[[Zawgyi/Unicode]]
႐ုရွားအေနနဲ႔ ယူကရိန္းႏိုင္ငံကို က်ဴးေက်ာ္တိုက္ခို္က္ေနတာ ရပ္ပစ္ဖို႔ မတ္လ ၁၆ ရက္၊ ကုလသမဂၢလက္ေအာက္ခံ ႏိုင္ငံတကာတရား႐ုံး (ICJ) က ဗုဒၶဟူးေန႔မွာ အမိန္႔ ခ်မွတ္လိုက္ပါတယ္။
“႐ုရွားအစိုးရအေနနဲ႔ ေဖေဖာ္ဝါရီလ ၂၄ ရက္ေန႔ကစတင္ၿပီး ယူကရိန္းႏိုင္ငံတြင္း ဝင္ေရာက္လုပ္ေဆာင္ေနတဲ့ စစ္ဆင္ေရးေတြ အားလုံး ခ်က္ျခင္းရပ္တန္႔ဖို႔ တရား႐ုံးက ၁၃ မဲ ၊ ၂ မဲနဲ႔ ဆုံးျဖတ္ခ်က္ ခ်မွတ္လိုက္သည္” လို႔ ICJ တရား႐ုံးရဲ႕ တရားသူႀကီးမ်ား အဖြဲ႔ဥကၠ႒ တရားသူႀကီး Joan Donohue က ဆုံးျဖတ္ခ်က္ကို ဖတ္ၾကားခဲ့ပါတယ္။
ဒါေပမယ့္ ႐ုရွားအေနနဲ႔ အဲဒီ အမိန္႔ကို လိုက္နာပါ့မလားဆိုတဲ့အေပၚ အမ်ားစုက သံသယရွိေနၾကပါတယ္။
ICJ တရား႐ုံးရဲ႕ဆုံးျဖတ္ခ်က္ကိုမလိုက္နာတဲ့ ႏိုင္ငံေတြအေနနဲ႔ ကုလသမဂၢလုံျခံဳေရးေကာင္စီထံ အဲဒီအမႈကို လႊဲေျပာင္းျခင္း ခံရမွာျဖစ္ပါတယ္။ ႐ုရွားႏိုင္ငံဟာ လုံျခံဳေရးေကာင္စီရဲ႕ အၿမဲတမ္းအဖြဲ႔ဝင္ ႏိုင္ငံတခုျဖစ္ၿပီး ဗီတိုအာဏာကို ပိုင္ဆိုင္ထားတဲ့ ႏိုင္ငံျဖစ္ပါတယ္။
ယူကရိန္းအစိုးရက လူမ်ဳိးတံုးသတ္ျဖတ္မႈေတြ က်ဴးလြန္ေနတယ္ဆိုတဲ့ မဟုတ္မွန္တဲ့စြပ္စြဲခ်က္နဲ႔ ယူကရိန္းႏိုင္ငံကို ဝင္ေရာက္ သိမ္းပိုက္ေရးအတြက္ အေၾကာင္းျပခ်က္ေပးခဲ့တာေၾကာင့္ ဒီလုပ္ရပ္ကိုရပ္တန္႔ေရး ICJ အေနနဲ႔ ၾကားဝင္ေဆာင္ရြက္ေပးဖို႔ လြန္ခဲ့တဲ့ သီတင္းႏွစ္ပတ္ေလာက္က ယူကရိန္းအစိုးရရဲ႕ ေတာင္းဆိုခ်က္အေပၚ ICJ က ဆုံးျဖတ္ေပးလိုက္တာ ျဖစ္ပါတယ္။
ယူကရိန္းဘက္က ရန္လိုတဲ့အျပဳအမူ တစုံတရာမက်ဴးလြန္ဘဲ ႐ုရွားက က်ဴးေက်ာ္၀င္ေရာက္တာလို႔ ယူကရိန္းအစိုးရက တရား႐ုံးမွာ ေလွ်ာက္ထားခဲ့တာျဖစ္ၿပီး တရား႐ုံးရဲ႕ဆုံးျဖတ္ခ်က္ကို ယူကရိန္းအစိုးရ ကိုယ္စားလွယ္အဖြဲ႔က ႀကိဳဆိုခဲ့ပါတယ္။
႐ုရွားအစိုးရဘက္ကေတာ့ ICJ တရား႐ုံးၾကားနာပြဲကို တက္ေရာက္ခဲ့ျခင္းမရွိပါဘူး။ ဒါေပမယ့္ တရား႐ုံးအေနနဲ႔ ဒီကိစၥမွာ ၾကား၀င္ ေဆာင္ရြက္ပိုင္ခြင့္မရွိေၾကာင္းနဲ႔ ႏိုင္ငံတကာပဋိပကၡေတြ ေျဖရွင္းေပးတဲ့ ကုလသမဂၢ ပဋိဉာဥ္စာခ်ဳပ္မွာ စစ္အင္အားကို သုံးခြင့္မရွိဘူးဆိုတဲ့စာပိုဒ္ မပါဝင္ေၾကာင္း တရား႐ုံးကို စာနဲ႔ေရးသား တုံ႔ျပန္ခဲ့ပါတယ္။
=================
[[Unicode]]
ယူူကရိန်းကို ရုရှားကျူးကျော်တိုက်ခိုက်မှု ရပ်ဖို့ ICJ ဆုံးဖြတ်
ရုရှားအနေနဲ့ ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်နေတာ ရပ်ပစ်ဖို့ မတ်လ ၁၆ ရက်၊ ကုလသမဂ္ဂလက်အောက်ခံ နိုင်ငံတကာတရားရုံး (ICJ) က ဗုဒ္ဓဟူးနေ့မှာ အမိန့် ချမှတ်လိုက်ပါတယ်။
“ရုရှားအစိုးရအနေနဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကစတင်ပြီး ယူကရိန်းနိုင်ငံတွင်း ဝင်ရောက်လုပ်ဆောင်နေတဲ့ စစ်ဆင်ရေးတွေ အားလုံး ချက်ခြင်းရပ်တန့်ဖို့ တရားရုံးက ၁၃ မဲ ၊ ၂ မဲနဲ့ ဆုံးဖြတ်ချက် ချမှတ်လိုက်သည်” လို့ ICJ တရားရုံးရဲ့ တရားသူကြီးများ အဖွဲ့ဥက္ကဋ္ဌ တရားသူကြီး Joan Donohue က ဆုံးဖြတ်ချက်ကို ဖတ်ကြားခဲ့ပါတယ်။
ဒါပေမယ့် ရုရှားအနေနဲ့ အဲဒီ အမိန့်ကို လိုက်နာပါ့မလားဆိုတဲ့အပေါ် အများစုက သံသယရှိနေကြပါတယ်။
ICJ တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုမလိုက်နာတဲ့ နိုင်ငံတွေအနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ အဲဒီအမှုကို လွှဲပြောင်းခြင်း ခံရမှာဖြစ်ပါတယ်။ ရုရှားနိုင်ငံဟာ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတခုဖြစ်ပြီး ဗီတိုအာဏာကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။
ယူကရိန်းအစိုးရက လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ မဟုတ်မှန်တဲ့စွပ်စွဲချက်နဲ့ ယူကရိန်းနိုင်ငံကို ဝင်ရောက် သိမ်းပိုက်ရေးအတွက် အကြောင်းပြချက်ပေးခဲ့တာကြောင့် ဒီလုပ်ရပ်ကိုရပ်တန့်ရေး ICJ အနေနဲ့ ကြားဝင်ဆောင်ရွက်ပေးဖို့ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်လောက်က ယူကရိန်းအစိုးရရဲ့ တောင်းဆိုချက်အပေါ် ICJ က ဆုံးဖြတ်ပေးလိုက်တာ ဖြစ်ပါတယ်။
ယူကရိန်းဘက်က ရန်လိုတဲ့အပြုအမူ တစုံတရာမကျူးလွန်ဘဲ ရုရှားက ကျူးကျော်ဝင်ရောက်တာလို့ ယူကရိန်းအစိုးရက တရားရုံးမှာ လျှောက်ထားခဲ့တာဖြစ်ပြီး တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ယူကရိန်းအစိုးရ ကိုယ်စားလှယ်အဖွဲ့က ကြိုဆိုခဲ့ပါတယ်။
ရုရှားအစိုးရဘက်ကတော့ ICJ တရားရုံးကြားနာပွဲကို တက်ရောက်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် တရားရုံးအနေနဲ့ ဒီကိစ္စမှာ ကြားဝင် ဆောင်ရွက်ပိုင်ခွင့်မရှိကြောင်းနဲ့ နိုင်ငံတကာပဋိပက္ခတွေ ဖြေရှင်းပေးတဲ့ ကုလသမဂ္ဂ ပဋိဉာဉ်စာချုပ်မှာ စစ်အင်အားကို သုံးခွင့်မရှိဘူးဆိုတဲ့စာပိုဒ် မပါဝင်ကြောင်း တရားရုံးကို စာနဲ့ရေးသား တုံ့ပြန်ခဲ့ပါတယ်။
=================