သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဂျာနယ်လစ်တွေ ရုရှားလွှတ်တော် ဝင်ခွင့်ပိတ်မည်


အမေရိကန် မီဒီယာတွေက သတင်းသမားတွေ အားလုံးကို မော်စကိုမှာရှိတဲ့ အောက်လွှတ်တော်တွင်း ဝင်ခွင့်ပိတ်ပင်ရေးအတွက် ဥပဒေတရပ် ထုတ်ပြန်ဖို့ ရုရှား လွှတ်တော်အမတ်တွေ ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။

ဒါဟာ အမေရိကန် လွှတ်တော်အဆောက်အဦးတွင်းကို ရုရှားအစိုးရ ငွေကြေးထောက်ပံ့နေတဲ့ RT ရုပ်သံ သတင်းဌာနက သတင်းသမားတွေ ဝင်ရောက်ခွင့် အမေရိကန်က ပိတ်ပင်လိုက်တာနဲ့ ပတ်သက်ပြီး လုပ်ဆောင်မှုဖြစ်ကြောင်း ရုရှား အောက်လွှတ်တော်အမတ် Olga Savastyanova က သောကြာနေ့မှာ ရုရှားသတင်းဌာန တွေကို ပြောကြားခဲ့ပါတယ်။

ဒါဟာ အမေရိကန် နိုင်ငံတွင်းက ရုရှားသတင်းထောက်တွေနဲ့ ရုရှားနိုင်ငံတွင်းက အမေရိကန် သတင်းထောင်တွေနဲ့ ပတ်သက်ပြီး အပြန်အလှန် စည်းမျဉ်း စည်းကမ်းတွေ ထုတ်ပြန်နေမှုရဲ့နောက်ဆုံး ဖြစ်ရပ်ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့တုန်းက လွှတ်တော်တွင်း ရေဒီယိုနဲ့ ရုပ်သံ သတင်းထောင်တွေ ဆုံဆည်းရာ နေရာမှာ RT ရုပ်သံ သတင်းဌာနကို လွှတ်တော်အတွင်း သတင်းယူခွင့် ထုတ်မပေးတော့ကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ RT ရုပ်သံ သတင်းဌာနဟာ နိုင်ငံရပ်ခြား အဖွဲ့ အနေနဲ့ မှတ်ပုံတင်ထားတာမို့ နိုင်ငံရပ်ခြား အဖွဲ့တွေကို လွှတ်တော်တွင်း ဝင်ခွင့်မပြု တာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

ရုရှားသမ္မတ Vladimir Putin ကလည်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ နိုင်ငံရပ်ခြားက ငွေကြေးထောက်ပံ့တဲ့ သတင်းမီဒီယာ အဖွဲ့တွေကို နိုင်ငံရပ်ခြား အဖွဲ့အဖြစ်သတ်မှတ်ကြောင်း ဥပဒေကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ဂျာနယ်လစ်တွေ ရုရှားလွှတ်တော် ဝင်ခွင့်ပိတ်မည်
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG