သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းကို စစ္ေရးအကူအညီ တိုးေပးေရး ေနတိုးအဖြဲ႕ စည္းေဝးပြဲက်င္းပ


အေမရိကန္ကာကြယ္ေရးဝန္ႀကီး Lloyd Austin နဲ႔ယူကရိန္းကာကြယ္ေရးဝန္ႀကီး Oleksii Reznikov တို႔ NATO ကာကြယ္ေရးဝန္ႀကီးမ်ားအစည္းအေဝးက်င္းပရာ ဘယ္လ္ဂ်ီယံႏုိင္ငံ၊ ဘရပ္ဆဲလ္ၿမိဳ႕ ေနတုိးစစ္ဌာနခ်ဳပ္မွာ ေတြ႔ဆံုစဥ္။ (ဇြန္ ၁၅၊ ၂၀၂၂)


[[Zawgyi/Unicode]]

႐ုရွားက်ဴးေက်ာ္စစ္ ၄ လ နီးနီး ရွိလာတဲ့အခါမွာ ယူကရိန္းကို စစ္ေရးအကူအညီ တိုးေပးႏိုင္‌ေရး ေဆြးေႏြးဖို႔အတြက္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြနဲ႔ အျခားႏိုင္ငံေတြနဲ႔ အစည္းအေဝးတရပ္ကို အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Lloyd Austin က ဗုဒၶဟူးေန႔မွာ ဦးေဆာင္က်င္းပခဲ့ပါတယ္။

ဘရပ္ဆဲလ္ၿမိဳ႕ ေနတိုး ဌာနခ်ဳပ္မွာ က်င္းပေနတဲ့ ေနတိုး ကာကြယ္ေရးဝန္ႀကီးမ်ား အစည္းအေဝးနဲ႔ဆက္ႏြယ္ၿပီး သီးျခား ေဆြးေႏြးေနတာ ျဖစ္ပါတယ္။ ယူကရိန္းကာကြယ္ေရး ဆိုင္ရာ ဆက္သြယ္ေရးအုပ္စုလို႔ သိၾကတဲ့အဖြဲ႕မွာ ႏိုင္ငံ ၅၀ ေလာက္ ပါဝင္ပါတယ္။ အင္တာနက္ကေနတဆင့္ အေမရိကန္ကာကြယ္ ေရး ဝန္ႀကီးက ေဆြးေႏြးခဲ့တာပါ။ ယူကရိန္းက သူ႔ရဲ႕ႏိုင္ငံတကာ မိတ္ဘက္ ေတြကို လက္နက္ႀကီးေတြကူညီဖို႔ ေတာင္းခံထားပါတယ္။

ယူကရိန္းမွာ လက္နက္ႀကီးေတြ ပိုၿပီး ရွိသင့္ပါတယ္လို႔ ေနတိုး အတြင္းေရးမႉးခ်ဳပ္ Jens Stoltenberg က အဂၤါေန႔က သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။

“႐ုရွားရဲ႕ရက္စက္ ၾကမ္းၾကဳတ္တဲ့ က်ဴးေက်ာ္စစ္ကို ႀကံ့ႀကံ့ခံႏိုင္စြမ္းက အဲဒီ လက္နက္ႀကီးေတြအေပၚမွာ တည္ပါတယ္။” လို႔ သူ က ဆိုပါတယ္။ “လာမယ့္ ရက္သတၱပတ္ေတြမွာ ဘယ္သူက လႊမ္းႏိုင္မလဲဆိုတာကို အဆုံးအျဖတ္ေပးရာမွာ ဒြန္ဘေဒသက ေသာ့ခ်က္က်တယ္” လို႔ အဂၤါေန႔ ေႏွာင္းပိုင္း က ဗြီဒီယို သတင္းစကားမွာ ယူကရိန္း သမၼတ Volodymyr Zelenskyy က ေျပာပါတယ္။

Sievierodonetsk ၿမိဳ႕ ရဲ႕ ၈၀ ရာႏႈန္းကို ႐ုရွားက ထိန္းခ်ဳပ္ထားတယ္လို႔ Luhansk ေဒသ အုပ္ခ်ဳပ္ေရးမႉး Serhiy Haidai က အဂၤါေန႔ က ေျပာပါတယ္။ ႐ုရွားတပ္ေတြက လက္နက္ႀကီးေတြနဲ႔ အဆက္မျပတ္ပစ္ခတ္ေနတာေၾကာင့္ က်န္ခဲ့တဲ့ ၿမိဳ႕သူၿမိဳ႕သား ၁၂,၀၀၀ ကို ကယ္ထုတ္ဖို႔ မျဖစ္ႏိုင္ေသးဘူးလို႔ သူက ဆိုပါတယ္။ အရပ္သား ၅၀၀ ေလာက္ဟာ Sievierodonetsk ၿမိဳ႕ ဓာတုေဗဒ စက္႐ုံမွာ ပိတ္မိေနၾကပါတယ္။

အဲဒီ စက္႐ုံထဲက အရပ္သားေတြထြက္ႏိုင္ဖို႔ ဗုဒၶဟူးေန႔မွာ လမ္းေၾကာင္းဖြင့္ေပးမယ္လို႔ ႐ုရွားစစ္တပ္က ဗိုလ္မႉးခ်ဳပ္ Mikhail Mizintsev က ေျပာပါတယ္။ သူတို႔ကို ႐ုရွားတပ္ေတြနဲ႔ ခြဲထြက္ေရးသမားေတြ ထိန္းခ်ဳပ္ထားၾကတဲ့ Svatovo ၿမိဳ႕ ကို ေခၚသြားမယ္လို႔ ဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

==============
[[Unicode]]

ယူကရိန်းကို စစ်ရေးအကူအညီ တိုးပေးရေး နေတိုးအဖွဲ့ စည်းဝေးပွဲကျင်းပ

ရုရှားကျူးကျော်စစ် ၄ လ နီးနီး ရှိလာတဲ့အခါမှာ ယူကရိန်းကို စစ်ရေးအကူအညီ တိုးပေးနိုင်‌ရေး ဆွေးနွေးဖို့အတွက် နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ အခြားနိုင်ငံတွေနဲ့ အစည်းအဝေးတရပ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ဗုဒ္ဓဟူးနေ့မှာ ဦးဆောင်ကျင်းပခဲ့ပါတယ်။

ဘရပ်ဆဲလ်မြို့ နေတိုး ဌာနချုပ်မှာ ကျင်းပနေတဲ့ နေတိုး ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနဲ့ဆက်နွယ်ပြီး သီးခြား ဆွေးနွေးနေတာ ဖြစ်ပါတယ်။ ယူကရိန်းကာကွယ်ရေး ဆိုင်ရာ ဆက်သွယ်ရေးအုပ်စုလို့ သိကြတဲ့အဖွဲ့မှာ နိုင်ငံ ၅၀ လောက် ပါဝင်ပါတယ်။ အင်တာနက်ကနေတဆင့် အမေရိကန်ကာကွယ် ရေး ဝန်ကြီးက ဆွေးနွေးခဲ့တာပါ။ ယူကရိန်းက သူ့ရဲ့နိုင်ငံတကာ မိတ်ဘက် တွေကို လက်နက်ကြီးတွေကူညီဖို့ တောင်းခံထားပါတယ်။

ယူကရိန်းမှာ လက်နက်ကြီးတွေ ပိုပြီး ရှိသင့်ပါတယ်လို့ နေတိုး အတွင်းရေးမှူးချုပ် Jens Stoltenberg က အင်္ဂါနေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ရုရှားရဲ့ရက်စက် ကြမ်းကြုတ်တဲ့ ကျူးကျော်စစ်ကို ကြံ့ကြံ့ခံနိုင်စွမ်းက အဲဒီ လက်နက်ကြီးတွေအပေါ်မှာ တည်ပါတယ်။” လို့ သူ က ဆိုပါတယ်။ “လာမယ့် ရက်သတ္တပတ်တွေမှာ ဘယ်သူက လွှမ်းနိုင်မလဲဆိုတာကို အဆုံးအဖြတ်ပေးရာမှာ ဒွန်ဘဒေသက သော့ချက်ကျတယ်” လို့ အင်္ဂါနေ့ နှောင်းပိုင်း က ဗွီဒီယို သတင်းစကားမှာ ယူကရိန်း သမ္မတ Volodymyr Zelenskyy က ပြောပါတယ်။

Sievierodonetsk မြို့ ရဲ့ ၈၀ ရာနှုန်းကို ရုရှားက ထိန်းချုပ်ထားတယ်လို့ Luhansk ဒေသ အုပ်ချုပ်ရေးမှူး Serhiy Haidai က အင်္ဂါနေ့ က ပြောပါတယ်။ ရုရှားတပ်တွေက လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတာကြောင့် ကျန်ခဲ့တဲ့ မြို့သူမြို့သား ၁၂,၀၀၀ ကို ကယ်ထုတ်ဖို့ မဖြစ်နိုင်သေးဘူးလို့ သူက ဆိုပါတယ်။ အရပ်သား ၅၀၀ လောက်ဟာ Sievierodonetsk မြို့ ဓာတုဗေဒ စက်ရုံမှာ ပိတ်မိနေကြပါတယ်။

အဲဒီ စက်ရုံထဲက အရပ်သားတွေထွက်နိုင်ဖို့ ဗုဒ္ဓဟူးနေ့မှာ လမ်းကြောင်းဖွင့်ပေးမယ်လို့ ရုရှားစစ်တပ်က ဗိုလ်မှူးချုပ် Mikhail Mizintsev က ပြောပါတယ်။ သူတို့ကို ရုရှားတပ်တွေနဲ့ ခွဲထွက်ရေးသမားတွေ ထိန်းချုပ်ထားကြတဲ့ Svatovo မြို့ ကို ခေါ်သွားမယ်လို့ ဆိုပါတယ်။

==============

XS
SM
MD
LG