သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ နိုင်ငံတကာ သံအမတ်ခန့်အပ်လွှာ ရုရှားသမ္မတလက်ခံ


ရုရှားနိုင်ငံ မော်စကိုမြို့တော် နိုင်ငံတကာ သံတမန် ခန့်အပ်လွှာ အခမ်းအနားမှာတွေ့ရတဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင် (နိုဝင်ဘာ ၅၊ ၂၀၂၄)
ရုရှားနိုင်ငံ မော်စကိုမြို့တော် နိုင်ငံတကာ သံတမန် ခန့်အပ်လွှာ အခမ်းအနားမှာတွေ့ရတဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင် (နိုဝင်ဘာ ၅၊ ၂၀၂၄)

မြန်မာနိုင်ငံအပါအဝင် မလေးရှား၊ အိန္ဒိယ အင်ဒိုနီးရှားနဲ၊ လာအို၊ ဇင်ဘာဘွေ စတဲ့ နိုင်ငံတွေနဲ့ ရုရှားနိုင်ငံရဲ့ ဆက်ဆံရေးဟာ ဘက်ပေါင်းစုံ၊ နှစ်ဖက် အကျိုးစီးပွားနဲ့ စစ်မှန်တဲ့ဆက်ဆံရေး ဖြစ်သလို အပြန်အလှန်လေးစားမှုနဲ့ အချုပ်အခြာပိုင် အကျိုးစီးပွားတွေကို အခြေခံတယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင် (Vladimir Putin) က ပြောဆိုပါတယ်။

မနေ့က မော်စကိုမှာ ကျင်းပတဲ့ နိုင်ငံတော်တော်များများက ဒါဇင်နဲ့ချီတဲ့ နိုင်ငံတကာ သံတမန် ခန့်အပ်လွှာတွေ လက်ခံတဲ့ မော်စကိုမြို့တော် ကရင်မလင်နန်းတော် St Alexander ခန်းမက အခမ်းအနားမှာ ရုရှား သမ္မတပူတင်က ပြောဆိုသွားတာပါ။ အခမ်းအနားမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက စစ်ကောင်စီက ခန့်ထားတဲ့ ရုရှားနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသစ်လင်းအုန်းရဲ့ ခန့်အပ်လွှာကိုလည်း တခြားနိုင်ငံတွေနဲ့အတူ တပေါင်းတည်း လက်ခံပါတယ်။

အနောက်နိုင်ငံတွေက သံတမန် အများစုအနေနဲ့ ရုရှားနိုင်ငံနဲ့ ပတ်သက်ပြီး မျှမျှတတ ဘက်မလိုက်ဘဲ သမာသမတ်ရှိရှိ ရှုမြင်မယ်လို့ မျှော်လင့်တဲ့အကြောင်း‌ပြောဆိုရင်း အခမ်းအနားတက်ရောက်ကြတဲ့ ရုရှားနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတချို့က သံတမန်တချို့ကို ရည်ညွှန်းပြီး နိုင်းယှဉ် ပြောဆိုသွားတာပါ။

ယူကရိန်းကျုးကျော်စစ်နောက်ပိုင်း ရုရှားနဲ့ အနောက်နိုင်ငံတွေအကြား စစ်ရေးနဲ့ သံတမန် ဆက်ဆံရေး တင်းမာနေပြီး ရုရှားအပေါ် အရေးယူပိတ်ဆို့မှုတွေ တိုးလာချိန်မှာ အခုလို သံတမန် အသစ်ခန့်အပ်လွှာတွေကို လက်ခံတာပါ။ ရုရှားသမ္မတပူတင်က သူ့အနေနဲ့ ထိပ်တိုက်ရင်ဆိုင်တာတွေကို မလိုလားဘဲ အပြန်အလှန်အကျိုးစီးပွားကို ရှေ့တန်းတင်တယ်လို့‌ ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံနဲ့အတူ ဂျပန်၊ ကနေဒါ၊ အစ္စရေး၊ အိန္ဒိယ နယ်သာလန်၊ အီတလီ စတဲ့ နိုင်ငံသုံးဆယ်နီးပါးက သံတမန် ခန့်အပ်လွှာတွေကို ရုရှားသမ္မတ လက်ခံတာဖြစ်ပါတယ်။

မြန်မာနဲ့ နိုင်ငံတကာ သံအမတ်ခန့်အပ်လွှာ ရုရှားသမ္မတလက်ခံ
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG