သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Sochi အိုလံပစ် နော်ဝေနိုင်ငံ ရွှေအများဆုံးနဲ့ ဦးဆောင်


In this photo provided by World Vision, houses lie destroyed by Saturday’s earthquake at Paslang village in Gorkha municipality, Nepal on April 27, 2015.
In this photo provided by World Vision, houses lie destroyed by Saturday’s earthquake at Paslang village in Gorkha municipality, Nepal on April 27, 2015.
ရုရှားနိုင်ငံ၊ ဆိုချီမြို့မှာ ကျင်းပနေတဲ့ ဆောင်းရာသီအိုလံပစ် အားကစား ပြိုင်ပွဲမှာတော့ နော်ဝေးနိုင်ငံမှာ ဆုတံဆိပ် ၇ ခု ရထားပြီး ဆုတံဆိပ်အများဆုံးနဲ့ ပြိုင်ပွဲကို ဦးဆောင်နေပါတယ်။ နော်ဝေးနိုင်ငံက ရွှေတံဆိပ် (၂) ခု၊ ငွေ (၁) ခု နဲ့ ကြေး (၄) ခု ရထားပါတယ်။

အဲဒီနောက်မှာတော့ နယ်သာလန်က ရွှေတံဆိပ် (၂) ခု၊ ငွေ (၁) ခု ကြေး (၁) ခု နဲ့ ဒုတိယနေရာမှာရှိနေပြီး အမေရိကန်ကတော့ ရွှေ (၂) ခု ကြေး (၂) ခု နဲ့ တတိယနေရာမှာ လိုက်နေပါတယ်။

တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ပြိုင်ပွဲတွေမှာတော့ အရင်အိုလံပစ်ရွှေတံဆိပ် ဆုရှင် (၂) ယောက်က အခုနှစ်ပြိုင်ပွဲမှာလည်း သူတို့အရင်ရခဲ့တဲ့ပြိုင်ပွဲတွေမှာ အနိုင်ရပြီးတော့ သူတို့ရဲ့ ရွှေတံဆိပ်ဆုတွေကို ကာကွယ်နိုင်ခဲ့ပါတယ်။

ဆလိုဗက်ကီးယားနိုင်ငံက Anastasiya Kuzmina က ၇.၅ ကီလိုမီတာ biathalon ပြိုင်ပွဲမှာ ရွှေတံဆိပ်ရခဲ့သလို ဂျာမဏီနိုင်ငံက ဖိလစ် လော့ခ်ကလည်း အမျိုးသား လူဂါပြိုင်ပွဲမှာ ရွှေတံဆိပ် ဆက်တိုက်ယူပေးခဲ့ပါတယ်။

ဒါ့အပြင် အိမ်ရှင် ရုရှားနိုင်ငံအတွက် ပထမဆုံးရွှေတံဆိပ်ကိုတော့ ရေခဲပြင် စကိတ်အလှစီး အသင်းလိုက်မှာ Evgeni Plushenko နဲ့ Julia Lipnitskaia တို့က ယူပေးခဲ့ပါတယ်။ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်လည်း ICEBERG အားကစားကွင်းကြီးကို လာရောက်ပြီး အားပေးသွားခဲ့တာ တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ပိုလန်၊ နယ်သာလန်၊ သြစတြီးယားနဲ့ ဆွစ်ဇာလန်နိုင်ငံတွေကလည်း ရွှေတံဆိပ်တွေ ရခဲ့ပါတယ်။
XS
SM
MD
LG