သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား-အီဂျစ် စစ်ရေးပူးပေါင်း ဆောင်ရွက်တော့မည်


အီဂျစ်နဲ့ ရုရှားတို့ကြား စစ်ရေးပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြတော့မယ်လို့ အာရပ် သတင်း တွေမှာ ဖေါ်ပြကြပါတယ်။ ဒီသဘောတူညီချက်ကနေ ၂ နိုင်ငံကြားမှာ တဖက်နိုင်ငံရဲ့ လေတပ်အခြေစိုက်စခန်းတွေနဲ့ ဝေဟင်မှာ ပျံသန်းခွင့်ကို နောက်တနိုင်ငံက ၅ နှစ် တာ အသုံးပြုခွင့်ရမှာ ဖြစ်ပါတယ်။

ရုရှားသတင်းတွေမှာတော့ ရုရှားဝန်ကြီးချုပ် Dmitry Medvedev က ကာကွယ်ရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ သဘောတူညီချက် မူကြမ်းကို အတည်ပြုပေးလိုက်ပြီလို ဖေါ်ပြထားပါတယ်။

၁၉၇၂ ခုနှစ်တုန်းက အီဂျစ်သမ္မတ Anwar Sadat က ဆိုဗီယက် စစ်ရေးအကြံပေးတွေကို နိုင်ငံကနေ နှင်ထုတ်ခဲ့တဲ့ နောက်ပိုင်း နှစ်ပေါင်း ၄၅ ကျော် စစ်ရေးအဆက်အသွယ် ဖြတ်တောက်ထားရာကနေ ဗုဒ္ဓဟူးနေ့ကတော့ ရုရှား ကာကွယ်ရေး ဝန်ကြီး Sergei Shoigu အီဂျစ်နိုင်ငံကို လာရောက်ခဲ့ပြီး အခုလို စစ်ရေး အဆက်သွယ် ပြန်လည် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ရုရှားဝန်ကြီးချုပ် Dmitry Medvedev က ကာကွယ်ရေးဝန်ကြီး ရေးဆွဲခဲ့တဲ့ သဘောတူညီချက် မူကြမ်းကို လက်မှတ်ရေးထိုးပေးခဲ့တာ မို့ အခုကစပြီး နောက် ၅ နှစ်အတွင်း ၂ နိုင်ငံ ဝေဟင်ပိုင်နက်တွေ သုံးခွင့်ရကြတော့မှာ ဖြစ်ပါတယ်။ ရုရှား စစ်တပ်တွေဟာ မကြာသေးခင် လတွေ အတွင်းမှာပဲ လစ်ဗျားနိုင်ငံတွင်း စစ်ရေးလှုပ်ရှားမှုတွေမှာ အီဂျစ်ပိုင်အဆောက်အဦးတွေကို အသုံးပြုခဲ့ကြတယ်လို့ အာရပ် သတင်းတွေမှာ ဖေါ်ပြပါတယ်။

ကိုင်ရိုကို ရောက်နေတဲ့ ရုရှားကာကွယ်ရေး ဝန်ကြီး Shoigu ကတော့ အခုလို ၂ နိုင်ငံကြား စစ်ရေးဆက်ဆံမှု အဆင်ပြေလာတာကို ချီးကြူး ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ဆိုင်နိုင်း မြောက်ပိုင်းက ဗလီမှာ ဝတ်ပြုဆုတောင်းသူ ၃၀၀ ကျော် အသတ်ခံခဲ့ရမှု အပါအဝင် အီဂျစ်က အကြမ်းဖက် တိုက်ခိုက်မှုတွေ တိုးလာခဲ့တဲ့ နောက်ပိုင်း အခုလို ရုရှားနဲ့ စစ်ရေး ဆက်ဆံမှု တိုးမြှင့်လာခဲ့တာ ဖြစ်ပါတယ်။ အစ္စလန်မစ် စစ်သွေးကြွတွေဟာ အောက်တု်ဘာလတုန်းကလည်း ကိုင်ရိုမြို့ပြင်မှာ လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တာပါ။

ရုရှား-အီဂျစ် စစ်ရေးပူးပေါင်း ဆောင်ရွက်တော့မည်
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG