သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VOA နဲ့ အမေရိကန်မီဒီယာအချို့ကိုပိတ်ပင်ဖို့ ရုရှားလွှတ်တော်မဲခွဲ


VOA အမေရိကန်အသံ၊ RFE လွတ်လပ်တဲ့ဥရောပအသံနဲ့ Radio Liberty က သတင်းသမားတွေကို ရုရှားနိုင်ငံက ပိတ်ပင်တားမြစ်မယ့် ဥပဒေတရပ်ကို ရုရှားအောက်လွှတ်တော်က ဒီကနေ့ပဲ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။

အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့ထားတဲ့ သတင်းမီဒီယာ ၉ ခုကို အစိုးရအတွက် အလုပ်လုပ်ပေးနေတဲ့ အဖွဲ့အစည်းတွေအဖြစ် ရုရှားတရားရေးဝန်ကြီးဌာနက သတ်မှတ်လိုက်ပြီး နောက်တနေ့မှာပဲ ရုရှားဒူးမားလွှတ်တော်က ဆုံးဖြတ်လိုက်တာပါ။

မနေ့တုန်းက တရားရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်အရ၊ အမေရိကန် မီဒီယာတွေအနေနဲ့ အစိုးရကအထောက်အပံ့ပေးထားတဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း NGOs တွေအတွက် ပြဌာန်းထားတဲ့ ၂၀၁၂ ခုနှစ် ဥပဒေကို လိုက်နာကြရမှာ ဖြစ်ပါတယ်။

သတင်းမီဒီယာတွေ အနေနဲ့ ရုရှားနိုင်ငံအတွက် ပုံနှိပ်ဖြန့်ချီမှုတွေနဲ့ ထုတ်လွှင့်ချက်တွေမှာ အစိုးရတရပ်အတွက် အလုပ်လုပ်ပေးနေတဲ့ အဖွဲ့အစည်းတွေ အဖြစ်နဲ့ သတ်မှတ်ခံထားရကြောင်းလည်း ဖော်ပြကြရမှာပါ။ ငွေကြေး အထောက်အပံ့ ရရှိမှု၊ ရည်ရွယ်ချက်၊ ငွေကြေးကို ဘယ်လိုပုံစံနဲ့ သုံးစွဲနေသလဲ၊ မန်နေဂျာတွေဟာ ဘယ်သူတွေလဲ ဆိုတာတွေကိုလည်း ပုံမှန်အစီရင်ခံ တင်ပြရမှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Heather Nauert ကတော့ ရုရှားရဲ့ လုပ်ရပ်ဟာ မှားယွင်းကြောင်း မနေ့တုန်းကပဲ ပြောဆိုလိုက်သလို၊ သတ်မှတ်ချက်အသစ်ကြောင့် အမေရိကန် သတင်းသမားတွေအပေါ် ဖိနှိပ်မှုတွေ ထွက်ပေါ်လာမှာ စိုးရိမ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

ရုရှားအစိုးရရဲ့ ငွေကြေးအထောက်အပံ့ ရရှိထားတဲ့ Russia Today သတင်းဌာနရဲ့ လက်အောက်ခံ အမေရိကန်ပြည်ထောင်စု အခြေစိုက် သတင်းဌာနကို ပြည်ပနိုင်ငံအတွက် အလုပ်လုပ်ပေးနေတဲ့ အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ဖို့ အမေရိကန်က ပြီးခဲ့တဲ့လထဲမှာ ဆုံးဖြတ်ခဲ့ပြီးနောက် ရုရှားဘက်က လက်တုံ့ပြန်ဆောင်ရွက်မှုတွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG