သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်လွှတ်တော်အမတ်တွေရဲ့ အီးမေးလ် တိုက်ခိုက်ခံရ


ဗြိတိန်ပါလီမန်
ဗြိတိန်ပါလီမန်

ဗြိတိန် ပါလီမန် အီးမေလ်း အသုံးပြုသူတွေရဲ့ အကောင့်တွေကို မနေ့ စနေနေ့က ဆိုက်ဘာ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး စုံးစမ်းစစ်ဆေးနေပါတယ်။ အားနည်းချက်ရှိတဲ့ အီးမေလ်း Passwrod တွေကို ဖော်ထုတ်ဖို့ ပစ်မှတ်ထား တိုက်ခိုက်ပုံ ရတယ်လို့ ပါလီမန် တာဝန်ရှိသူတွေက ပြောပါတယ်။

ဆိုက်ဘာတိုက်ခိုက်မှုကို ကာကွယ်တဲ့ အနေနဲ့ လွှတ်တော်အမတ်တွေ အပြင်ကနေ အီးမေလ်း အသုံးပြုခွင့်ကို ပိတ်လိုက်တယ်လို့ ဗြိတိန် အောက်လွှတ်တော်ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ပါလီမန် တာဝန်ရှိသူတွေကနေ ပေးပို့တဲ့ အီးမေလ်းထဲမှာတော့ ကွန်ပျူတာ ကွန်ယက်ထဲမှာ ဒီမနက် ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေ၊ ဆိုက်ဘာ ဖောက်ထွင်း တိုက်ခိုက်ဖို့ ကြိုးစားခဲ့တဲ့ အထောက်အထားတွေ တွေ့ရကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ပါလီမန်ထဲက အီးမေလ်း အကောင့် အားလုံးထဲက အားနည်းချက်ရှိတဲ့ Password တွေကို ဖော်ထုတ်ဖို့ ရည်ရွယ်ချက်နဲ့ အင်တာနက် ဖောက်ထွင်းသူ Hackers တွေက ဆိုက်ဘာ တိုက်ခိုက်မှုလုပ်ခဲ့တာကို အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုကနေအတည်ပြုကြောင်းလည်း ပါလီမန် တာဝန်ရှိသူတွေ ပေးပို့တဲ့ အီးမေလ်းမှာ ဖော်ပြထားပါတယ်။ ဘယ်နှယောက် ဆိုက်ဘာ တိုက်ခိုက်ခံခဲ့ရ သလဲဆိုတာနဲ့ ဘာတွေ ထိခိုက်ခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အမျိုးသား ဆိုက်ဘာ လုံခြုံရေးဌာနနဲ့ အမျိုးသား ရာဇဝတ်မှုဆိုင်ရာ ဌာနတို့ကနေ စုံစမ်းစစ်ဆေးနေပါတယ်။ လွှတ်တော် အမတ်တွေရဲ့ Password တွေကို အင်တာနက် ဖောက်ထွင်းသူ ဟက်ကာတွေက အွန်လိုင်းပေါ်မှာ ရောင်းချနေတယ်ဆိုပြီး ဗြိတိန် မီဒီယာမှာ သတင်းတွေ ထွက်ပေါ်လာပြီး ရက်ပိုင်း အတွင်းမှာဘဲ ဒီ ဆိုက်ဘာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG