သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္မႈအေရး NATO အဖြဲ႕ ထိပ္သီးမ်ား စည္းေဝး 


NATO Summit Opens On Ukraine


[[Zawgyi/Unicode]]

႐ုရွားက ယူကရိန္းကို ဝင္ေရာက္တိုက္ခိုက္ေနတာ တလၾကာလာၿပီးတဲ့ေနာက္ ေရတိုနဲ႔ ေရရွည္ တုံ႔ျပန္ခ်က္ေတြ ဘယ္လို လုပ္ေဆာင္မလဲဆိုတာ ေျမာက္အတၱလန္တိတ္စာခ်ဳပ္ NATO မဟာမိတ္အဖြဲ႕ဝင္ႏိုင္ငံေတြ ဒီကေန႔ Brussels ၿမိဳ႕မွာ ေတြ႕ ဆုံ ေဆြးေႏြးေနၾကပါတယ္။ ယူကရိန္းသမၼတ Volodymyr Zelenskyy ကလည္း ဒီေဆြးေႏြးပြဲမွာ တိုက္႐ိုက္ေတာင္းဆိုမႈေတြ လုပ္ဖို႔ရွိပါတယ္။

ေနတိုးအဖြဲ႕အေနနဲ႔ ယူကရိန္းတပ္ဖြဲ႕ေတြအတြက္ လက္နက္ေတြအပါအဝင္ ”ထိေရာက္ၿပီး ကန႔္သတ္ခ်က္မရွိတဲ့” အကူအညီေတြ ေပးဖို႔ စည္းေဝးပြဲမစခင္ ယူကရိန္းသမၼတက ဗြီဒီယိုကတဆင့္ အဂၤလိပ္လိုေျပာၾကားၿပီး ေတာင္းဆိုထားပါတယ္။

ဒါ့အျပင္ ကမာၻတဝန္းက ျပည္သူေတြအေနနဲ႔လည္း ယူကရိန္းကို ႐ုရွားက ဝင္ေရာက္တိုက္ခိုက္တဲ့အေပၚ ဆန႔္က်င္တဲ့ဆႏၵျပပြဲေတြ ျပဳလုပ္ၾကဖို႔ ေတာင္းဆိုလိုက္ပါတယ္။

“ယူကရိန္းကိုေထာက္ခံတဲ့သေကၤတေတြ ကိုင္ေဆာင္ၿပီး လြတ္လပ္မႈနဲ႔ အသက္ရွင္သန္ေနထိုင္မႈကို ေထာက္ခံေၾကာင္းျပသတဲ့အေနနဲ႔ ခင္ဗ်ားတို႔ရဲ႕ ျပည္သူ႔ရင္ျပင္ေတြမွာ၊ လမ္းမေတြေပၚမွာ သိသာျမင္သာေအာင္ ထြက္ၿပီး ခ်ီတက္ ဆႏၵျပၾကပါ။” လို႔ ယူကရိန္းသမၼတ Zelenskyy က ေတာင္းဆိုပါတယ္။

ေနတိုးစည္းေဝးပြဲတက္ဖို႔ Brussels မွာေရာက္ေနတဲ့ အေမရိကန္သမၼတ Joe Biden ဟာလည္း NATO စည္းေဝးပြဲအျပင္ G-7 စက္မႈထိပ္သီး ၇ ႏိုင္ငံက ေခါင္းေဆာင္ေတြ၊ ဥေရာပေကာင္စီတို႔နဲ႔လည္း ေတြ႕ဆုံဖို႔ရွိပါတယ္။ ဒီ စည္းေဝးပြဲရဲ႕ အဓိကရည္႐ြယ္ခ်က္ဟာ လြန္ခဲ့တဲ့ တလတာကာလအတြင္း စည္းလုံးညီၫြတ္ခဲ့ၾကတဲ့ ဒီ မဟာမိတ္အဖြဲ႕အေနနဲ႔ အနာဂတ္မွာလည္း ဘယ္ေလာက္ပဲၾကာၾကာ ဒီအတိုင္း ဆက္ၿပီး ညီညီၫြတ္ၫြတ္နဲ႔ ဒီျပႆနာကို ရင္ဆိုင္ ေျဖရွင္းသြားမယ္ဆိုတာ နားေထာင္ဖို႔အတြက္ျဖစ္တယ္လို႔ အေမရိကန္ ႏိုင္ငံေတာ္လုံၿခဳံေရးအႀကံေပးပုဂၢိဳလ္ Jake Sullivan က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

================
[[Unicode]]

ယူကရိန်းကို ရုရှားကျူးကျော်မှုအရေး NATO အဖွဲ့ ထိပ်သီးများ စည်းဝေး

ရုရှားက ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်နေတာ တလကြာလာပြီးတဲ့နောက် ရေတိုနဲ့ ရေရှည် တုံ့ပြန်ချက်တွေ ဘယ်လို လုပ်ဆောင်မလဲဆိုတာ မြောက်အတ္တလန်တိတ်စာချုပ် NATO မဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေ ဒီကနေ့ Brussels မြို့မှာ တွေ့ ဆုံ ဆွေးနွေးနေကြပါတယ်။ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကလည်း ဒီဆွေးနွေးပွဲမှာ တိုက်ရိုက်တောင်းဆိုမှုတွေ လုပ်ဖို့ရှိပါတယ်။

နေတိုးအဖွဲ့အနေနဲ့ ယူကရိန်းတပ်ဖွဲ့တွေအတွက် လက်နက်တွေအပါအဝင် ”ထိရောက်ပြီး ကန့်သတ်ချက်မရှိတဲ့” အကူအညီတွေ ပေးဖို့ စည်းဝေးပွဲမစခင် ယူကရိန်းသမ္မတက ဗွီဒီယိုကတဆင့် အင်္ဂလိပ်လိုပြောကြားပြီး တောင်းဆိုထားပါတယ်။

ဒါ့အပြင် ကမ္ဘာတဝန်းက ပြည်သူတွေအနေနဲ့လည်း ယူကရိန်းကို ရုရှားက ဝင်ရောက်တိုက်ခိုက်တဲ့အပေါ် ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ ပြုလုပ်ကြဖို့ တောင်းဆိုလိုက်ပါတယ်။

“ယူကရိန်းကိုထောက်ခံတဲ့သင်္ကေတတွေ ကိုင်ဆောင်ပြီး လွတ်လပ်မှုနဲ့ အသက်ရှင်သန်နေထိုင်မှုကို ထောက်ခံကြောင်းပြသတဲ့အနေနဲ့ ခင်ဗျားတို့ရဲ့ ပြည်သူ့ရင်ပြင်တွေမှာ၊ လမ်းမတွေပေါ်မှာ သိသာမြင်သာအောင် ထွက်ပြီး ချီတက် ဆန္ဒပြကြပါ။” လို့ ယူကရိန်းသမ္မတ Zelenskyy က တောင်းဆိုပါတယ်။

နေတိုးစည်းဝေးပွဲတက်ဖို့ Brussels မှာရောက်နေတဲ့ အမေရိကန်သမ္မတ Joe Biden ဟာလည်း NATO စည်းဝေးပွဲအပြင် G-7 စက်မှုထိပ်သီး ၇ နိုင်ငံက ခေါင်းဆောင်တွေ၊ ဥရောပကောင်စီတို့နဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။ ဒီ စည်းဝေးပွဲရဲ့ အဓိကရည်ရွယ်ချက်ဟာ လွန်ခဲ့တဲ့ တလတာကာလအတွင်း စည်းလုံးညီညွတ်ခဲ့ကြတဲ့ ဒီ မဟာမိတ်အဖွဲ့အနေနဲ့ အနာဂတ်မှာလည်း ဘယ်လောက်ပဲကြာကြာ ဒီအတိုင်း ဆက်ပြီး ညီညီညွတ်ညွတ်နဲ့ ဒီပြဿနာကို ရင်ဆိုင် ဖြေရှင်းသွားမယ်ဆိုတာ နားထောင်ဖို့အတွက်ဖြစ်တယ်လို့ အမေရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေးပုဂ္ဂိုလ် Jake Sullivan က ပြောပါတယ်။

================

XS
SM
MD
LG