သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမာၻ႔ေရမ်က္ႏွာျပင္ျမင့္တက္မႈ ကမ္း႐ိုးတန္းေနသူေတြ ဘယ္လိုရင္ဆိုင္လဲ


ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ပင္လယ္ေရျပင္ ပုံမွန္ျမင့္တက္ေလ့ရွိတဲ့ အီဂ်စ္ႏုိင္ငံက ကမ္းေျခတခုျမင္ကြင္း။ (ဇူလုိင္ ၂၅၊ ၂၀၂၁)

(Zawgyi / Unicode)

"Coast vs Climate" ကမ္း႐ိုးတန္းမ်ားနဲ႔ ဥတုရာသီေျပာင္းလဲမႈ တတိယအပိုင္းမွာေတာ့ ဥတုရာသီေျပာင္းလဲမႈ အက်ိဳးဆက္အျဖစ္ ကမၻာ့ေရမ်က္နွာျပင္ ျမင့္တက္လာတာကို ကမ္း႐ုိးတန္းေနျပည္သူေတြ ဘယ္လိုရင္ဆုိင္ အံတုေနၾကသလဲဆိုတာ တင္ျပသြားပါမယ္။ အဲဒီနည္းလမ္းေတြထဲမွာ ေရမဝင္ႏုိင္ေအာင္ အိမ္ေတြကို ျမႇင့္လိုက္တာ၊ ေရတက္လာတာကို ေစာင့္ၾကည့္ သတိေပးမယ့္ ဆင္ဆာေတြ အသုံးျပဳတာနဲ႔ ေရကာတံတုိင္းေတြေဆာက္ၿပီး ကာကြယ္ဖို႔ ႀကိဳးပမ္းေနၾကတာေတြ ပါဝင္ပါတယ္။ ေရမ်က္ႏွာျပင္ျမင့္တက္မႈ အဆိုးဆုံး အနီေရာင္အဆင့္အျဖစ္ ကုလသမဂၢက သတ္မွတ္ထားတဲ့ ေဒသေတြမွာေတာ့ ေနာက္ထပ္ နည္းလမ္းသစ္ေတြပါ အသုံးျပဳေနၾကတာပါ။ Veronica Balderas Iglesias ရဲ႕ သတင္းလႊာကို နန္းေလာင္ဝ္က တင္ျပထားပါတယ္။

အေမရိကန္ျပည္ေထာင္စု၊ အေရွ႕ဘက္ပုိင္း ဗာဂ်ီးနီးယားျပည္နယ္၊ Norfolk ၿမိဳ႕ဟာ ႏုိင္ငံတြင္း ေရျမင့္တက္လာတဲ့ဒဏ္ကို ဒုတိယအဆိုးဆုံး ႀကဳံေနရတဲ့ ကမ္းေျခၿမိဳ႕ ျဖစ္ပါတယ္။ ဒီေရေတြ ျမင့္တက္လာတာကို ကမ္း႐ိုးတန္းတေလွ်ာက္ အထင္အရွား ေတြ႔ျမင္ႏုိင္ပါတယ္။ ဒီျဖစ္ရပ္အားလုံးဟာ လူသားေတြရဲ႕ လုပ္ရပ္ေၾကာင့္ ေပၚေပါက္လာရတာပါ။ ခုေတြ႔ျမင္ေနရတဲ့ ေရငန္ေတြမွာ ေပါက္ေလ့ရွိတဲ့ ျမက္ေတြဟာ ဒီေရေတြနဲ႔အတူ ေရာက္လာပုံရပါတယ္။ ျမက္ခင္းေတြေနရာမွာ ေရငန္ျမက္ပင္ေတြ အစားထုိး ေနရာယူေနၾကပါၿပီ။ မၾကာခဏ မိုးရြာသြန္းၿပီး မိုးသည္းထန္တဲ့အတြက္ ေရႀကီးေရလွ်ံမႈေတြလည္း အျဖစ္မ်ားလာပါတယ္။

