သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွား-အိႏၵိယ ကာကြယ္ေရး ပူးေပါင္းေဆာင္ရြက္မႈ တိုးျမႇင့္


နယူးေဒလီၿမိဳ႕မွာ ေတြ႔ဆုံေနတဲ့ ႐ုရွားသမၼတ ပူတင္နဲ႔ အိႏၵိယဝန္ႀကီးခ်ဳပ္ မုိဒီ။ (ဒီဇင္ဘာ ၆၊ ၂၀၂၁)

(Zawgyi / Unicode)

႐ုရွားသမၼတ ပူတင္နဲ႔ အိႏၵိယဝန္ႀကီးခ်ဳပ္ မိုဒီတို႔ဟာ အိႏၵိယႏိုင္ငံ နယူးေဒလီၿမိဳ႕ေတာ္မွာ ေတြ႔ဆုံၿပီး ႏွစ္ႏိုင္ငံဆက္ဆံေရးကို ထပ္မံ အခိုင္အမာ ျပဳလုပ္လိုက္ၾကပါတယ္။

လြန္ခ့ဲတဲ့ႏွစ္ေတြအတြင္း အိႏၵိယႏိုင္ငံဟာ အေမရိကန္နဲ႔ နီးစပ္ခဲ့ၿပီး ႐ုရွားႏုိင္ငံဟာ တ႐ုတ္နဲ႔ နီးစပ္ခဲ့တဲ့အတြက္ ရပ္တန္႔ေနခဲ့တဲ့ သူတို႔ ၂ ႏိုင္ငံ ဆက္ဆံေရးကို ျပန္လည္အားျဖည့္ဖို႔ ရည္ရြယ္တဲ့ နယူးေဒလီ ထိပ္သီးေဆြးေႏြးပြဲမွာ အခုလို အခိုင္အမာ ျပဳလုပ္လိုက္ၾကတာ ျဖစ္ပါတယ္။

႐ုရွားသမၼတ ပူတင္က အိႏၵိယကို လြန္စြာ အင္အားႀကီးမားၿပီး ေဖာ္ေရြတဲ့ႏိုင္ငံ ျဖစ္တယ္။ ဆိုးတူေကာင္းဘက္ လက္တြဲလာခဲ့တဲ့ မိတ္ေဆြႏိုင္ငံ ျဖစ္တယ္လို႔ ေျပာၾကားလိုက္သလို ဝန္ႀကီးခ်ဳပ္ မိုဒီကေတာ့ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ေတြအတြင္း ပထဝီဝင္ႏိုင္ငံေရး ခ်ိန္ခြင္ညႇာ မညီမွ်မႈ ရွိခဲ့ေပမယ့္ အိႏၵိယနဲ႔ ႐ုရွားႏိုင္ငံတို႔ရဲ႕ မိတ္ေဆြျဖစ္မႈကေတာ့ မေျပာင္းလဲခဲ့ဘူးလို႔ တုံ႔ျပန္ ေျပာၾကားခဲ့ပါတယ္။

ဒီႏွစ္ႏိုင္ငံၾကားမွာ ပထဝီႏိုင္ငံေရး အသြင္ေျပာင္းလဲမႈ ရွိခဲ့ေပမယ့္ စစ္ေအးကာလ ကတည္းက တည္ရွိလာခဲ့တဲ့ ကာကြယ္ေရးဆိုင္ရာ ခိုင္မာတဲ့ ပူးေပါင္းေဆာင္ရြက္မႈေတြကေတာ့ ဆက္လက္ရွိေနခဲ့တာပါ။ အိႏၵိယအေနနဲ႔ ကာကြယ္ေရး လက္နက္ပစၥည္းေတြကို ေနရာအမ်ဳိးမ်ဳိးကေန ဝယ္ယူခဲ့ေပမယ့္ ႐ုရွားဟာ အိႏၵိယရဲ႕ အဓိက လက္နက္တင္သြင္းသူအျဖစ္ ရွိေနခဲ့ၿပီး အိႏၵိယႏိုင္ငံမွာ သုံးေနတဲ့ စစ္လက္နက္ပစၥည္းေတြရဲ႕ ၃ ပုံ ၂ ပုံေက်ာ္ဟာ ႐ုရွားဆီက ဝယ္ယူခဲ့တာ ျဖစ္ပါတယ္။

အခုေတြ႔ဆုံမႈအတြင္းမွာလည္း ကာကြယ္ေရးဆိုင္ရာ ဆက္ဆံမႈက အဓိက အေၾကာင္းတရပ္ျဖစ္ၿပီး ႐ုရွားနဲ႔ စစ္ေရးပူးေပါင္းေဆာင္ရြက္မႈ တိုးျမႇင့္ေရးကို အိႏၵိယ ကာကြယ္ေရးဝန္ႀကီး Rajnath Singh က တိုက္တြန္းလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ရုရှား-အိန္ဒိယ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်

ရုရှားသမ္မတ ပူတင်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးကို ထပ်မံ အခိုင်အမာ ပြုလုပ်လိုက်ကြပါတယ်။

လွန်ခဲ့တဲ့နှစ်တွေအတွင်း အိန္ဒိယနိုင်ငံဟာ အမေရိကန်နဲ့ နီးစပ်ခဲ့ပြီး ရုရှားနိုင်ငံဟာ တရုတ်နဲ့ နီးစပ်ခဲ့တဲ့အတွက် ရပ်တန့်နေခဲ့တဲ့ သူတို့ ၂ နိုင်ငံ ဆက်ဆံရေးကို ပြန်လည်အားဖြည့်ဖို့ ရည်ရွယ်တဲ့ နယူးဒေလီ ထိပ်သီးဆွေးနွေးပွဲမှာ အခုလို အခိုင်အမာ ပြုလုပ်လိုက်ကြတာ ဖြစ်ပါတယ်။

ရုရှားသမ္မတ ပူတင်က အိန္ဒိယကို လွန်စွာ အင်အားကြီးမားပြီး ဖော်ရွေတဲ့နိုင်ငံ ဖြစ်တယ်။ ဆိုးတူကောင်းဘက် လက်တွဲလာခဲ့တဲ့ မိတ်ဆွေနိုင်ငံ ဖြစ်တယ်လို့ ပြောကြားလိုက်သလို ဝန်ကြီးချုပ် မိုဒီကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ပထဝီဝင်နိုင်ငံရေး ချိန်ခွင်ညှာ မညီမျှမှု ရှိခဲ့ပေမယ့် အိန္ဒိယနဲ့ ရုရှားနိုင်ငံတို့ရဲ့ မိတ်ဆွေဖြစ်မှုကတော့ မပြောင်းလဲခဲ့ဘူးလို့ တုံ့ပြန် ပြောကြားခဲ့ပါတယ်။

ဒီနှစ်နိုင်ငံကြားမှာ ပထဝီနိုင်ငံရေး အသွင်ပြောင်းလဲမှု ရှိခဲ့ပေမယ့် စစ်အေးကာလ ကတည်းက တည်ရှိလာခဲ့တဲ့ ကာကွယ်ရေးဆိုင်ရာ ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကတော့ ဆက်လက်ရှိနေခဲ့တာပါ။ အိန္ဒိယအနေနဲ့ ကာကွယ်ရေး လက်နက်ပစ္စည်းတွေကို နေရာအမျိုးမျိုးကနေ ဝယ်ယူခဲ့ပေမယ့် ရုရှားဟာ အိန္ဒိယရဲ့ အဓိက လက်နက်တင်သွင်းသူအဖြစ် ရှိနေခဲ့ပြီး အိန္ဒိယနိုင်ငံမှာ သုံးနေတဲ့ စစ်လက်နက်ပစ္စည်းတွေရဲ့ ၃ ပုံ ၂ ပုံကျော်ဟာ ရုရှားဆီက ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။

အခုတွေ့ဆုံမှုအတွင်းမှာလည်း ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုက အဓိက အကြောင်းတရပ်ဖြစ်ပြီး ရုရှားနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကို အိန္ဒိယ ကာကွယ်ရေးဝန်ကြီး Rajnath Singh က တိုက်တွန်းလိုက်ပါတယ်။

XS
SM
MD
LG