သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္းကိုကူညီဖို႔ ဂ်ာမနီလႊတ္ေတာ္မွာ သမၼတ Zelenskyy ေတာင္းဆို 


ဂ်ာမန္လႊတ္ေတာ္အမတ္ေတြကို ယူကရိန္းသမၼတ Volodymyr Zelenskyy အြန္လိုင္းကေန မိန္႔ခြန္းေျပာၾကားစဥ္။ (မတ္လ ၁၇၊ ၂၀၂၂) 


[[Zawgyi/Unicode]]

ဂ်ာမနီႏိုင္ငံအေနနဲ႔ ယူကရိန္းကို ကူညီဖို႔ ဒီကေန႔ ဂ်ာမနီလႊတ္ေတာ္ကို ေျပာၾကားတဲ့မိန္႔ခြန္းထဲမွာ ယူကရိန္းသမၼတ Volodymyr Zelenskyy က ေတာင္းဆိုလိုက္ၿပီး “လြတ္ေျမာက္မႈနဲ႔ ခ်ဳပ္ေႏွာင္ခံရမႈ” ႏွစ္ခုၾကားမွာ တံတိုင္းတည္ေဆာက္ ကာရံခံရသလို ျဖစ္ေနေၾကာင္း ဂ်ာမန္ လႊတ္ေတာ္အမတ္ေတြကို ေျပာခဲ့ပါတယ္။

ယူကရိန္းႏိုင္ငံကို တိုက္ခိိုက္တဲ့ ဗုံးတလုံးတိုင္း၊ မခ်လိုက္ႏိုင္တဲ့ ဆုံးျဖတ္ခ်က္တိုင္းဟာ အဲဒီတံတိုင္းကို ပိုမို ႀကီးထြားေစတယ္လို႔ ဗြီဒီယိုကတဆင့္ ေျပာၾကားတဲ့မိန္႔ခြန္းထဲမွာ သမၼတ Zelenskyy က ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

႐ုရွားကဓာတ္ေငြ႕ေတြ ယူကရိန္းကိုျဖတ္ၿပီး ဂ်ာမနီႏိုင္ငံထဲကို တင္သြင္းမယ့္ Nord Stream 2 ပိုက္လိုင္းစီမံကိန္းကိုလည္း သမၼတ Zelenskyy က ေဝဖန္လိုက္ၿပီး ယူကရိန္းရဲ႕လုံျခံဳေရးထက္ သူ႔ႏိုင္ငံရဲ႕စီးပြားေရးကို ဦးစားေပး ဆုံးျဖတ္ခဲ့တယ္လို႔ ျပစ္တင္ ေျပာၾကားလိုက္ပါတယ္။

အဲဒီ Nord Stream 2 ပိုက္လိုင္းဟာ စစ္တိုက္ဖို႔အတြက္ ႐ုရွားဘက္က ႀကိဳတင္ျပင္ဆင္တဲ့လုပ္ရပ္ တစိတ္တပိုင္းျဖစ္တဲ့အတြက္ အဲဒီ ပိုက္လိုင္းမေဖာက္ဖို႔ ယူကရိန္းက ဂ်ာမနီကို တိုက္တြန္းခဲ့တယ္ဆိုတာကိုလည္း ဒီကေန႔ ဂ်ာမန္လႊတ္ေတာ္အမတ္ေတြကို ေျပာၾကားတဲ့မိန္႔ခြန္းထဲမွာ သမၼတ Zelenskyy ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

႐ုရွားေတြ သိမ္းပိုက္ထားတဲ့ ယူကရိန္းႏိုင္ငံေတာင္ပိုင္းက Mariupol ၿမိဳ႕မွာ စစ္ေဘးေရွာင္သူေတြ ရာနဲ႔ခ်ီၿပီး ပုန္းခိုေနတဲ့ ဘုရားေက်ာင္းကို မေန႔ ဗုဒၶဟူးေန႔က ႐ုရွားက ဗုံးႀကဲတိုက္ခိုက္လိုက္ၿပီးတဲ့ေနာက္ ဒီကေန႔မွာ ကယ္ဆယ္ေရးလုပ္ငန္းေတြကို ဆက္လက္ ေဆာင္ရြက္ေနပါတယ္။

အဲဒီ ဘုရားေက်ာင္းထဲမွာ စစ္ေဘးေရွာင္ ပုန္းခိုေနသူေတြထဲ ကေလးငယ္ေတြလည္း အမ်ားအျပား ပါဝင္တယ္လို႔ ဆိုပါတယ္။ အခုခ်ိန္ထိေတာ့ ဘယ္ႏွစ္ဦး ေသဆုံးတယ္ဆိုတာကို မသိႏိုင္ေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ယူကရိန်းကိုကူညီဖို့ ဂျာမနီလွှတ်တော်မှာ သမ္မတ Zelenskyy တောင်းဆို

ဂျာမနီနိုင်ငံအနေနဲ့ ယူကရိန်းကို ကူညီဖို့ ဒီကနေ့ ဂျာမနီလွှတ်တော်ကို ပြောကြားတဲ့မိန့်ခွန်းထဲမှာ ယူကရိန်းသမ္မတ Volodymyr Zelenskyy က တောင်းဆိုလိုက်ပြီး “လွတ်မြောက်မှုနဲ့ ချုပ်နှောင်ခံရမှု” နှစ်ခုကြားမှာ တံတိုင်းတည်ဆောက် ကာရံခံရသလို ဖြစ်နေကြောင်း ဂျာမန် လွှတ်တော်အမတ်တွေကို ပြောခဲ့ပါတယ်။

ယူကရိန်းနိုင်ငံကို တိုက်ခိုက်တဲ့ ဗုံးတလုံးတိုင်း၊ မချလိုက်နိုင်တဲ့ ဆုံးဖြတ်ချက်တိုင်းဟာ အဲဒီတံတိုင်းကို ပိုမို ကြီးထွားစေတယ်လို့ ဗွီဒီယိုကတဆင့် ပြောကြားတဲ့မိန့်ခွန်းထဲမှာ သမ္မတ Zelenskyy က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ရုရှားကဓာတ်ငွေ့တွေ ယူကရိန်းကိုဖြတ်ပြီး ဂျာမနီနိုင်ငံထဲကို တင်သွင်းမယ့် Nord Stream 2 ပိုက်လိုင်းစီမံကိန်းကိုလည်း သမ္မတ Zelenskyy က ဝေဖန်လိုက်ပြီး ယူကရိန်းရဲ့လုံခြုံရေးထက် သူ့နိုင်ငံရဲ့စီးပွားရေးကို ဦးစားပေး ဆုံးဖြတ်ခဲ့တယ်လို့ ပြစ်တင် ပြောကြားလိုက်ပါတယ်။

အဲဒီ Nord Stream 2 ပိုက်လိုင်းဟာ စစ်တိုက်ဖို့အတွက် ရုရှားဘက်က ကြိုတင်ပြင်ဆင်တဲ့လုပ်ရပ် တစိတ်တပိုင်းဖြစ်တဲ့အတွက် အဲဒီ ပိုက်လိုင်းမဖောက်ဖို့ ယူကရိန်းက ဂျာမနီကို တိုက်တွန်းခဲ့တယ်ဆိုတာကိုလည်း ဒီကနေ့ ဂျာမန်လွှတ်တော်အမတ်တွေကို ပြောကြားတဲ့မိန့်ခွန်းထဲမှာ သမ္မတ Zelenskyy ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ရုရှားတွေ သိမ်းပိုက်ထားတဲ့ ယူကရိန်းနိုင်ငံတောင်ပိုင်းက Mariupol မြို့မှာ စစ်ဘေးရှောင်သူတွေ ရာနဲ့ချီပြီး ပုန်းခိုနေတဲ့ ဘုရားကျောင်းကို မနေ့ ဗုဒ္ဓဟူးနေ့က ရုရှားက ဗုံးကြဲတိုက်ခိုက်လိုက်ပြီးတဲ့နောက် ဒီကနေ့မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက်နေပါတယ်။

အဲဒီ ဘုရားကျောင်းထဲမှာ စစ်ဘေးရှောင် ပုန်းခိုနေသူတွေထဲ ကလေးငယ်တွေလည်း အများအပြား ပါဝင်တယ်လို့ ဆိုပါတယ်။ အခုချိန်ထိတော့ ဘယ်နှစ်ဦး သေဆုံးတယ်ဆိုတာကို မသိနိုင်သေးပါဘူး။

=================

XS
SM
MD
LG