ဒါေၾကာင့္လည္း Nina Olander တို႔လို ေဒသခံေတြက ေရမဝင္ႏုိင္ေအာင္ အိမ္ေတြကို ျမႇင့္ဖို႔ ျပည္ေထာင္စုအစိုးရဆီက အကူအညီေတြ လိုလားေနပါတယ္။

“အိမ္ကို ျမႇင့္ဖို႔အတြက္ ေဒၚလာ ၄ သိန္းခြဲေလာက္က်မယ္လို႔ ကန္ထ႐ိုက္တာေတြက ေျပာပါတယ္။ ေနာက္ၿပီး အဲဒီလို လုပ္ေနတဲ့အခ်ိန္ တျခားမွာ ၈ လေလာက္ သြားေနရမွာေလ။ အဲဒီအခ်ိန္မွာ အိမ္ေႂကြးလည္း ဆက္ၿပီးဆပ္ရမယ္၊ ေနာက္ၿပီး အိမ္ငွားခကလည္း ရွိေသးတယ္ရွင့္။”

ဒါက အိမ္ေထာင္စုတခုအတြက္ ကုန္က်စရိတ္ပဲ ရွိပါေသးတယ္။ ဥတုရာသီ ေျပာင္းလဲမႈေၾကာင့္ ထိခိုက္ပ်က္စီးရတာေတြကို ျပင္ဆင္ႏုိင္ဖို႔ သမၼတ ဂ်ိဳးဘိုင္ဒန္က ေဒၚလာသန္း ၅၀၀ ထိ သုံးစြဲဖို႔ ၾသဂုတ္လမွာ အတည္ျပဳေပးခဲ့ပါတယ္။ ဒါကေတာ့ ဗဟိုအစိုးရ အေရးေပၚ စီမံခန္႔ခြဲေရးဌာန FEMA မွာ အရင္တုန္းက မရွိခ့ဲဘူးတဲ့ ဘ႑ာေငြပမာဏလည္း ျဖစ္ပါတယ္။

“ဒါဟာ အေမရိကန္ ကမ္း႐ိုးတန္းတေလွ်ာက္ အေျခခံအေဆာက္အအုံျပဳျပင္ေရး FEMA နဲ႔ Army Corps ကသုံးမယ့္ အေတာ့္ကိုမ်ားတဲ့ ပမာဏပါ။ ေနာက္ၿပီး Federal Highway အေမရိကန္ အေဝးေျပးလမ္းမ်ား စီမံခန္႔ခြဲေရးဌာနလို အုပ္စုေတြကလည္း အနာဂတ္မွာ လမ္းတံတားေတြ သူ႔အလိုလို ဘယ္လိုကာကြယ္မလဲဆိုတာ ႀကံဆလာေစပါတယ္။”

ကမၻာ့ေရမ်က္ႏွာျပင္ ျမင့္တက္လာတာကို အေမရိကန္တႏုိင္ငံတည္း မဟုတ္ဘဲ တကမၻာလုံး ရင္ဆုိင္ေနရတာ ျဖစ္ပါတယ္။

“ပင္လယ္ေရျပင္ ျမင့္တက္လာတဲ့ အေျခအေနနဲ႔ အျပင္းအထန္ ရင္ဆုိင္ေနရတဲ့ ေနာက္ထပ္ေဒသကေတာ့ အေရွ႔ေတာင္အာရွပါ။ ပင္လယ္ေရစီးေၾကာင္းေတြ ေျပာင္းတာ၊ ေရခဲလႊာေတြ အရည္ေပ်ာ္လာတာနဲ႔ လူ႔လုပ္ရပ္ေတြေၾကာင့္ ေျမၿပိဳမႈေတြကို တေပါင္းတည္း ရင္ဆုိင္ေနရတာ ျဖစ္ပါတယ္။”

ဒီႏွစ္ ေႏြရာသီကာလမွာ ဥေရာပတုိက္ႏုိင္ငံေတြနဲ႔ တ႐ုတ္ႏုိင္ငံတို႔က သမုိင္းမွာ မႀကဳံဘူးခဲ့တဲ့ ေရႀကီးေရလွ်ံမႈနဲ႔လည္း အႀကီးအက်ယ္ ရင္ဆုိင္ခဲ့ရပါတယ္။ သိပၸံပညာရွင္ေတြကတာ့ ဥတုရာသီ ေျပာင္းလဲေဖာက္ျပန္မႈေၾကာင့္ ျဖစ္ရတာလို႔ ေျပာၾကပါတယ္။ ဗာဂ်ီးနီးယား ေရေၾကာင္းသိပၸံနဲ႔ Norfolk ၿမိဳ႕ တာဝန္ရွိသူေတြ ပူးေပါင္းၿပီး ေရတက္လာရင္ ျပည္သူေတြကို သတိေပးမယ့္ ဆင္ဆာေပါင္း ၅၀ ေက်ာ္ကို တပ္ဆင္ အသုံးျပဳေနပါတယ္။

"တံတားေအာက္က ေရမ်က္ႏွာျပင္ အထက္ေလးမွာ ဆင္ဆာေတြ တပ္ထားပါတယ္။ အဲဒီက ေဒတာအခ်က္အလက္ေတြကို ပို႔ေပးတဲ့ေနရာမွာလည္း ကုန္က်စရိတ္သက္သာေအာင္ ဆက္တလိုက္ၿဂိဳဟ္တုကို မသုံးဘဲ Broadband မိုဘုိုင္းဖုန္းေဒတာကိုပဲ အသုံးျပဳထားပါတယ္။"

ၿမိဳ႕တာဝန္ရွိသူေတြကလည္း ေရနုတ္ေျမာင္းစနစ္ကို အဆင့္ျမႇင့္တင္ထားၿပီး ေရစုပ္ပုိက္ အႀကီးစားေတြ တပ္ဆင္ထားသလို ၿမိဳ႕ထဲက ေရကာတံတုိင္းေတြကိုလည္း သံေတြ ကြန္ကရစ္ေတြသုံးၿပီး ျပင္ဆင္ေဆာက္လုပ္ထားတာပါ။ သမုိင္းဝင္ေနရာေတြကိုေတာ့ ေဒၚလာ ၁၁၂ သန္းသုံးစြဲၿပီး သဘာဝေဘးအႏၱရာယ္ကေန ကာကြယ္ထားပါတယ္။ ဟာရီကိန္းမုန္တုိင္းေတြေၾကာင့္ ေရႀကီးေရလွ်ံတတ္တဲ့ေနရာက အိမ္ၿခံေျမေစ်းေတြလည္း ထုိးက်ကုန္ပါတယ္။ ဥတုရာသီ ေျပာင္းလဲမႈေတြ တေန႔တျခား ျပင္းထန္ဆိုးရြားလြန္းလာတာေၾကာင့္ အဆင့္ျမင့္နည္းပညာေတြ၊ ကြနကရစ္ အကာအရံေတြ သုံးၿပီး ကာကြယ္ေနေၾကေပမယ့္ လံုေလာက္မယ့္ပုံ မရွိပါဘူး။ ကမ္း႐ုိးတန္းေတြမွာ ေရတက္လာတဲ့အတြက္ အဲဒီကေလူေတြ အျမင့္ပုိင္းကို ေျပာင္းရမယ့္အခ်ိန္ နီးကပ္လာသလို ေျမနိမ့္ပိုင္းေန ျပည္သူတခ်ိဳ႔ေတာ့ ဒီဒဏ္က လြတ္ႏုိင္ၾကမွာ မဟုတ္ဘူးလို႔လည္း သုံးသပ္တာေတြ ရွိပါတယ္။

ဥတုရာသီ ေျပာင္းလဲမွႈဆုိင္ရာ ႏုိင္ငံတကာအဖြဲ႔ IPCC က ေနာက္ဆုံးထုတ္ျပန္တဲ့ အစီရင္ခံံစာမွာလည္း အျခား ဥတုရာသီ ေျပာင္းလဲမႈဒဏ္ေတြနဲ႔အတူ ႏွစ္ေပါင္း ၁၀၀ မွာ တခါျဖစ္တတ္တဲ့ ပင္လယ္ေရျပင္ျမင့္တက္မႈမ်ိဳး ခပ္စိပ္စိပ္ေတြ႔လာေနရၿပီလို႔ သတိေပးထားပါတယ္။ ဆင္းရဲႏြမ္းပါးတဲ့ တုိင္းျပည္ေတြက အဲဒီဒဏ္ကို ပိုၿပီး ရင္ဆုိင္ႀကဳံေတြ႔ေနရတယ္ ဆုိေပမယ့္ ဒီအႏၱရာယ္လက္က ဘယ္သူမွ မလြတ္ဘူးလို႔လည္း ေထာက္ျပထားပါတယ္။

"ခ်မ္းသာတ့ဲတုိင္းျပည္ေတြက ဒီေဘးနဲ႔ မႀကဳံရဘူးဆိုတဲ့သေဘာ မဟုတ္ပါဘူး။ သူတုိ႔မွာ တံတုိင္းေတြေဆာက္ၿပီး ကာကြယ္ႏုိ္င္တဲ့အင္အား ရွိတာေၾကာင့္ ခ်က္ခ်င္းလက္ငင္း ရင္မဆုိုင္ရေသးတဲ့ သေဘာပါ။ ဥတုရာသီ ေျပာင္းလဲမႈေၾကာင့္ လက္ရွိ ေသဆုံးေနရတဲ့သူေတြကို အကာအကြယ္ေပးႏုိင္မယ့္ အစီအမံမ်ိဳးလုပ္ဖို႔ လိုပါတယ္။ တဖက္မွာလည္း ဖန္လုံအိမ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈ အတတ္ႏုိင္ဆုံး ေလွ်ာ့ခ်ေရး တၿပိဳင္တည္း လုပ္ရပါလိမ့္မယ္။”

ကုလသမဂၢကလည္း လာမယ့္ ၂၀၃၀ ခုႏွစ္အေရာက္မွာ လက္ရွိပမာဏထက္ ဖန္လုံအိမ္ဓာတ္ေငြ႔ ထုတ္လႊတ္မႈ တဝက္ေလာက္ေလွ်ာ့ခ်ဖို႔ လတ္တေလာ ကတိျပဳထားပါတယ္။ ႏုိဝင္ဘာလက်ရင္ေတာ့ ၿဗိိတိန္ႏုိင္ငံ စေကာ့တလန္နယ္က Glasgow ၿမိဳ႕မွာ ဥတုရာသီဆုိင္ရာ ညီလာခံ က်င္းပမွာျဖစ္ၿပီး ဥတုရာသီ ေျပာင္းလဲေဖာက္ျပန္မႈအေရး ထပ္ၿပီး အေျဖရွာၾကဦးမွာ ျဖစ္ပါတယ္။ ဒါေပမယ့္္လည္း ကမၻာတဝန္းက ကမ္း႐ိုးတန္းေန ျပည္သူေတြမွာေတာ့ ေရျမင့္တက္မႈဒဏ္ကို လက္ရွိ ရင္ဆုိုင္ေနၾကရၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ကမ္ဘာ့ရေမျက်နှာပြင်မြင့်တက်မှု ကမ်းရိုးတန်းနေသူတွေ ဘယ်လိုရင်ဆိုင်လဲ

"Coast vs Climate" ကမ်းရိုးတန်းများနဲ့ ဥတုရာသီပြောင်းလဲမှု တတိယအပိုင်းမှာတော့ ဥတုရာသီပြောင်းလဲမှု အကျိုးဆက်အဖြစ် ကမ္ဘာ့ရေမျက်နှာပြင် မြင့်တက်လာတာကို ကမ်းရိုးတန်းနေပြည်သူတွေ ဘယ်လိုရင်ဆိုင် အံတုနေကြသလဲဆိုတာ တင်ပြသွားပါမယ်။ အဲဒီနည်းလမ်းတွေထဲမှာ ရေမဝင်နိုင်အောင် အိမ်တွေကို မြှင့်လိုက်တာ၊ ရေတက်လာတာကို စောင့်ကြည့် သတိပေးမယ့် ဆင်ဆာတွေ အသုံးပြုတာနဲ့ ရေကာတံတိုင်းတွေဆောက်ပြီး ကာကွယ်ဖို့ ကြိုးပမ်းနေကြတာတွေ ပါဝင်ပါတယ်။ ရေမျက်နှာပြင်မြင့်တက်မှု အဆိုးဆုံး အနီရောင်အဆင့်အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ဒေသတွေမှာတော့ နောက်ထပ် နည်းလမ်းသစ်တွေပါ အသုံးပြုနေကြတာပါ။ Veronica Balderas Iglesias ရဲ့ သတင်းလွှာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ အရှေ့ဘက်ပိုင်း ဗာဂျီးနီးယားပြည်နယ်၊ Norfolk မြို့ဟာ နိုင်ငံတွင်း ရေမြင့်တက်လာတဲ့ဒဏ်ကို ဒုတိယအဆိုးဆုံး ကြုံနေရတဲ့ ကမ်းခြေမြို့ ဖြစ်ပါတယ်။ ဒီရေတွေ မြင့်တက်လာတာကို ကမ်းရိုးတန်းတလျှောက် အထင်အရှား တွေ့မြင်နိုင်ပါတယ်။ ဒီဖြစ်ရပ်အားလုံးဟာ လူသားတွေရဲ့ လုပ်ရပ်ကြောင့် ပေါ်ပေါက်လာရတာပါ။ ခုတွေ့မြင်နေရတဲ့ ရေငန်တွေမှာ ပေါက်လေ့ရှိတဲ့ မြက်တွေဟာ ဒီရေတွေနဲ့အတူ ရောက်လာပုံရပါတယ်။ မြက်ခင်းတွေနေရာမှာ ရေငန်မြက်ပင်တွေ အစားထိုး နေရာယူနေကြပါပြီ။ မကြာခဏ မိုးရွာသွန်းပြီး မိုးသည်းထန်တဲ့အတွက် ရေကြီးရေလျှံမှုတွေလည်း အဖြစ်များလာပါတယ်။

ဒါကြောင့်လည်း Nina Olander တို့လို ဒေသခံတွေက ရေမဝင်နိုင်အောင် အိမ်တွေကို မြှင့်ဖို့ ပြည်ထောင်စုအစိုးရဆီက အကူအညီတွေ လိုလားနေပါတယ်။

“အိမ်ကို မြှင့်ဖို့အတွက် ဒေါ်လာ ၄ သိန်းခွဲလောက်ကျမယ်လို့ ကန်ထရိုက်တာတွေက ပြောပါတယ်။ နောက်ပြီး အဲဒီလို လုပ်နေတဲ့အချိန် တခြားမှာ ၈ လလောက် သွားနေရမှာလေ။ အဲဒီအချိန်မှာ အိမ်ကြွေးလည်း ဆက်ပြီးဆပ်ရမယ်၊ နောက်ပြီး အိမ်ငှားခကလည်း ရှိသေးတယ်ရှင့်။”

ဒါက အိမ်ထောင်စုတခုအတွက် ကုန်ကျစရိတ်ပဲ ရှိပါသေးတယ်။ ဥတုရာသီ ပြောင်းလဲမှုကြောင့် ထိခိုက်ပျက်စီးရတာတွေကို ပြင်ဆင်နိုင်ဖို့ သမ္မတ ဂျိုးဘိုင်ဒန်က ဒေါ်လာသန်း ၅၀၀ ထိ သုံးစွဲဖို့ သြဂုတ်လမှာ အတည်ပြုပေးခဲ့ပါတယ်။ ဒါကတော့ ဗဟိုအစိုးရ အရေးပေါ် စီမံခန့်ခွဲရေးဌာန FEMA မှာ အရင်တုန်းက မရှိခဲ့ဘူးတဲ့ ဘဏ္ဍာငွေပမာဏလည်း ဖြစ်ပါတယ်။

“ဒါဟာ အမေရိကန် ကမ်းရိုးတန်းတလျှောက် အခြေခံအဆောက်အအုံပြုပြင်ရေး FEMA နဲ့ Army Corps ကသုံးမယ့် အတော့်ကိုများတဲ့ ပမာဏပါ။ နောက်ပြီး Federal Highway အမေရိကန် အဝေးပြေးလမ်းများ စီမံခန့်ခွဲရေးဌာနလို အုပ်စုတွေကလည်း အနာဂတ်မှာ လမ်းတံတားတွေ သူ့အလိုလို ဘယ်လိုကာကွယ်မလဲဆိုတာ ကြံဆလာစေပါတယ်။”

ကမ္ဘာ့ရေမျက်နှာပြင် မြင့်တက်လာတာကို အမေရိကန်တနိုင်ငံတည်း မဟုတ်ဘဲ တကမ္ဘာလုံး ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

"ပင်လယ်ရေပြင် မြင့်တက်လာတဲ့ အခြေအနေနဲ့ အပြင်းအထန် ရင်ဆိုင်နေရတဲ့ နောက်ထပ်ဒေသကတော့ အရှေ့တောင်အာရှပါ။ ပင်လယ်ရေစီးကြောင်းတွေ ပြောင်းတာ၊ ရေခဲလွှာတွေ အရည်ပျော်လာတာနဲ့ လူ့လုပ်ရပ်တွေကြောင့် မြေပြိုမှုတွေကို တပေါင်းတည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။"

ဒီနှစ် နွေရာသီကာလမှာ ဥရောပတိုက်နိုင်ငံတွေနဲ့ တရုတ်နိုင်ငံတို့က သမိုင်းမှာ မကြုံဘူးခဲ့တဲ့ ရေကြီးရေလျှံမှုနဲ့လည်း အကြီးအကျယ် ရင်ဆိုင်ခဲ့ရပါတယ်။ သိပ္ပံပညာရှင်တွေကတာ့ ဥတုရာသီ ပြောင်းလဲဖောက်ပြန်မှုကြောင့် ဖြစ်ရတာလို့ ပြောကြပါတယ်။ ဗာဂျီးနီးယား ရေကြောင်းသိပ္ပံနဲ့ Norfolk မြို့ တာဝန်ရှိသူတွေ ပူးပေါင်းပြီး ရေတက်လာရင် ပြည်သူတွေကို သတိပေးမယ့် ဆင်ဆာပေါင်း ၅၀ ကျော်ကို တပ်ဆင် အသုံးပြုနေပါတယ်။

"တံတားအောက်က ရေမျက်နှာပြင် အထက်လေးမှာ ဆင်ဆာတွေ တပ်ထားပါတယ်။ အဲဒီက ဒေတာအချက်အလက်တွေကို ပို့ပေးတဲ့နေရာမှာလည်း ကုန်ကျစရိတ်သက်သာအောင် ဆက်တလိုက်ဂြိုဟ်တုကို မသုံးဘဲ Broadband မိုဘိုင်းဖုန်းဒေတာကိုပဲ အသုံးပြုထားပါတယ်။"

မြို့တာဝန်ရှိသူတွေကလည်း ရေနုတ်မြောင်းစနစ်ကို အဆင့်မြှင့်တင်ထားပြီး ရေစုပ်ပိုက် အကြီးစားတွေ တပ်ဆင်ထားသလို မြို့ထဲက ရေကာတံတိုင်းတွေကိုလည်း သံတွေ ကွန်ကရစ်တွေသုံးပြီး ပြင်ဆင်ဆောက်လုပ်ထားတာပါ။ သမိုင်းဝင်နေရာတွေကိုတော့ ဒေါ်လာ ၁၁၂ သန်းသုံးစွဲပြီး သဘာဝဘေးအန္တရာယ်ကနေ ကာကွယ်ထားပါတယ်။ ဟာရီကိန်းမုန်တိုင်းတွေကြောင့် ရေကြီးရေလျှံတတ်တဲ့နေရာက အိမ်ခြံမြေဈေးတွေလည်း ထိုးကျကုန်ပါတယ်။ ဥတုရာသီ ပြောင်းလဲမှုတွေ တနေ့တခြား ပြင်းထန်ဆိုးရွားလွန်းလာတာကြောင့် အဆင့်မြင့်နည်းပညာတွေ၊ ကွနကရစ် အကာအရံတွေ သုံးပြီး ကာကွယ်နေကြေပေမယ့် လုံလောက်မယ့်ပုံ မရှိပါဘူး။ ကမ်းရိုးတန်းတွေမှာ ရေတက်လာတဲ့အတွက် အဲဒီကလေူတွေ အမြင့်ပိုင်းကို ပြောင်းရမယ့်အချိန် နီးကပ်လာသလို မြေနိမ့်ပိုင်းနေ ပြည်သူတချို့တော့ ဒီဒဏ်က လွတ်နိုင်ကြမှာ မဟုတ်ဘူးလို့လည်း သုံးသပ်တာတွေ ရှိပါတယ်။

ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့ IPCC က နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံံစာမှာလည်း အခြား ဥတုရာသီ ပြောင်းလဲမှုဒဏ်တွေနဲ့အတူ နှစ်ပေါင်း ၁၀၀ မှာ တခါဖြစ်တတ်တဲ့ ပင်လယ်ရေပြင်မြင့်တက်မှုမျိုး ခပ်စိပ်စိပ်တွေ့လာနေရပြီလို့ သတိပေးထားပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ တိုင်းပြည်တွေက အဲဒီဒဏ်ကို ပိုပြီး ရင်ဆိုင်ကြုံတွေ့နေရတယ် ဆိုပေမယ့် ဒီအန္တရာယ်လက်က ဘယ်သူမှ မလွတ်ဘူးလို့လည်း ထောက်ပြထားပါတယ်။

"ချမ်းသာတဲ့တိုင်းပြည်တွေက ဒီဘေးနဲ့ မကြုံရဘူးဆိုတဲ့သဘော မဟုတ်ပါဘူး။ သူတို့မှာ တံတိုင်းတွေဆောက်ပြီး ကာကွယ်နိုင်တဲ့အင်အား ရှိတာကြောင့် ချက်ချင်းလက်ငင်း ရင်မဆိုင်ရသေးတဲ့ သဘောပါ။ ဥတုရာသီ ပြောင်းလဲမှုကြောင့် လက်ရှိ သေဆုံးနေရတဲ့သူတွေကို အကာအကွယ်ပေးနိုင်မယ့် အစီအမံမျိုးလုပ်ဖို့ လိုပါတယ်။ တဖက်မှာလည်း ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု အတတ်နိုင်ဆုံး လျှော့ချရေး တပြိုင်တည်း လုပ်ရပါလိမ့်မယ်။”

ကုလသမဂ္ဂကလည်း လာမယ့် ၂၀၃၀ ခုနှစ်အရောက်မှာ လက်ရှိပမာဏထက် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု တဝက်လောက်လျှော့ချဖို့ လတ်တလော ကတိပြုထားပါတယ်။ နိုဝင်ဘာလကျရင်တော့ ဗြိတိန်နိုင်ငံ စကော့တလန်နယ်က Glasgow မြို့မှာ ဥတုရာသီဆိုင်ရာ ညီလာခံ ကျင်းပမှာဖြစ်ပြီး ဥတုရာသီ ပြောင်းလဲဖောက်ပြန်မှုအရေး ထပ်ပြီး အဖြေရှာကြဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာတဝန်းက ကမ်းရိုးတန်းနေ ပြည်သူတွေမှာတော့ ရေမြင့်တက်မှုဒဏ်ကို လက်ရှိ ရင်ဆိုင်နေကြရပြီ ဖြစ်ပါတယ်။

XS
SM
MD
LG