သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုယုယာဉ် နိုင်ငံတကာအာကာသစခန်း ဆင်းသက်မှု မအောင်မြင်


၂၀၁၃၊ နိုဝင်ဘာလက နိုင်ငံတကာအာကာသစခန်းတွင် ဆင်းသက်ရန် ပြင်ဆင်နေသည့် ရုရှားအာကာသယာဉ်။
၂၀၁၃၊ နိုဝင်ဘာလက နိုင်ငံတကာအာကာသစခန်းတွင် ဆင်းသက်ရန် ပြင်ဆင်နေသည့် ရုရှားအာကာသယာဉ်။

ရုရှားနိုင်ငံက ဆိုယု အာကာသယာဉ်ဟာ အပြည်ပြည်ဆိုင်ရာ အာကာသစခန်း ISS မှာ ကြိုတင် သတ်မှတ်ထားတဲ့အတိုင်း ဒီကနေ့ ဆင်းသက်နိုင်ခြင်း မရှိခဲ့ပါဘူး။

အာကာသစခန်းမှာ ရှိနှင့်ပြီးသား အာကာသယာဉ်မှူးတွေနဲ့အတူ လုပ်ငန်းဆောင်ရွက်မယ့် လူ့ခန္ဓာကိုယ် အရွယ်အစားအတိုင်း ဖန်တီးထားပြီး လူနဲ့ပုံစံတူ ပထမဆုံး စက်ရုပ်တခုကို ဆိုယုအာကာသယာဉ်က တင်ဆောင်လာတာပါ။

အာကာသစခန်း ISS ပေါ်က သတ်မှတ်ထားတဲ့နေရာမှာ ဆိုယုအာကာသယာဉ်ကို ချိတ်ဆက် ဆင်းသက် ရမှာဖြစ်ပေမယ့် အသေအချာ ချိတ်ဆက်နိုင်ခြင်း မရှိခဲ့ဘူးလို့ အမေရိကန် အာကာသနဲ့ လေ့လာစူးစမ်းရေးအဖွဲ့ NASA ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အာကာသယာဉ် ဆင်းသက်ရမယ့် နေရာက စနစ်တွေကို အာကာသယာဉ်မှူးတွေ ပြင်ဆင်နေတဲ့အချိန်မှာ ဆိုယုအာကာသယာဉ်က နောက်ပြန်ဆုတ်ပြီး စောင့်ဆိုင်းနေရပါတယ်။

လာမယ့်တနင်္လာနေ့မှာတော့ ဆိုယုအာကာသယာဉ် နောက်တကြိမ် ဆင်းသက်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဆိုယု အာကာသယာဉ်မှာ ပုံမှန်အားဖြင့် အာကာသယာဉ်မှူးတွေ တင်ဆောင်လာလေ့ရှိပေမယ့် ခုတကြိမ်မှာတော့ အရေးပေါ်ကယ်တင်ရေးစနစ်ကို စမ်းသပ်တဲ့အနေနဲ့ လူမပါဘဲ စေလွှတ်လိုက်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG