သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့တောင်ကိုရီးယားလေတပ် စစ်ရေးလေ့ကျင့်


ကန်နဲ့တောင်ကိုရီးယားလေတပ် စစ်ရေးလေ့ကျင့်
ကန်နဲ့တောင်ကိုရီးယားလေတပ် စစ်ရေးလေ့ကျင့်

ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ကြီးထွားနေချိန်မှာပဲ တောင်ကိုရီးယားနိုင်ငံ Gunsan လေတပ် အခြေစိုက်စခန်းမှာ အမေရိကန်နဲ့ တောင်ကိုရီးယား လေတပ်တို့ ဒီကနေ့ပဲ ပူးတွဲစစ်ရေး လေ့ကျင့်ခဲ့ကြပါတယ်။

Max Thunder လို့ အမည်ပေးထားတဲ့ နှစ်စဉ်စစ်ရေး လေ့ကျင့်မှုကိုတော့ စစ်ပွဲအတွင်း ပူးတွဲဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ ရည်ရွယ်ထားပြီး၊ အမေရိကန်နဲ့ တောင်ကိုရီးယား လေသူရဲ ၁၅၀၀ လောက်နဲ့အတူ၊ F-16 နဲ့ F-15K အမျိုးအစား တိုက်လေယာဉ်တွေ အပါအဝင် လေယာဉ် ၈၀ လောက် ပါဝင်လေ့ကျင့်ခဲ့ကြပါတယ်။

နိုင်ငံတကာနဲ့ အဆက်ပြတ်ပြီး အထီးကျန်ဖြစ်နေတဲ့ မြောက်ကိုရီးယား နိုင်ငံက တားမြစ်ထားတဲ့ကြားက၊ နျူကလီးယားလက်နက် မကြာခင် ထပ်မံစမ်းသပ်ဖို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ၊ အမေရိကန် လေယာဉ်တင်သင်္ဘော USS Carl Vinson နဲ့ ရေတပ်ဖွဲ့ဟာ အင်အားပြတဲ့ အနေနဲ့ ကိုရီးယားကျွန်းဆွယ်ကို ဦးတည်ခုတ်မောင်းနေတဲ့အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က သတင်းတွေကြောင့် တင်းမာမှုတွေ ကြီးထွားလာနေချိန်မှာပဲ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြတာပါ။

ဆင်းရဲပြီး နိုင်ငံတကာက ဝိုင်းပယ်ခံထားရတဲ့ ကွန်မြူနစ် မြောက်ကိုရီးယားနိုင်ငံနဲ့ ချမ်းသာကြွယ်ဝပြီး ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်နေတဲ့ တောင်ကိုရီးယား နိုင်ငံတို့ကြား စစ်ပြေငြိမ်းရေး စာချုပ်နဲ့ ၁၉၅၃ ခုနှစ်မှာ ၃ နှစ်ကြာစစ်ပွဲ အဆုံးသတ်ခဲ့ပေမဲ့၊ ၂ နိုင်ငံကြား အပြီးသတ်ငြိမ်းချမ်းရေး သဘောတူညီချက် မရနိုင်ဘဲ ရန်ဖက်တွေအဖြစ် ရှိနေဆဲ ဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ အန္တရာယ်ကနေ ပူးတွဲကာကွယ်နိုင်ဖို့ အမေရိကန်ကလည်း တောင်ကိုရီးယားမှာ တပ်ဖွဲွ့ဝင် ၂၈,၅၀၀ လောက်အထိ တာဝန်ပေး စေလွှတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG