သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Brexit အလွန် ဥရောပ-ဗြိတိန် ဆက်ဆံရေး


ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံ ခွဲထွက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ နောက်မှာ ဥရောပအနေနဲ့ ဗြိတိန်နဲ့ လက်တွေ့ကျတဲ့ ဆက်ဆံရေး တရပ် ထူထောင် ဖို့ လိုအပ်နေပြီလို့ ဥရောပသမဂ္ဂ အကြီးအကဲက ပြောကြားခဲ့ပေမယ့် အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်ဖို့ တော့ တိုက်တွန်းခဲ့ပါတယ်။

ကြာသပတေးနေ့ ဘရပ်ဆဲလ်မှာ ဥရောပ ခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ ဥရောပ ပါလီမန်ဥက္ကဌ Antonio Tajani က အခုလို ပြောကြားလိုက်တာပါ။ ဗြိတိန်ဟာ ဥရောပသမဂ္ဂ ကနေခွဲထွက်တာ ဖြစ်ပြီး ဥရောပကနေခွဲသွားတာ မဟုတ်ကြောင်းနဲ့ သူတို့ ခွဲထွက် သွားပြီးတဲ့ နောက်မှာ ဆက်ဆံရေးကောင်းဖို့ လမ်းဖွင့်ထားရေးဟာ အရေးကြီးတယ်လို့ ဆိုပါတယ်။

ဥရောပခေါင်းဆောင်တွေရဲ့ ၂ ရက်ကြာဆွေးနွေးပွဲကို ဘရပ်ဆဲလ်မှာ ကြာသပတေးနေ့ က စတင်ခဲ့တာ ဖြစ်ပြီး ဒီအစည်းအဝေးမှာ ဗြိတိန်ခွဲထွက်မှု နဲ့ အတူ အကြမ်းဖက်ဝါဒဆိုင်ရာ၊ ရွှေ့ပြောင်းအခြေချမှုနဲ့ ဥရောပတလွှား ရင်ဆိုင်နေရတဲ့ တခြားပြဿနာတွေကို ဆွေးနွေးကြတာ ဖြစ်ပါတယ်။

ဒီအစည်းအဝေး မတိုင်ခင်မှာပဲ အပြုသဘောဆောင်တဲ့ ညှိနှိုင်းမှုတွေလုပ်ဖို့ စဉ်းစားနေကြောင်း ဗြိတိသျှ ဝန်ကြီးချုပ်Theresa May က သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင် အီးယူကနေ ဗြိတိန်ခွဲထွက်တဲ့အတွက် အီးယူနိုင်ငံတွေမှာ နေထိုင်တဲ့ ဗြိတိသျှ နိုင်ငံသားတွေနဲ့ ဗြိတိန်မှာ နေထိုင်တဲ့ အီးယူနိုင်ငံတွေက နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်တွေဘယ်လို အကာကွယ်ပေးရမယ် ဆိုတာနဲ့ သူတို့အပေါ် ရိုက်ခတ်မယ့် အခြေနေတွေကို ကြသပတေးနေ့ အစည်းအဝေးမှာ ဦးစားပေး ဆွေးနွေးမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဗြိတိန်နိုင်ငံထဲမှာ ဥရောပတလွှားက အဖွဲ့အစည်းတွေရဲ့ လက်ရှိ ဌာနချုပ်တွေအတွက် ကျန် အီးယူနိုင်ငံ ၂၇ နိုင်ငံက နေရာသစ်တွေကို ရွေးချယ်ပြီးပြီး လို့လည်း အီးယူ အကြီးအကဲ Donald Tusk ကပြောပါတယ်။ ဗြိတိန်ခွဲထွက်ပြီးတဲ့ နောက် ဒုက္ခသည်များအရေး စီမံခန့်ခွဲမှု ဘယ်လို့ လုပ်ဆောင်မယ်ဆိုတာနဲ့ ပတ်သက်ပြီး အီးယူအဖွဲ့ဝင် နိုင်ငံတွေ အငြင်းပွါးနေတာမို့ ဒီဥရောပ စီမံကိန်းကို ပြန်စဖို့ ဂျာမဏီနိုင်ငံနဲ့ အတူ လက်တွဲ လုပ်ဆောင်သွားမယ်လို့ ပြင်သစ် သမ္မတ Emmanuel Macron က ကတိပြုခဲ့ပါတယ်။

Brexit အလွန် ဥရောပ-ဗြိတိန် ဆက်ဆံရေး
please wait

No media source currently available

0:00 0:01:38 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG