သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသတ်ခံ အတိုက်အခံ ရုရှားခေါင်းဆောင်ကို ပြည်သူတွေစုဝေးဂုဏ်ပြု


ကရင်မလင်နန်းတော်နားက တံတားပေါ်မှာ သေနတ်နဲ့လုပ်ကြံခံရသူ အတိုက်အခံခေါင်းဆောင် Boris Nemtsov ကို ထောက်ခံသူတွေက နိုင်ငံတော်အလံတွေကိုင်ပြီး ချီတက်ဂါရဝပြုနေစဉ်။ (မတ် ၁၊ ၂၀၁၅)

ရုရှားနိုင်ငံမှာ အသတ်ခံခဲ့ရတဲ့ အတိုက်အခံခေါင်းဆောင် Boris Nemtsov ကို ထောက်ခံကြောင်းပြသတဲ့အနေနဲ့ ထောင်သောင်းချီတဲ့ ရုရှားပြည်သူတွေ
Moscow မြို့တော်မှာ တနင်္ဂနွေနေ့က ပါဝင် ချီတက်ခဲ့ကြပါတယ်။

အလယ်အလတ်အမြင်ရှိတဲ့ နိုင်ငံရေးသမားတယောက်လည်းဖြစ်၊ သမ္မပူတင်ကို ပွင့်ပွင့်လင်းလင်း ဝေဖန်သူတယောက်လည်းဖြစ်တဲ့ ဝါရင့်နိုင်ငံရေးသမား Nemtsov နဲ့တသားတည်းရှိတယ်ဆိုတာ ပြသတဲ့အနေနဲ့ ပါဝင်ချီတက်ခဲ့ကြသူအများအပြားဟာ ရုရှားအလံတွေ၊ ကျွ်နုပ်တို့ မကြောက်ပါဘူးလို့ ရေးသားထားတဲ့ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ငြိမ်ငြိမ်သက်သက် ချီတက်ခဲ့ကြပါတယ်။

ပွဲစီစဉ်သူတွေက ပါဝင်ချီတက်သူ (၇) သောင်းလောက်ရှိတယ်လို့ပြောပေမယ့် Moscow မြို့ရဲတပ်ဖွဲ့ကတော့ ချီတက်သူ ၂ သောင်း ၁ ထောင်လောက်ပဲ ရှိမယ်လို့ ဆိုခဲ့ပါတယ်။ သောကြာနေ့ညတုန်းက Kremlin နန်းတော်နားက တံတားတခုပေါ်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတဲ့ အသက် ၅၅ နှစ်အရွယ် Mentsov ရဲ့ ဓါတ်ပုံတွေကိုလည်း တချို့က ကိုင်ဆောင်ချီတက်ခဲ့ကြပါတယ်။

ဒီသတ်ဖြတ်မှုဟာ ရုရှားနိုင်ငံရဲ့သမိုင်းမှာ ထူးခြားတဲ့ဖြစ်ရပ်တခုအဖြစ် သက်သေပြနေလိမ့်မယ်လို့ သမ္မတပူတင်ကို အကြီးအကျယ်ဝေဖန်သူ ရုရှား
ဝန်ကြီးချုပ်ဟောင်း Mikhail Kasyanov က ပြောကြားခဲ့ပါတယ်။

ယူကရိန်းနိုင်ငံမှာ ရုရှားရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်လို့ သမ္မတပူတင်ကိုကန့်ကွက်ကြောင်း ဆန္ဒပြကြဖို့ တိုက်တွန်းခဲ့ပြီး မကြာခင်မှာပဲ Boris
Nemtsov ပစ်သတ်ခံခဲ့ရတာဖြစ်ပါတယ်။ ကားတစင်းပေါ်ကနေ သူ့ကို သေနတ်နဲ့ ၄ ချက် ပစ်သတ်သွားသူကို ရဲက ရှာဖွေနေဆဲဖြစ်ပါတယ်။

XS
SM
MD
LG