ယူကရိန်းနိုင်ငံနယ်စပ်မှာ အင်အားတိုးမြှင့်ချထားတဲ့ ရုရှားတပ်ဖွဲ့တွေ ကျူးကျော်သိမ်းပိုက်မယ့်အရေးက ကာကွယ်ဖို့အတွက် သူတို့တပ်ဖွဲ့တွေကို အသင့် ပြင်ဆင်ထားကြောင်း ယူကရိန်းယာယီသမ္မတက ပြောလိုက်ပါတယ်။
ရုရှားအနေနဲ့ ယူကရိန်းပြည်မကြီးနဲ့ စစ်ဖြစ်ဖို့ တကယ့်ခြိမ်းခြောက်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ယူကရိန်းယာယီသမ္မတ Oleksandr Turchynov က Kyiv မြို့မှာ ဒီကနေ့ပြုလုပ်တဲ့ ဝန်ကြီးအဖွဲ့ အစည်းဝေးအတွင်း ပြောကြားလိုက်တာပါ။
ယူကရိန်း-ရုရှားနယ်စပ်နားက ယူကရိန်းအစိုးရ အဆောက်အဦးတွေကို ရုရှားလိုလားသူ ခွဲထွက်ရေးဝါဒီ ရာပေါင်းများစွာက ဒီကနေ့ အတင်း ဝင်ပြီးတော့ သိမ်းပိုက်လိုက်အပြီးမှာ ယာယီသမ္မတက အခုလို ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။ Luhansk မြို့မှာ ရှေ့နေရုံးကို သိမ်းပိုက်ပြီး ရဲစခန်းတခုကို သံတုတ်တွေ၊ မောင်းပြန်သေနတ်တွေနဲ့ တိုက်ခိုက်ခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့က မခုခံခဲ့ဘူးလို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောသလို လူဦးရေ ၄ သိန်းခွဲရှိတဲ့မြို့ရဲ့ အစိုးရရုံးချုပ်ပေါ်မှာ ခွဲထွက်ရေးဝါဒီတွေရဲ့အလံကို သေနတ်သမားတွေက လွှင့်ထူခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
အခု သိမ်းပိုက်မှုဟာ အရှေ့ပိုင်းက ဒုတိယမြောက် ပြည်နယ်မြို့တော်ကို ရုရှားလိုလားတဲ့ သူပုန်တွေ ထိန်းချုပ်လိုက်တဲ့ပုံ ရပါတယ်။ Donetsk မြို့ကို တနင်္လာနေ့မှာ ခွဲထွက်ရေးဝါဒီတွေက သိမ်းပိုက်ခဲ့ပြီး ယူကရိန်းကနေ ခွဲထွက်မထွက် မေလ ၁၁ ရက်နေ့မှာ လူထုဆန္ဒခံယူပွဲ လုပ်မယ်လို့ ကြေညာထားတာပါ။ ပြီးခဲ့တဲ့လက အလားတူ လူထုဆန္ဒခံယူပွဲကနေ Crimea ကျွန်းဆွယ်ကို ရုရှားပိုင်နက်ထဲ ထည့်သွင်းခဲ့ပါတယ်။