သုံးရလွယ်ကူစေသည့် Link များ

ဗြိတိန် ရွေးကောက်ပွဲ ၀န်ကြီးချုပ်ပါတီ အလားအလာကောင်း


ဗြိတိန် ၀န်ကြီးချုပ် ထရီဆာမေ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး။

ဗြိတိန်နိုင်ငံရဲ့အထွေထွေ ရွေးကောက်ပွဲကို ဒီကနေ့ ကျင်းပပါလိမ့်မယ်။ ဗြိတိန်ဝန်ကြီးချုပ် Theresa May က အခုလို ရွေးကောက်ပွဲကို စောပြီး ကျင်းပဖို့လွန်ခဲ့တဲ့ ဧပြီလတုန်းက ကြေညာခဲ့တာပါ။ အခုရွေးကောက်ပွဲဟာ ပုံမှန်ထက် အချိန်သုံးနှစ် စောပြီး ကျင်းပတာ လည်းဖြစ်ပါတယ်။

အကြိတ်အနယ် ဖြစ်မယ်လို့ ယူဆနေကြတဲ့ အခု ရွေးကောက်ပွဲအတွက် ကွန်ဆာဗေးတစ်ပါတီနဲ့ လေဘာပါတီ နှစ်ခုလုံးက မနေ့က နောက်ဆုံး မဲဆွယ်လှုပ်ရှား ခဲ့ကြပါတယ်။

လက်ရှိဝန်ကြီးချုပ် Theresa May ခေါင်းဆောင်တဲ့ ကွန်ဆာဗေးတစ်ပါ တီက မဲဆွယ်စည်းရုံးမှု အစပိုင်းမှာ လူထုထောက်ခံမှုတွေ ရရှိနေခဲ့ပြီး ဒီကနေ့ ရွေးကောက်ပွဲမှာ သူ့ပါတီ အနိုင်ရခဲ့ရင် EU ဥရောပသမဂ္ဂ ကနေ ဗြိတိန်ခွဲထွက်ရေးမှာ သူဟာ ပိုပြီးခိုင်ခိုင်မာမာ စေ့စပ်ညှိနှိုင်းနိုင်မယ့် အနေအထားကို ရသွားနိုင်ပါတယ်။ အတိုက်အခံ လေဘာပါတီက နောက်ကခပ်ခွာခွာလိုက်နေ ပေမယ့် ပါတီခေါင်းဆောင် Jeremy Corbyn ကတော့ အမေရိကန်မှာ ဒေါ်နယ်ထရမ့် နိုင်ခဲ့သလို သူ့အနေနဲ့ မမျှော်လင့်ဘဲ အနိုင်ရလိမ့်မယ်လို့ တွက်ထားတာပါ။

ဒီကနေ့ရွေးကောက်ပွဲဟာ အောက်လွှတ်တော်နဲ့ အထက် လွှတ်တော် အမတ်နေရာပေါင်း ၆၅၀ အတွက် ရွေးချယ်မှာ ဖြစ်ပြီး အစိုးရဖွဲ့နိုင်ဖို့ နိုင်ငံရေးပါတီ အနေနဲ့အမတ်နေရာ ၃၂၆ နေရာ အနိုင်ရဖို့လိုအပ်ပါတယ်။ လန်ဒန်မှာ စနေနေ့က ဖြစ်ပွား ခဲ့တဲ့ အကြမ်းဖက်မှုနဲ့ လွန်ခဲ့တဲ့ ၁၂ ရက်က မန်ချက်စတာမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ရွေးကောက်ပွဲမဲဆွယ်မှုမှာ အနှောင့်အယှက်တွေ ဖြစ်စေခဲ့ပါတယ်။

ဝန်ကြီးချုပ် Theresa May ကတော့ လုံခြုံရေး အတွက် ဦးစားပေးမယ်လို့ အင်္ဂါနေ့က သတိပေးခဲ့ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေတွေကိုလည်း ပြောင်းသင့်ရင် ပြောင်းမယ်လို့လည်း ၀န်ကြီးချုပ် May က ဆိုပါတယ်။ အခုလိုပြောဆိုမှုကို အတိုက်အခံ လေဘာပါတီခေါင်းဆောင် Jeremy Corbyn က အပြစ်တင် ရှုတ်ချလိုက်ပါတယ်။


XS
SM
MD
LG