သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသမ္မတ အီဂျစ်ရောက်


ရုရှားသမ္မတ Vladimir Putin
ရုရှားသမ္မတ Vladimir Putin

အီဂျစ်နဲ့ရုရှား နှစ်နိုင်ငံစလုံးမှာ စိန်ခေါ်မှုတွေ၊ မသေချာမရေရာမှုတွေဖြစ်နေချိန်မှာ ရုရှားသမ္မတ Mr. Vladimir Putin ဟာ အီဂျစ်နိုင်ငံကို ၂ ရက်ကြာ တရားဝင် အလည်အပတ်ခရီး ရောက်သွားပါတယ်။

တချိန်ကလို နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးကိစ္စတွေ ပြန်လည်ပူးပေါင်းလုပ်ဆောင်ဖို့ ပြင်ဆင်တာဖြစ်နိုင်တယ်လို့ လေ့လာ သုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။

၁၉၅ဝ ခုနှစ်တွေနဲ့ ၁၉၆ဝ ခုနှစ်တွေအတွင်း တချိန်က ဆိုဗီယက်ယူနီယံနဲ့ အီဂျစ်နိုင်ငံတို့ကြားမှာ ခိုင်မာတဲ့ဆက်ဆံရေးတွေ ထားရှိခဲ့တာ ၁၉၇ဝ ခုနှစ်တွေအထိပါ။ ၁၉၇ဝ ခုနှစ်တွေမှာတော့ သမ္မတ Anwar Sadat ဟာ အမေရိကန်နဲ့ ကတောက်ကဆဖြစ်နေတဲ့ ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း အီဂျစ်နဲ့ရုရှားအကြား အပြန်အလှန်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄.၆ ဘီလျံ ရှိခဲ့ပါတယ်။

XS
SM
MD
LG