သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအပေါ် ဒဏ်ခတ်မှု အားဖြည့်ဖို့ ကန်လွှတ်တော် တခဲနက် အတည်ပြု


မော်စကိုမြို့တော်က ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန။ မတ်လ ၁ ရက် ၂၀၁၅။
မော်စကိုမြို့တော်က ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန။ မတ်လ ၁ ရက် ၂၀၁၅။

၂၀၁၆ သမ္မတ ရွေးကောက်ပွဲမှာ သြဇာလွှမ်းမိုးဖို့ လုပ်ဆောင်ခဲ့တာကို ဒဏ်ခတ်တဲ့ အနေနဲ့ ရုရှားနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူမှုတွေကို ပြန်လည်ပြင်ဆင်ချက် အမေရိကန် အထက်လွှတ်တော်က ဗုဒ္ဓဟူးနေ့မှာ တခဲနက် အတည်ပြုလိုက်ပါတယ်။

တည်ဆဲ ဒဏ်ခတ်အရေးယူမှု တွေကို သမ္မတ လျှော့ပေါ့၊ ဆိုင်းငံ့၊ ရုပ်သိမ်းမယ်ဆိုရင် ကွန်ဂရက်လွှတ်တော်ရဲ့ သုံးသပ်မှုကို ခံယူရမယ်လို့ လည်း အခုပြုပြင် ပြဌာန်းချက်မှာ ဖေါ်ပြထားပါတယ်။

အီရန်နိုင်ငံ အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်မှုတွေကိုလည်း အလားတူ ပြင်ဆင်နိုင်ဖို့ စဉ်းစားနေကြပြီ ဖြစ်ပါတယ်။

အခု ပြင်ဆင်ချက်ဟာ ရုရှား လက်ရှိ စွမ်းအင်စီမံကိန်းတွေ အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်မှုတွေကို ပိုမိုခိုင်မာစေမှာ ဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖေါက်မှုနဲ့ ပတ်သက်တဲ့ ကိစ္စ၊ ဆီးရီးယား အစိုးရကို လက်နက် ထောက်ပံ့တဲ့ ကိစ္စ၊ မရိုးဖြောင့်တဲ့ ဆိုက်ဘာ လုပ်ရပ်တွေ ကိစ္စ၊ ရုရှား ထောက်လှမ်းရေး၊ ကာကွယ်ရေးနဲ့ လုပ်ဆောင်နေတဲ့ စီးပွားရေး လုပ်ငန်းတွေအပေါ် ဒဏ်ခတ်မှု အသစ်တွေလည်း ချမှတ်လာမှာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကတော့ ဒီလိုတဖက်သတ် ဒဏ်ခတ်အရေးယူမှုက ဘယ်လောက် ထိရောက်မှု ရှိမှာလည်းလို့ ဝေဖန် မေးခွန်း ထုတ်လိုက်ပါတယ်။

ရွေးကောက်ပွဲမှာ ရုရှား ဝင်ရောက်စွက်ဖက်တယ် ဆိုတဲ့ စွပ်စွဲချက်ကို Trump အစိုးရက တောက်လျှောက် ငြင်းဆန်နေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG