သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိုင်းနိုင်ငံထဲထွက်ပြေး


ထိုင်းနိုင်ငံဘက်ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ထိုင်းစစ်တပ်က ဖမ်းဆီးထားစဉ် (မတ် ၁၉၊ ၂၀၂၄) Photo - CJ
ထိုင်းနိုင်ငံဘက်ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေကို ထိုင်းစစ်တပ်က ဖမ်းဆီးထားစဉ် (မတ် ၁၉၊ ၂၀၂၄) Photo - CJ

မြန်မာစစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNU) နဲ့ တိုက်ပွဲတွေကြား စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်ထိုင်းနိုင်ငံထဲ ထွက်ပြေးခဲ့ကြကြောင်း ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံရှိ အုန်းဖန်မြို့နယ်ကို ရောက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၀ ကျော်ကို ထိုင်းစစ်တပ်က ထိန်းသိမ်းထားတယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

မြန်မာစစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေဟာ ကေအန်ယူထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် တပ်မဟာ(၆)မှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် မတ်လ ၁၉ ရက်နေ့ နေလည်ပိုင်းက ထိုင်းနိုင်ငံရှိ အုန်းဖန်မြို့နယ် ပိုင်ခလန်ကျေးရွာထဲကို မြန်မာစစ်သား ၄၀ကျော် ထွက်ပြေးလာတယ်လို့ ထိုင်းနယ်စပ်မှာနေထိုင်နေသူတဦးကပြောပြပါတယ်။

"အုန်းဖန်မြို့နယ်အပိုင် ပိုင်ကလန်ကျေးရွာဆိုတာရှိတယ် ပိုင်ခလန်ကျေးရွာအဟောင်းဘက်ကို အယောက် ၄၀ကျော်ထွက်ပြေးလာတယ် အဲဒီကွမ်းသီးခြံဘက်မှာနေရာယူထားတယ်ထိုင်းဘက်ခြမ်း အုန်းဖန်အပိုင်ပေါ့"

မြန်မာစစ်သားတွေဟာမဲသရောခီးစခန်းကနေ ထွက်ပြေးလာကြတာဖြစ်ပြီးလက်နက်တွေပါသယ်ဆောင်လာတဲ့အတွက် ထိုင်းစစ်တပ်က ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ပြောပါတယ်။

"ကေအန်ယူနဲ့ကတိုက်ပွဲတွေကဆက်တိုက်ဖြစ်နေတာ မဲသရောခီးစခန်းကနေထွက်ပြေးလာတာ သူတို့မြန်မာဘက်ကစစ်စခန်းတွေက နည်းနည်းပဲကျန်တော့တယ် မြဝတီကျန်တယ် မဲသရောခီးစခန်းတွေကျန်တယ် အဲဒီမှာ ကေအန်ယူက လိုက်တိုက်တော့ မြန်မာစစ်တပ်ကလူတွေက ပိုင်ကလန်ကျေးရွာဘက်ကို ထွက်ပြေးလာကြတာပါ။"

ထိုင်းနိုင်ငံဘက် ရောက်လာတဲ့ မြန်မာတပ်ဖွဲ့ဝင်တွေရဲ့ ပုံတွေကိုလည်း Facebook လူမှုကွန်ရက်မှာ တွေ့ကြရပါတယ်။ အားလုံးပေါင်း ၄၅ယောက် ရှိတယ်လို့လည်းဆိုပါတယ်။ အခုထွက်ပြေးလာတဲ့ စစ်သားတွေနဲ့ ကေအန်ယူတို့တိုက်ပွဲဖြစ်နေတာ ဟာ တနှစ်ကျော်ကြာပြီဖြစ်ပေမဲ့ အခုနောက်ပိုင်းမှာစစ်တပ်ဘက်ကစခန်းအတော်များများ လက်လွှတ်လိုက်ရတာတွေ ကျိုက်ဒုံစခန်းက ဗျူဟာမှူးအပါအဝင် လူ ၆၀ ကျော်လက်နက်ချမှုတွေကလည်း တခြားတပ်စခန်းတွေအတွက် စိတ်ဓါတ်ရေးရာကျဆင်းတာတွေရှိပြီး လက်နက်ချထွက်ပြေးတာတွေရှိလာတယ်လို့ ကေအန်ယူဘက်ကလည်းဆိုပါတယ် ။

KNU တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အခြေအနေနဲ့ ထိခိုက်ကျဆုံးမှုတွေအတွက် စစ်ကောင်စီက သတင်းထုတ်ပြန်တာတော့ မရှိပါဘူး။ အခုထွက်ပြေးလာသူတွေကိုတော့ထိုင်းစစ်တပ်ကမြန်မာဘက်ကိုပြန်အပ်မလားဆိုတာတော့သေချာမသိပေမဲ့ လူသားချင်းစာနာတဲ့အကူအညီအဖြစ် အစားအသောက်နဲ့သောက်ရေတွေ ကူညီပေးထားတယ်လို့သိရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG