို တောင်းဆို ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG