သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၄ ပဲရစ် အိုလံပစ်ပွဲ ရုရှားသပိတ်မှောက်မည်မဟုတ် 


 ရုရှားအိုလံပစ်ကော်မတီ (ROC) Russian Olympic Committee ဥက္ကဋ္ဌ Stanislav Pozdnyakov ယခင်မှတ်တမ်းဓာတ်ပုံ။
ရုရှားအိုလံပစ်ကော်မတီ (ROC) Russian Olympic Committee ဥက္ကဋ္ဌ Stanislav Pozdnyakov ယခင်မှတ်တမ်းဓာတ်ပုံ။

ယူကရိန်းကို ဝင်ရောက်ကျူးကျော်တိုက်ခိုက်တဲ့ရုရှားက အားကစားသမားတွေအပေါ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ IOC က ကန့်သတ်မှုတွေ ချမှတ်နေတဲ့ကြားကပဲ ပါရီမှာ ဒီနှစ်ကျင်းပမယ့် အိုလံပစ်ပွဲကို ရုရှားအိုလံပစ်ကော်မတီ ROC က သပိတ်မှောက်မှာ မဟုတ်ကြောင်း ROC အကြီးအကဲက ကြာသပတေးနေ့မှာ ပြောပါတယ်။

ROC ဥက္ကဋ္ဌ Stanislav Pozdnyakov က သပိတ်မှောက်တဲ့အလုပ်ကို သူတို့ ဘယ်တော့မှ လုပ်မှာမဟုတ်ဘဲ ကိုယ့် အားကစားသမားတွေကို အမြဲတစေထောက်ခံပံ့ပိုးမှာဖြစ်ကြောင်း နဲ့ အခု IOC က ချထားတဲ့ကန့်သတ်မှုတွေဟာ တရားမဝင်သလို တရားမျှတမှုမရှိဘဲ လက်ခံနိုင်စရာ မရှိဘူးလို့ ပြောပါတယ်။

ပါရီမှာ ဂျူလိုင်လ ၂၆ ရက်ကနေ သြဂုတ်လ ၁၁ နေ့အထိ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲတွေမှာ အရည်အချင်းပြည့်မီတဲ့ ရုရှားနဲ့ ဘယ်လ်လာရုစ်နိုင်ငံတွေက အားကစားသမားတွေ ပါဝင်ယှဉ်ပြိုင်ခွင့်ပေးမှာဖြစ်ပေမယ့် သူတို့အနေနဲ့ နိုင်ငံကိုယ်စားပြုအလံနဲ့ တံဆိပ်ကိုင်ဆောင်ခွင့်မရှိသလို အမျိုးသားသီချင်း သီဆိုခွင့်လည်းမရှိဘဲ သီးခြားလွတ်လပ်စွာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူကရိန်းကစစ်ပွဲကို တက်တက်ကြွကြွ ထောက်ခံတဲ့ အားကစားသမားတွေကိုရော ရုရှားနဲ့ ဘယ်လ်လာရုစ် စစ်တပ်ထဲ ဝင်ရောက်နေသူတွေကိုပါ ဒီပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားတာပါ။

ဒီကန့်သတ်မှုတွေအတွက် ရုရှားအစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။ ပါရီမြို့တော်ဝန်ကတော့ ဒီပါရီကပွဲကို ရုရှားနဲ့ ဘယ်လ်လာရုစ်တွေ မလာစေချင်ဘူးလို့ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။ စစ်အေးကာလတုန်းကတော့ ၁၉၈၀ မော်စကိုမှာ ကျင်းပတဲ့ အိုလံပစ်ပွဲတော်ကို အမေရိကန်က သပိတ်မှောက်သလို ၁၉၈၄ Los Angeles မှာ ကျင်းပတဲ့ ပွဲကိုလည်း ဆိုဗီယက်ရုရှားနဲ့ သူ့မဟာမိတ်တွေက သပိတ်မှောက်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG