သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအခြေစိုက် Kaspersky ထုတ် Cyber လုံခြုံရေးပစ္စည်း အသုံးပြုမှု ကန်အစိုးရ တားမြစ်


ရုရှားနိုင်ငံ၊ မော်စကိုမြို့တော် အခြေစိုက် ဆိုင်ဘာ လုံခြုံရေးကုမ္ပဏီ Kaspersky Lab ရဲ့ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေ အားလုံးကို ဖယ်ရှားပစ်ဖို့ အမေရိကန် လုံခြုံရေး တာဝန်ရှိသူတွေက အမေရိကန် အစိုးရဌာနတွေကို ညွှန်ကြားထားပါတယ်။

အမိမြေလုံခြုံရေးဌာန DHS ယာယီဝန်ကြီး Elaine Duke က ဗုဒ္ဓဟူးနေ့မှာ အဲဒီညွှန်ကြားချက်ကို ထုတ်ပြန်တာ ဖြစ်ပြီး ရက်ပေါင်း ၉၀ အတွင်း လိုက်နာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဖက်ဒရယ် အစိုးရရဲ့သတင်းအချက်အလက် နည်းပညာ စနစ်ထဲမှာ Kaspersky ထုတ်ကုန်တွေကို အသုံးပြုတာကြောင့် သတင်း အချက်အလက် လုံခြုံရေး အန္တရာယ် ရှိလာတဲ့ အပေါ် အခြေခံပြီး အခုလို လုပ်ဆောင်တာလို့ DHS ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အဓိက စိုးရိမ်ချက်တွေကတော့ Kaspersky ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ ရုရှား ထောက်လှမ်းရေးတွေ၊ တခြားအစိုးရ ဌာနတွေကြား အဆက်အစပ် ရှိနေတာပဲ ဖြစ်တယ်လို့ DHS ကပြောပါတယ်။

ဒါဟာ ကျနော်တို့ ချမှတ်ဖို့ လိုအပ်တဲ့ စွန့်စားရတဲ့ ဆုံးဖြတ်ချက်ပါလို့ သမ္မတ အိမ်ဖြူတော်၊ ဆိုင်ဘာလုံခြုံရေး ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေးမှူး Robert Joyce က ဝါရှင်တန်မှာ ကျင်းပတဲ့ Billingotn ဆိုင်ဘာလုံခြုံရေး ထိပ်သီးအစည်းအဝေး အတွင်း ပြောပါတယ်။

သူလျှိုလုပ်ငန်းတွေ အတွက် ရုရှားကို အကူအညီ ပေးတယ်ဆိုတာ Kaspersky ကုမ္ပဏီက ထပ်ခါတလဲလဲ ငြင်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG