သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားကို လူ႔အခြင္႔အေရးေကာင္စီက ဖယ္ရွားေရး အေထြေထြညီလာခံမွာ မဲခဲြမည္


လူ႔အခြင့္အေရးေကာင္စီ အစည္းအေဝးျမင္ကြင္းတခု။ (စက္တင္ဘာ ၁၈၊ ၂၀၂၀)

ယူကရိန္းအေပၚ က်ဳးလြန္မႈေတြအတြက္ ႐ုရွားႏိုင္ငံကို ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီကေန ထုတ္သင့္၊ မသင့္ အေထြေထြ ညီလာခံမွာ ၾကာသပေတးေန႔ မဲခဲြဆုံးျဖတ္ဖို႔ စီစဥ္ထားပါတယ္။ လူ႔အခြင့္အေရး ေကာင္စီကေန ႐ုရွားကို ထုတ္ဖု႔ိအတြက္ အဖဲြ႕၀င္ႏိုင္ငံ ၁၉၃ ႏိုင္ငံအနက္ ၃ ပုံ ၂ ပုံ က ေထာက္ခံဖို႔ လိုပါတယ္။

႐ုရွားကို လူ႔အခြင္႔အေရးေကာင္စီက ဖယ္ရွားေရး အေထြေထြညီလာခံမွာ မဲခဲြမည္

{{Zawgyi/Unicode}}
ယူကရိန္းအေပၚ က်ဳးလြန္မႈေတြအတြက္ ႐ုရွားႏိုင္ငံကို ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီကေန ထုတ္သင့္၊ မသင့္ အေထြေထြ ညီလာခံမွာ ၾကာသပေတးေန႔ မဲခဲြဆုံးျဖတ္ဖို႔ စီစဥ္ထားပါတယ္။ လူ႔အခြင့္အေရး ေကာင္စီကေန ႐ုရွားကို ထုတ္ဖု႔ိအတြက္ အဖဲြ႕၀င္ႏိုင္ငံ ၁၉၃ ႏိုင္ငံအနက္ ၃ ပုံ ၂ ပုံ က ေထာက္ခံဖို႔ လိုပါတယ္။

ဆြစ္ဇာလန္ႏိုင္ငံ၊ ဂ်နီဗာၿမိဳ႕ အေျခစိုက္ ကုလသမဂၢ လူ႔အခြင့္အေရး ေကာင္စီဟာ လက္ေတြ႕ အေရးယူ ေဆာင္ရြက္ႏိုင္တဲ့ အာဏာမရွိေပမဲ့၊ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကို စုံစမ္းစစ္ေဆးခြင့္ ရွိပါတယ္။

ယူကရိန္းႏိုင္ငံ Kyiv ၿမိဳ႕ေတာ္အနီး ႐ုရွားတပ္ေတြ ဆုတ္ခြာသြားတဲ့ ၿမိဳ႕ေတြမွာ အေလာင္းေတြ အမ်ားအျပားကို ေတြ႕ရွိခဲ့ၿပီးေနာက္ လူ႔အခြင့္အေရး ေကာင္စီကေန ထုတ္ပစ္ဖို႔ အေမရိကန္က ဦးေဆာင္ တိုက္တြန္းခဲ့တာပါ။

ယူကရိန္းမွာ ႐ုရွားတပ္ဖဲြ႕၀င္ေတြ စစ္ရာဇ၀တ္မႈေတြ က်ဳးလြန္တယ္လို႔ ယုံၾကည္ထားေၾကာင္းနဲ႔ က်ဳးလြန္မႈေတြအတြက္ တာ၀န္ယူရမွာျဖစ္သလို၊ လူ႔အခြင့္အေရး ေကာင္စီမွာ ႐ုရွားႏိုင္ငံ ပါ၀င္ေနတာဟာ လူရယ္စရာ ျဖစ္ေနေၾကာင္း ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield ကလည္း ေျပာဆိုထားပါတယ္။

ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔မွာ ႐ုရွားက ယူကရိန္းကို စတင္က်ဳးေက်ာ္တိုက္ခိုက္စဥ္ကစလို႔ ကုလသမဂၢ အေထြေထြ ညီလာခံမွာ ႐ုရွားရဲ႕ လုပ္ရပ္ေတြအေပၚ ျပစ္တင္႐ႈတ္ခ်တဲ့ ဆုံးျဖတ္ခ်က္ ၂ ႀကိမ္ ခ်မွတ္ထားဘူးပါတယ္။

တိုက္႐ိုက္ လင့္ခ္

..............................................

ရုရှားကို လူ့အခွင့်အရေးကောင်စီက ဖယ်ရှားရေး အထွေထွေညီလာခံမှာ မဲခွဲမည်

{{Zawgyi/Unicode}}
ယူကရိန်းအပေါ် ကျုးလွန်မှုတွေအတွက် ရုရှားနိုင်ငံကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကနေ ထုတ်သင့်၊ မသင့် အထွေထွေ ညီလာခံမှာ ကြာသပတေးနေ့ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်ထားပါတယ်။ လူ့အခွင့်အရေး ကောင်စီကနေ ရုရှားကို ထုတ်ဖု့ိအတွက် အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံအနက် ၃ ပုံ ၂ ပုံ က ထောက်ခံဖို့ လိုပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီဟာ လက်တွေ့ အရေးယူ ဆောင်ရွက်နိုင်တဲ့ အာဏာမရှိပေမဲ့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးခွင့် ရှိပါတယ်။

ယူကရိန်းနိုင်ငံ Kyiv မြို့တော်အနီး ရုရှားတပ်တွေ ဆုတ်ခွာသွားတဲ့ မြို့တွေမှာ အလောင်းတွေ အများအပြားကို တွေ့ရှိခဲ့ပြီးနောက် လူ့အခွင့်အရေး ကောင်စီကနေ ထုတ်ပစ်ဖို့ အမေရိကန်က ဦးဆောင် တိုက်တွန်းခဲ့တာပါ။

ယူကရိန်းမှာ ရုရှားတပ်ဖွဲ့ဝင်တွေ စစ်ရာဇဝတ်မှုတွေ ကျုးလွန်တယ်လို့ ယုံကြည်ထားကြောင်းနဲ့ ကျုးလွန်မှုတွေအတွက် တာဝန်ယူရမှာဖြစ်သလို၊ လူ့အခွင့်အရေး ကောင်စီမှာ ရုရှားနိုင်ငံ ပါဝင်နေတာဟာ လူရယ်စရာ ဖြစ်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ကလည်း ပြောဆိုထားပါတယ်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ရုရှားက ယူကရိန်းကို စတင်ကျုးကျော်တိုက်ခိုက်စဉ်ကစလို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ရုရှားရဲ့ လုပ်ရပ်တွေအပေါ် ပြစ်တင်ရှုတ်ချတဲ့ ဆုံးဖြတ်ချက် ၂ ကြိမ် ချမှတ်ထားဘူးပါတယ်။

XS
SM
MD
LG