သုံးရလွယ်ကူစေသည့် Link များ

Trump နဲ့ Putin ဇူလိုင် ၁၆ Helsinki မှာတွေ့မည်


ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်တို့တွေ့မယ့် နေရာနဲ့အချိန်ကို အတည်ပြု သတ်မှတ်ပြီးတာနဲ့အမျှ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ရုရှားနိုင်ငံက ဝင်စွက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို သမ္မတထရမ့်ပ်က ဆက်ပြီး ပယ်ချနေ တုန်းပါပဲ။

“ကျနော်တို့ရွေးကောက်ပွဲကို ဝင်နှောက်တာနဲ့ပတ်သက်ပြီး သူတို့နဲ့ ဘာမှမဆိုင်ဘူးဆိုတာ ရုရှားက ဆက်ပြောနေပါတယ်” လို့ သမ္မတထရမ့်ပ်က Twitter မှာရေးပါတယ်။

သမ္မတထရမ့်ပ်ရဲ့ အခုပြောဆိုချက်ဟာ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဗုဒ္ဓဟူးနေ့ကပြောတာနဲ့ ကွဲလွဲနေပါတယ်။ သမ္မတ ထရမ့်ပ်နဲ့ သမ္မတပူတင်တို့ တွေ့ကြတဲ့အခါ အမေရိကန်ရွေးကောက်ပွဲတွေမှာ ဝင်ပြီးနှောက်ယှက်တာဟာ “လုံးဝ လက်ခံနိုင်စရာ မရှိဘူး” ဆိုတာ သမ္မတထရမ့်ပ်က ရုရှားခေါင်းဆောင်ကို သတိပေးပြောဆိုမှာ သေချာတယ်လို့ ဝန်ကြီး Pompeo က ပြောတာပါ။

ဇူလိုင်လ ၁၆ ရက်နေ့၊ ဖင်လန်နိုင်ငံ၊ Helsinkin မြို့မှာ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမယ့်အစီအစဉ်ဟာ အရင်တုန်းက နိုင်ငံတကာပွဲတွေမှာ ခနတွေ့ကြဖူးတာကလွဲရင် ပထမဆုံးအကြိမ် နှစ်ယောက်ထဲ သီးခြားတွေ့ဆုံပွဲဖြစ်မှာပါ။ အမေရိကန်နဲ့ ရုရှား အကြား ဆက်ဆံရေး အတော်လေး အဆင်မပြေဖြစ်နေချိန်မှာ အခုလို တွေ့ဆုံကြဖို့ စီစဉ်ထားတာလည်းဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်က ယူကရိန်းနို်င်ငံ၊ Crimea ကျွန်းဆွယ်ကို ရုရှားက သူပိုင်နယ်အဖြစ် ထည့်သွင်းလိုက်တဲ့အပေါ် အမေရိကန်က ဒဏ်ခတ်အရေးယူူမှု ချမှတ်ထားဆဲပါ။ တချိန်ထဲမှာ ၂၀၁၆ ရွေးကောက်ပွဲမှာ ရုရှားက ဝင်နှောက်ခဲ့တယ်ဆိုတာ အမေရိကန် ထောက်လှမ်းရေးအဖွဲ့အစည်းတွေက ကောက်ချက်ချထားပြီး ဒါနဲ့ပတ်သက်လို့ ရုရှားက လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို အထူး စုံစမ်းစစ်ဆေးရေးမှူး Robert Mueller က တရားစွဲဆိုတာတွေလည်း ရှိထားပြီးဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ရုရှား ဒူးမားလွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဖို့အတွက် အမေရိကန် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တဖွဲ့ စနေနေ့လောက်အစောဆုံး ရုရှားကိုသွားဖို့ရှိတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ရေးသား ဖော်ပြနေကြပါတယ်။

Trump နဲ့ Putin ဇူလိုင် ၁၆ Helsinki မှာတွေ့မည်
please wait

No media source currently available

0:00 0:00:53 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG