သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား အတိုက်အခံ ရေနံသူဋ္ဌေး လွတ်ငြိမ်းချမ်းသာခွင့်ရ


အကျဉ်းကျခဲ့ရတဲ့ ရုရှားရေနံသူဌေးကြီး Mikhail Khodorkovsky လွတ်မြောက်၊
အကျဉ်းကျခဲ့ရတဲ့ ရုရှားရေနံသူဌေးကြီး Mikhail Khodorkovsky လွတ်မြောက်၊
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို လက်မှတ်ရေးထိုးပြီး နာရီပိုင်းအကြာမှာ အကျဉ်းကျနေတဲ့ ရုရှားရေနံသူဋ္ဌေးကြီး Mikhail Khodorkovsky ပြန်လွတ်လာပါပြီ။ အခွန်တိမ်းရှောင်မှု၊ အလွဲသုံးစားလုပ်မှုတွေနဲ့ Khodorkovsky ထောင်ချခံထားရတာ ဆယ်နှစ်ကျော်ကြာပြီဖြစ်ပါတယ်။

Yukos ရေနံကုမ္ပဏီအကြီးအကဲဟောင်းကို လူသားချင်းစာနာမှု အကြောင်းပြချက်တွေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ မစ္စတာပူတင်က သူ့ရဲ့ အင်တာနက် စာမျက်နှာမှာ သောကြာနေ့ က ကြေညာပါတယ်။ ကိစ္စရပ်မျိုးစုံကို ရှင်းလင်းပြောဆိုခဲ့တဲ့ ကြာသပတေးနေ့က အချိန်အတော်ကြာတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း Khodorkovsky ကို လွှတ်ပေးဖို့ ရည်ရွယ်ထားတယ်ဆိုတာကို ရုရှားသမ္မတက ကြေညာထားတာပါ။

Khodorkovsky က သူ့ရဲ့မိခင် မကျန်းမမာ ဖြစ်နေတဲ့အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ပထမဆုံးအကြိမ်အဖြစ် ပန်ကြားခဲ့တယ်လို့ မစ္စတာပူတင်ကပြောပါတယ်။ ရုရှားနိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ Khordorkovsky ဟာ ရုရှားအစိုးရကို အပြင်းအထန် ဝေဖန်ခဲ့သူဖြစ်ပြီး သူ့ကို ထောက်ခံ သူတွေကတော့ နိုင်ငံရေးအကျဉ်းသားအဖြစ် သူ့ကို သတ်မှတ်ထားပါတယ်။

Pussy Riot ပန့်ခ်ရော့ခ်ဂီတအဖွဲ့ဝင် နှစ်ဦးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေး မယ်လို့ မစ္စတာပူတင်က ပြောခဲ့ပါသေးတယ်။ နောက်နှစ် ဖေဖော်ဝါရီလ ကျရင် ရုရှားနိုင်ငံ၊ ဆိုချီမြို့မှာ ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရှိနေချိန်မှာပဲ အခုလို လွတ်ငြိမ်းချမ်းသာခွင့်ပေး တဲ့ ကြေညာချက်တွေ ထွက်လာတာဖြစ်ပါတယ်။
XS
SM
MD
LG