သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွား-အိႏၵိယ ထိပ္သီးေဆြးေႏြးပြဲ ဒုံးကာကြယ္ေရးလႊဲေျပာင္းမႈ ပါဝင္မည္


႐ုရွားႏုိင္ငံရဲ႕ S-400 ေလေၾကာင္းကာကြယ္ေရး ဒုံးစနစ္။ (မတ္ ၁၁၊ ၂၀၁၉)

(Zawgyi / Unicode)

တနလၤာေန႔က်င္းပမယ့္ ႐ုရွား-အိႏၵိယ ထိပ္သီးအစည္းအေဝးအတြက္ ႐ုရွားသမၼတ Vladmir Putin အိႏၵိယႏိုင္ငံကို ေရာက္ရွိမွာျဖစ္ၿပီး အဲဒီအစည္းအေဝးမွာေတာ့ ကာကြယ္ေရးကိစၥရပ္ေတြကို ဦးစားေပးဖို႔ ရွိသလို ႐ုရွားကေန အိႏၵိယကို ေလေၾကာင္းကာကြယ္ေရး ဒံုးစနစ္ လႊဲေျပာင္းေပးဖို႔ ကိစၥရပ္လည္း ပါဝင္ပါလိမ့္မယ္။

အိႏၵိယအေနနဲ႔ ႐ုရွားဆီကေန S-400 ေလေၾကာင္းကာကြယ္ေရး ဒံုးစနစ္တေြ ဝယ္ယူဖို႔ ေဒၚလာ ၅ ဒသမ ၄ ဘီလီယံဖုိး ႐ုရွားနဲ႔ သေဘာတူထားပါတယ္။

တခ်ိန္တည္းမွာလည္း အိႏၵိယဟာ အေမရိကန္ျပည္ေထာင္စုနဲ႔ မဟာဗ်ဴဟာက်က် ဆက္ဆံေရးကို နီးနီးကပ္ကပ္ လုပ္ေဆာင္ေနတာပါ။ ဒါ​ေၾကာင့္လည္း ႐ုရွားဆီကေန အခုလို ေလေၾကာင္းကာကြယ္ေရးစနစ္ေတြ ဝယ္ယူမယ္ဆိုရင္ ၂၀၁၇ အေမရိကန္ဥပေဒအရ အိႏၵိယအေနနဲ႔ အေမရိကန္ရဲ႕ အေရးယူဒဏ္ခတ္မႈ ခံရႏိုင္တယ္လို႔ အေမရိကန္ဘက္က အိႏၵိယကို သတိေပးထားပါတယ္။

ဒါေပမယ့္လည္း အိႏၵိယဘက္ကေတာ့ ဒါဟာ သူ႔ရဲ႕ ႏိုင္ငံေတာ္လံုၿခံဳေရး လိုအပ္ခ်က္အရပါဆိုၿပီး ကာကြယ္ေျပာဆိုပါတယ္။ လံုၿခံဳေရး စိန္ေခၚမႈေတြကို ရင္ဆိုင္တုံ႔ျပန္ႏိုင္ဖို႔ အိႏၵိယအစိုးရအေနနဲ႔ အခ်ဳပ္အျခာအာဏာပိုင္ ဆံုးျဖတ္ခြင့္ ရွိတယ္လို႔ အိႏၵိယကာကြယ္ေရးဝန္ႀကီး Ajay Bhatt က ေသာၾကာေန႔တုန္းက အိႏၵိယပါလီမန္ကို ေျပာခဲ့ပါတယ္။

တ႐ုတ္ရဲ႕ ၿခိမ္းေျခာက္မႈကို တုံ႔ျပန္ႏိုင္ဖို႔ S-400 ဒံုးကာကြယ္ေရးစနစ္ လုိအပ္တယ္လို႔ အိႏၵိယက ေျပာပါတယ္။ အျငင္းပြားေနတဲ့ တ႐ုတ္-အိႏၵိယနယ္စပ္က တပ္ျဖန္႔ခ်ထားတဲ့ ေနရာေတြမွာ တပ္ဆင္မယ္လို႔ ယူဆရပါတယ္။

တူရကီအေနနဲ႔ ႐ုရွားဆီကေန အလားတူ ဒံုးလက္နက္ကာကြယ္ေရးစနစ္ ၿပီးခဲ့တဲ့ႏွစ္ကုန္က ဝယ္ယူခဲ့တာမို႔ အေမရိကန္ဘက္က ၂၀၁၇ ဥပေဒအရ တူရကီႏိုင္ငံကို အေရးယူဒဏ္ခတ္မႈ ခ်မွတ္ခဲ့ပါတယ္။ ဒီဥပေဒဟာ ႐ုရွားစစ္တပ္က လက္နက္ဝယ္ယူ သံုးစြဲမႈေတြကို တားဆီးဖို႔ ရည္ရြယ္ထားတာပါ။

အိႏၵိယဘက္ကေတာ့ ႏွစ္ႏိုင္ငံ မဟာဗ်ဴဟာ ဆက္ဆံေရးကို ၾကည့္ၿပီး အေမရိကန္သမၼတဘက္က ဒီဥပေဒရဲ႕ ကင္းလြတ္ခြင့္ေပးမႈ ရလိမ့္မယ္လို႔ ေမွ်ာ္လင့္ထားတာပါ။ ဒါေပမယ့္လည္း အေမရိကန္သမၼတ Joe Biden အေနနဲ႔ ဒီလို ကင္းလြတ္ခြင့္ ေပးမေပးဆိုတာ မဆံုးျဖတ္ရေသးဘူးလို႔ အေမရိကန္ ႏုိင္ငံျခားေရးဌာန ေျပာခြင့္ရသူ Ned Price က ႏုိဝင္ဘာ ၂၃ ရက္ေန႔က သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------

(Unicode)

ရုရှား-အိန္ဒိယ ထိပ်သီးဆွေးနွေးပွဲ ဒုံးကာကွယ်ရေးလွှဲပြောင်းမှု ပါဝင်မည်

တနင်္လာနေ့ကျင်းပမယ့် ရုရှား-အိန္ဒိယ ထိပ်သီးအစည်းအဝေးအတွက် ရုရှားသမ္မတ Vladmir Putin အိန္ဒိယနိုင်ငံကို ရောက်ရှိမှာဖြစ်ပြီး အဲဒီအစည်းအဝေးမှာတော့ ကာကွယ်ရေးကိစ္စရပ်တွေကို ဦးစားပေးဖို့ ရှိသလို ရုရှားကနေ အိန္ဒိယကို လေကြောင်းကာကွယ်ရေး ဒုံးစနစ် လွှဲပြောင်းပေးဖို့ ကိစ္စရပ်လည်း ပါဝင်ပါလိမ့်မယ်။

အိန္ဒိယအနေနဲ့ ရုရှားဆီကနေ S-400 လေကြောင်းကာကွယ်ရေး ဒုံးစနစ်တွေ ဝယ်ယူဖို့ ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံဖိုး ရုရှားနဲ့ သဘောတူထားပါတယ်။

တချိန်တည်းမှာလည်း အိန္ဒိယဟာ အမေရိကန်ပြည်ထောင်စုနဲ့ မဟာဗျူဟာကျကျ ဆက်ဆံရေးကို နီးနီးကပ်ကပ် လုပ်ဆောင်နေတာပါ။ ဒါကြောင့်လည်း ရုရှားဆီကနေ အခုလို လေကြောင်းကာကွယ်ရေးစနစ်တွေ ဝယ်ယူမယ်ဆိုရင် ၂၀၁၇ အမေရိကန်ဥပဒေအရ အိန္ဒိယအနေနဲ့ အမေရိကန်ရဲ့ အရေးယူဒဏ်ခတ်မှု ခံရနိုင်တယ်လို့ အမေရိကန်ဘက်က အိန္ဒိယကို သတိပေးထားပါတယ်။

ဒါပေမယ့်လည်း အိန္ဒိယဘက်ကတော့ ဒါဟာ သူ့ရဲ့ နိုင်ငံတော်လုံခြုံရေး လိုအပ်ချက်အရပါဆိုပြီး ကာကွယ်ပြောဆိုပါတယ်။ လုံခြုံရေး စိန်ခေါ်မှုတွေကို ရင်ဆိုင်တုံ့ပြန်နိုင်ဖို့ အိန္ဒိယအစိုးရအနေနဲ့ အချုပ်အခြာအာဏာပိုင် ဆုံးဖြတ်ခွင့် ရှိတယ်လို့ အိန္ဒိယကာကွယ်ရေးဝန်ကြီး Ajay Bhatt က သောကြာနေ့တုန်းက အိန္ဒိယပါလီမန်ကို ပြောခဲ့ပါတယ်။

တရုတ်ရဲ့ ခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ဖို့ S-400 ဒုံးကာကွယ်ရေးစနစ် လိုအပ်တယ်လို့ အိန္ဒိယက ပြောပါတယ်။ အငြင်းပွားနေတဲ့ တရုတ်-အိန္ဒိယနယ်စပ်က တပ်ဖြန့်ချထားတဲ့ နေရာတွေမှာ တပ်ဆင်မယ်လို့ ယူဆရပါတယ်။

တူရကီအနေနဲ့ ရုရှားဆီကနေ အလားတူ ဒုံးလက်နက်ကာကွယ်ရေးစနစ် ပြီးခဲ့တဲ့နှစ်ကုန်က ဝယ်ယူခဲ့တာမို့ အမေရိကန်ဘက်က ၂၀၁၇ ဥပဒေအရ တူရကီနိုင်ငံကို အရေးယူဒဏ်ခတ်မှု ချမှတ်ခဲ့ပါတယ်။ ဒီဥပဒေဟာ ရုရှားစစ်တပ်က လက်နက်ဝယ်ယူ သုံးစွဲမှုတွေကို တားဆီးဖို့ ရည်ရွယ်ထားတာပါ။

အိန္ဒိယဘက်ကတော့ နှစ်နိုင်ငံ မဟာဗျူဟာ ဆက်ဆံရေးကို ကြည့်ပြီး အမေရိကန်သမ္မတဘက်က ဒီဥပဒေရဲ့ ကင်းလွတ်ခွင့်ပေးမှု ရလိမ့်မယ်လို့ မျှော်လင့်ထားတာပါ။ ဒါပေမယ့်လည်း အမေရိကန်သမ္မတ Joe Biden အနေနဲ့ ဒီလို ကင်းလွတ်ခွင့် ပေးမပေးဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price က နိုဝင်ဘာ ၂၃ ရက်နေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

XS
SM
MD
LG