သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိသျှဝန်ကြီးချုပ် May အစိုးရသစ် ဖွဲ့စည်း


ဗြိတိသျှဝန်ကြီးချုပ် May အစိုးရသစ် ဖွဲ့စည်း
ဗြိတိသျှဝန်ကြီးချုပ် May အစိုးရသစ် ဖွဲ့စည်း

လူမှုရေးဆိုင်ရာ ကိစ္စရပ်တွေအပါအဝင် Brexit လို့ခေါ်တဲ့ ဗြိတိန်နိုင်ငံ အီးယူထဲကနေ အောင်မြင်စွာ နုတ်ထွက်ရေး အာရုံစိုက် လုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ပြဿနာမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ ဗြိတိန်ဝန်ကြီးချုပ် Theresa May ဟာ အစိုးရ ဝန်ကြီးအဖွဲ့သစ်ကို ကြေညာလိုက်ပါတယ်။

အသစ်ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့ထဲမှာ ကွန်ဆာဗေးတစ်ပါတီတခုလုံးအတွင်းက အစွမ်းအစရှိသူတွေကို ထည့်သွင်းထားကြောင်း ဝန်ကြီးချုပ် May က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

အလုပ်အကိုင်နဲ့ ခံစားခွင့်ရေးရာ ဝန်ကြီးဟောင်း၊ Damian Green ကို First Secretary of State လို့ခေါ်တဲ့ ဒုတိယဝန်ကြီးချုပ်အဆင့်နဲ့ အဆင့်အတန်းတူတဲ့ သူမရဲ့လက်ထောက် ရာထူးနေရာကို ခန့်အပ်လိုက်ပါတယ်။

Mr. Green ရဲ့ နေရာကိုတော့ ဘဏ္ဍာရေးဝန်ကြီး David Gauke ကို အစားထိုးခန့်အပ်လိုက်ပြီး တချိန်ထဲမှာပဲ အောက်လွှတ်တော် ခေါင်းဆောင် David Lidington ကို တရားရေးဝန်ကြီး ရာထူး အပ်နှင်းလိုက်ပါတယ်။

ပြစ်တင်ဝေဖန်မှုတွေနဲ့ ကြုံနေရတဲ့ တရားရေးဝန်ကြီး Liz Truss ကို Gauke ရဲ့ နေရာဖြစ်တဲ့ ဘဏ္ဍာရေး ဝန်ကြီးအဖြစ် ဝန်ကြီးချုပ်က ပြောင်းလဲ ခန့်ထားလိုက်ပါတယ်။

ထင်မှတ်မထားတဲ့ ခန့်အပ်မှုအသစ်တခုကတော့ ဝန်ကြီးချုပ် May က အစိုးရအဖွဲ့အတွင်းကနေ ထုတ်ပယ်ထားတာ တနှစ် မပြည့်သေးတဲ့ Michael Gove ကို သဘာ၀ ပတ်ဝန်းကျင်နဲ့ စိုက်ပျိုးရေးဝန်ကြီး နေရာကို ခန့်အပ်လိုက်တာဖြစ်ပါတယ်။

Boris Johnson ကတော့ နိုင်ငံခြားရေးဝန်ကြီး ရာထူးကို ဆက်လက် ဆောင်ရွက်ရမှာ ဖြစ်ပြီး EU အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး ယုံကြည်မှုနည်းပါးသူ David Davies ကို EU အဖွဲ့ကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်ရေးကို ကြီးကြပ် ကွပ်ကဲရသူ Brexit ဝန်ကြီးအဖြစ် ဆက်လက်ရှိနေမှာ ဖြစ်ပါတယ်။

မနှစ်က အစိုးရအပြောင်းလဲ ကာလတုန်းက ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်တဲ့ Amber Rudd နဲ့ ကာကွယ်ရေးဝန်ကြီး Michael Fallon တို့ကတော့ မူလဝန်ကြီး ရာထူးတွေမှာပဲ ဆက်လက် ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG