သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာကာသ အဝေးကြည့်မှန်ပြောင်း ကမ္ဘာပတ်လမ်းထဲ ရုရှားလွှတ်တင်


အာကာသ အဝေးကြည့်မှန်ပြောင်းကို ရုရှားရဲ့ Proton-M ဒုံးကျည်နဲ့ ကမ္ဘာပတ်လမ်းထဲ လွှတ်တင်စဉ် (ဇူလိုင်၊ ၁၃၊ ၂၀၁၉)
အာကာသ အဝေးကြည့်မှန်ပြောင်းကို ရုရှားရဲ့ Proton-M ဒုံးကျည်နဲ့ ကမ္ဘာပတ်လမ်းထဲ လွှတ်တင်စဉ် (ဇူလိုင်၊ ၁၃၊ ၂၀၁၉)

နောက်ဆုံးပေါ် အာကာသ အဝေးကြည့်မှန်ပြောင်းကို ရုရှားရဲ့ Proton-M ဒုံးကျည်နဲ့ ကမ္ဘာပတ်လမ်းထဲ အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပြီလို့ ရုရှား အာကာသ အေဂျင်စီက ပြောပါတယ်။

ဒီလို လွှတ်တင်ဖို့ ရက်နဲ့ချီ နှောင့်နှေးခဲ့ပြီးနောက် အခုလို လွှတ်တင်နိုင်ခဲ့တာပါ။ Spektr-RG အဝေးကြည့်မှန်ပြောင်းကို ကမ္ဘာပတ်လမ်းထဲမှာ ပို့ဆောင် ရပ်နားထားခဲ့ပြီးနောက် စနေနေ့မှာတော့ အာကာသယာဉ်ကို ကမ္ဘာပတ် လမ်းအပြင်ဘက်ကို ရောက်အောင် လွှတ်တင်ပြီး နောက်ဆုံး ဆိုက်ရောက်ရမယ့် L2 Lagrange ကို အပြီးသတ် လွှတ်တင်ခဲ့တာပါ။

ကမ္ဘာမြေကနေ မိုင် ၁ သန်းနီးပါး အကွာမှာ ရှိတဲ့ L2 ထိရောက်အောင် Spektr-RG အာကာသ အဝေးကြည့်မှန်ပြောင်းကို ပို့ဆောင်နိုင်ဖို့ မျှော်လင့်ထားတာပါ။ အခြေအနေ အားလုံး ရည်မှန်းထားတဲ့ အတိုင်း ဖြစ်မြောက်မယ်ဆိုရင်တော့ သုံးလ အတွင်း ရောက်ရှိနိုင်ပါတယ်။

Spektr-RG အာကာသ အဝေးကြည့်မှန်ပြောင်းသာ L2 ကို အောင်အောင်မြင်မြင် ရောက်ရှိသွားခဲ့မယ်ဆိုရင်တော့ ဆိုဗီယက်ခေတ်နောက်ပိုင်း ကမ္ဘာပတ်လမ်း အလွန်မှာ ပျံသန်းတဲ့ ပထမဆုံးသော ရုရှား အာကာသယာဉ် ဖြစ်လာမှာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG