သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝှမ်း ဆိုက်ဘာတိုက်ခိုက်မှု ယခင်ကထက် ပိုခေတ်မီ


ယူကရိန်း ဝန်ကြီးချုပ် တင်ထားတဲ့ ဆိုက်ဘာတိုက်ခိုက်ခံရတဲ့ ကွန်ပျူတာပုံ။
ယူကရိန်း ဝန်ကြီးချုပ် တင်ထားတဲ့ ဆိုက်ဘာတိုက်ခိုက်ခံရတဲ့ ကွန်ပျူတာပုံ။

အင်္ဂါနေ့က ဖြစ်ပွါးခဲ့တဲ့ Cyberattack လို့ ခေါ်တဲ့ အင်တာနက်က တဆင့် တိုက်ခိုက်မှုတွေဟာ အရင်တခေါက် ဆိုက်ဘာ တိုက်ခိုက်မှုတွေလို ငွေညှစ်တဲ့ တိုက်ခိုက်မှုမျိုး ဖြစ်ပေမဲ့ အရင်ကထက် ပိုပြီး ခေတ်မီပြီး အားနည်းချက်တွေ အပေါ် အခွင့်ကောင်းယူ ခဲ့တာ တွေ့တယ်လို့ ဥရောပ ရဲတပ်ဖွဲ့က ပြောလိုက်ပါတယ်။

အရင် WannaCry အင်တာနက် ဖောက်ထွင်းမှု အရ ပြီးခဲ့တဲ့လက ဗြိတိန်ဆေးရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အခုတခေါက် ဆိုက်ဘာ အင်တာနက် တိုက်ခိုက်မှုကတော့ ကမ္ဘာတဝှမ်းက ကုမ္မဏီတွေ အတိုက်အခိုက် ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့မေလ ဆိုက်ဘာ တိုက်ခိုက်မှုကြောင့် ဗြိတိန်က ဆေးရုံတွေမှာ ခွဲစိတ် ကုသမှုတွေ ဖျက်သိမ်းခဲ့ရပြီး အရေးပေါ် လူနာတင်ကားတွေကို ဆေးရုံအဖြစ် အသုံးပြုခဲ့ရပါတယ်။ အခုတခေါက် တိုက်ခိုက်မှုက နောက်တကြိမ် ပြင်းထန်တဲ့ ငွေညှစ် တိုက်ခိုက်မှုပဲလို့ ဥရောပ ရဲတပ်ဖွဲ့ ညွန်ကြားရေးမှုး Rob Wainwright ကပြောပါတယ်။

ဆိုက်ဘာ အင်တာနက် တိုက်ခိုက်မှုတွေကို တားဆီးရပ်တန့်ဖို့သုတေသီတွေက နည်းလမ်းရှာတွေ့ ခဲ့ပေမဲ့လည်း လူသုံးရာလောက်က ဆိုက်ဘာ တိုက်ခိုက်သူတွေ တောင်းတဲ့ငွေတွေ ပေးပြီးသွားပါပြီ။ အင်္ဂါနေ့ ဆိုက်ဘာ တိုက်ခိုက်မှုကြောင့် အမေရိကန်၊ ရုရှား၊ ပြင်သစ်၊ ဗြိတိန်နဲ့အိန္ဒိယက အကြီးဆုံး ကုန်တင်ဆိပ်ကမ်း အပါအဝင် ကမ္ဘာတဝှမ်း ၆၄ နိုင်ငံက ကုမ္မဏီတွေ ထိခိုက်ခဲ့ရပါတယ်။

အခု ဆိုက်ဘာ တိုက်ခိုက်မှုဟာ ကွန်ပြူတာ အင်တာနက်အတွင်း Ransomware လို့ခေါ်တဲ့ ငွေညှစ်တောင်းယူတဲ့ ဆော့ဖ်ဝဲကို သုံးပြီး တောင်းတဲ့ငွေ မပေးမချင်း လုပ်ငန်းသုံး ကွန်ပြူတာတွေ အလုပ်မလုပ်နိုင်အောင် ထိန်းချုပ်ထားတဲ့ နည်းပါ။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG