သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္းၿမိဳ႕ႀကီး ၄ ၿမိဳ႕ကလြဲလို႔ က်န္ၿမိဳ႕နယ္ေတြမွာ အင္တာနက္ ျပတ္



[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္းထဲက ၿမိဳ႕ႀကီး ၄ ၿမိဳ႕ကလြဲလို႔ က်န္တဲ့ေနရာေတြမွာ အင္တာနက္ ျပတ္ေနပါတယ္။ အင္တာနက္ဆက္သြယ္ေရး ဝန္ေဆာင္မႈေပးေနတဲ့ လုပ္ငန္း တခ်ဳိ႕က လက္ကိုင္မိုဘိုင္းဖုန္း အင္တာနက္လိုင္းေတြကို ျဖတ္ထားသလို တခ်ဳိ႕ က ျမန္ႏႈန္းကို အေတာ္ေလးေႏွးတဲ့ 2G အထိ ေလွ်ာ့ခ်ထားပါတယ္။ စစ္ကိုင္းတိုင္းထဲက မုံ႐ြာ၊ စစ္ကိုင္း၊ ေရႊဘိုနဲ႔ကေလး ၿမိဳ႕ေတြကလြဲလို႔ က်န္တဲ့ ၿမိဳ႕နယ္အားလုံးမွာ မတ္လ ၃ ရက္ ၾကာသပေတးေန႔ည ၁၁ နာရီထဲက လက္ကိုင္ဖုန္းအင္တာနက္ ဆက္သြယ္မႈေတြ ျပတ္ေတာက္ေနတ့ဲအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မစုျမတ္မြန္က တင္ျပေပးထားပါတယ္။

စစ္ေကာင္စီတပ္ေတြနဲ႔ ျပည္သူ႔ ကာကြယ္ေရးအဖဲြ႔ေတြ ထိေတြ႔တိုက္ပြဲေတြ ျပင္းထန္ေနတဲ့ စစ္ကိုင္းတိုင္းထဲက ၿမိဳ႕နယ္ ၂၃ ၿမိဳ႕နယ္မွာ မတ္လ ၃ ရက္ ၾကာသပေတးေန႔ ညကတည္းက မိုဘိုင္းအင္တာနက္ေတြ ျပတ္ေတာက္ေနပါတယ္။ မိုဘိုင္းအင္တာနက္ ဆက္သြယ္လို႔ မရတဲ့ၿမိဳ႕နယ္တခုျဖစ္တဲ့ ဆားလင္းႀကီးၿမိဳ႕နယ္က ေဒသခံတဦးက မိုဘိုင္းအင္တာနက္ေတြ ျဖတ္ေတာက္လိုက္တာနဲ႔ ပတ္သက္လို႔ ခုလိုေျပာျပပါတယ္။

“အင္တာနက္ေတြက က်ေနာ္တို႔ ဒီစစ္ကိုင္းတိုင္းမွာ ၿမိဳ႕နယ္ ၄ ၿမိဳ႕နယ္ပဲက်န္တယ္ ဗ်။ ေ႐ႊဘို၊ ကေလး အဲ့လိုေပါ့- ၿမိဳ႕နယ္ထက္ ၿမိဳ႕ႀကီးမွာပဲ ရတယ္ဗ်။ နယ္ေတြက မရဘူး။ Fiber Wifi ေတြကလည္း ၿမိဳ႕နဲ႔နီးတာေတြပဲ ရတယ္ဗ်။ ၿမိဳ႕နဲ႔ ေဝးတာေတြ မရဘူး။

စစ္ကိုင္းတိုင္းထဲမွာ ျမန္ႏႈန္းအင္မတန္ေႏွးတဲ့ 2G ေလာက္နဲ႔ သုံးလို႔ ရေနေသးတဲ့ ေနရာတခ်ိဳ႕ ရွိေပမယ့္ ေဒသအေတာ္မ်ားမ်ားကေတာ့ လုံးဝ ျပတ္ေတာက္ေနတာျဖစ္ပါတယ္။

MPT, Ooredoo, Telenor, Mytel စတဲ့ နက္ဆက္သြယ္ေရး ဝန္ေဆာင္မႈလုပ္ငန္းေတြရဲ႕ မိုဘိုင္းအင္တာနက္ေတြ အသုံးျပဳလို႔မရေတာ့တာပါ။ Ooredoo က မုံ႐ြာ၊ စစ္ကိုင္း၊ ေရႊဘို၊ ကေလး ၿမိဳ႕နယ္ေတြကလြဲလို႔ က်န္ၿမိဳ႕နယ္ေတြအားလုံးမွာ 2G အင္တာနက္ေတာင္ သုံးလို႔မရဘဲ အင္တာနက္ လုံးဝ ျပတ္ေတာက္ေနတာပါ။ MPT ကေတာ့ စစ္ကိုင္း၊ ေ႐ႊဘို၊ ကေလး စတဲ့ ၿမိဳ႕ ၃ ၿမိဳ႕မွာသာ မိုဘိုင္း အင္တာနက္ သုံးလို႔ရၿပီး မုံ႐ြာအပါအဝင္ က်န္ၿမိဳ႕ေတြမွာ 2G အင္တာနက္ကိုသာ သုံးလို႔ ရႏိုင္တယ္လို႔ MPT Call Center က ေျပာပါတယ္။

“စစ္ကိုင္းတိုင္းမွာ ဆိုရင္ေတာ့ ၃ ၿမိဳ႕နယ္ပဲ အင္တာနက္ ရပါတယ္။ စစ္ကိုင္းရယ္၊ ကေလးရယ္၊ ေ႐ႊဘိုရယ္ပါရွင္။ က်န္တဲ့ ၿမိဳ႕နယ္ေတြမွာေတာ့ 2G ပဲရပါတယ္။ စစ္ကိုင္းတိုင္းထဲက က်န္ၿမိဳ႕နယ္ေတြ အားလုံးကို မတ္လ ၃ ရက္ေန႔ ည ၁၁ နာရီကေနစၿပီးအင္တာနက္ ျဖတ္ေတာက္ထားတာပါရွင္။ ဖုန္းေျပာတာရယ္၊ SMS ရယ္နဲ႔ 2G ေတာ့ အသုံးျပဳလို႔ရပါတယ္။”

ဒီရက္ပိုင္းမွာ တိုက္ပြဲေတြ မရွိေပမယ့္ စစ္ေကာင္စီက နယ္ေျမရွင္းလင္းလို႔ ေဒသခံ ေထာင္နဲ႔ခ်ီၿပီး စစ္ေဘးေရွာင္ေနရတဲ့ ဒီပဲယင္းၿမိဳ႕နယ္ထဲက ေက်း႐ြာေတြမွာဆိုရင္လည္း အင္တာနက္လိုင္းေတြကို ျဖတ္ေတာက္ခံထားရပါတယ္။

တိုက္ပြဲေတြေၾကာင့္ အိုးအိမ္ပစ္ ထြက္ေျပးေနၾကရသူေတြၾကား တေယာက္နဲ႔တေယာက္ဆက္သြယ္ႏိုင္ဖုိ႔ သတင္းေတြ မိုးေလဝသအေျခအေနေတြ သိႏုိင္ဖုိ႔ မိုဘိုင္းအင္တာနက္ေတြကိုသာ အားထားေနၾကရတာေၾကာင့္ အခုလို အင္တာနက္ေတြျပတ္ေနတာက အေတာ္ေလး အခက္အခဲျဖစ္တယ္လို႔ ဒီပဲယင္းေဒသခံတဦးက သူႀကဳံခဲ့ရတာကို အခုလိုေျပာျပပါတယ္။

“မေန႔ညက ၁၁ နာရီထိုးေပါ့ေနာ္။ အင္တာနက္လိုင္းေတြျဖတ္ေတာ့မယ္ မနက္ျဖန္ဆိုရင္ အင္တာနက္လိုင္းေတြ ၁၁ နာရီမထိုးခင္အထိ သုံးလို႔ရေသးတယ္။ က်ေနာ္တို႔ စမ္းသုံးၾကည့္တယ္။ ၁၁ နာရီ ၁ မိနစ္မွာ လုံး၀ တိတိက်က် ျပတ္သြားတယ္။ က်ေနာ္တို႔ဘာသတင္းမွ မသိေတာ့ဘူး။ မိုးေလဝသ သတင္းမသိေတာ့ဘူး။ ဘာသတင္းမွ ေကာင္းေကာင္းမသိေတာ့ဘူး။ စစ္ေဘးေရွာင္ေတြအတြက္ အခက္အခဲဆိုရင္ ဘယ္ေျပးလို႔ ေျပးရမွန္းမသိေတာ့ဘူးေပါ့ဗ်ာ။”

လက္ရွိ စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြ တိုက္ပြဲေတြျဖစ္ၿပီး စစ္ေကာင္စီတပ္ေတြ နယ္ေျမရွင္းလင္းလို႔ ေက်း႐ြာ ၆ ႐ြာထက္မနည္း ထြက္ေျပးေနရတဲ့ ကနီၿမိဳ႕နဲ႔ မင္းကင္းၿမိဳ႕ၾကားမွာလည္း အင္တာနက္ေတြ အသုံးျပဳလို႔မရ႐ုံမက တယ္လီဖုန္းေတြဆက္သြယ္ေရးလဲ မေကာင္းဘူးလို႔ ေဒသခံတဦးက အခုလိုေျပာပါတယ္။

“ဘယ္လိုျဖတ္တယ္ေတာ့ က်ေနာ္တို႔လည္း မသိဘူး။ လိုင္းေတြသိပ္မေကာင္းဘူးဗ်။ ဖုန္းလိုင္းေတြ မေကာင္းတဲ့အခါက်ေတာ့ တေယာက္နဲ႔တေယာက္ လူအကူအညီနဲ႔ပဲ ေခၚၾကျပဳၾက ေျပးၾကလႊားၾက ေရွာင္ၾကတိမ္းၾကတာဗ်။ အဲ့လိုအေျခအေနပဲ လုပ္လို႔ရေနတယ္။”

စစ္ကိုင္းတိုင္းအတြင္းမွာ ျပည္သူကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္ေတြၾကား တိုက္ပြဲေတြ မၾကာမၾကာ ျပင္းထန္တဲ့ ယင္းမာပင္၊ ပုလဲ၊ ကနီ၊ အရာေတာ္စတဲ့ ၿမိဳ႕နယ္ေတြ- စစ္တပ္က နယ္ေျမ႐ွင္းလင္းမႈေတြ လုပ္ေနတဲ့ ဝန္းသို၊ ပင္လည္ ဘူး၊ ဘုတလင္၊ ေကာလင္း စတဲ့ ၿမိဳ႕နယ္ စုစုေပါင္း ၈ ခုမွာေတာ့ ၂၀၂၁ ခုႏွစ္ စ က္တင္ဘာလထဲက မိုဘိုင္းအင္တာနက္ဆက္သြယ္ေရး ခက္ခဲေနတာျဖစ္ပါတယ္။ စစ္တပ္အာဏာသိမ္းၿပီးတဲ့ေနာက္ အင္တာနက္ဆက္သြယ္မႈေတြကို ကန္႔သတ္ တာ၊ ျဖတ္ေတာက္ ထိန္းခ်ဳပ္ေနတာေတြ လုပ္ေနတဲ့အတြက္ ေနာ္ေဝးအေျခစိုက္ Telenor ဆက္သြယ္ေရးလုပ္ငန္းႀကီးက ျမန္မာႏိုင္ငံထဲမွာ လုပ္ငန္းဆက္မလုပ္ဖုိ႔ ဆံုးျဖတ္ၿပီး ထြက္ခြာဖုိ႔ ျပင္ဆင္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

စစ်ကိုင်းတိုင်းမြို့ကြီး ၄ မြို့ကလွဲလို့ ကျန်မြို့နယ်တွေမှာ အင်တာနက် ပြတ်

စစ်ကိုင်းတိုင်းထဲက မြို့ကြီး ၄ မြို့ကလွဲလို့ ကျန်တဲ့နေရာတွေမှာ အင်တာနက် ပြတ်နေပါတယ်။ အင်တာနက်ဆက်သွယ်ရေး ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်း တချို့က လက်ကိုင်မိုဘိုင်းဖုန်း အင်တာနက်လိုင်းတွေကို ဖြတ်ထားသလို တချို့ က မြန်နှုန်းကို အတော်လေးနှေးတဲ့ 2G အထိ လျှော့ချထားပါတယ်။ စစ်ကိုင်းတိုင်းထဲက မုံရွာ၊ စစ်ကိုင်း၊ ရွှေဘိုနဲ့ကလေး မြို့တွေကလွဲလို့ ကျန်တဲ့ မြို့နယ်အားလုံးမှာ မတ်လ ၃ ရက် ကြာသပတေးနေ့ည ၁၁ နာရီထဲက လက်ကိုင်ဖုန်းအင်တာနက် ဆက်သွယ်မှုတွေ ပြတ်တောက်နေတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၂၃ မြို့နယ်မှာ မတ်လ ၃ ရက် ကြာသပတေးနေ့ ညကတည်းက မိုဘိုင်းအင်တာနက်တွေ ပြတ်တောက်နေပါတယ်။ မိုဘိုင်းအင်တာနက် ဆက်သွယ်လို့ မရတဲ့မြို့နယ်တခုဖြစ်တဲ့ ဆားလင်းကြီးမြို့နယ်က ဒေသခံတဦးက မိုဘိုင်းအင်တာနက်တွေ ဖြတ်တောက်လိုက်တာနဲ့ ပတ်သက်လို့ ခုလိုပြောပြပါတယ်။

“အင်တာနက်တွေက ကျနော်တို့ ဒီစစ်ကိုင်းတိုင်းမှာ မြို့နယ် ၄ မြို့နယ်ပဲကျန်တယ် ဗျ။ ရွှေဘို၊ ကလေး အဲ့လိုပေါ့- မြို့နယ်ထက် မြို့ကြီးမှာပဲ ရတယ်ဗျ။ နယ်တွေက မရဘူး။ Fiber Wifi တွေကလည်း မြို့နဲ့နီးတာတွေပဲ ရတယ်ဗျ။ မြို့နဲ့ ဝေးတာတွေ မရဘူး။

စစ်ကိုင်းတိုင်းထဲမှာ မြန်နှုန်းအင်မတန်နှေးတဲ့ 2G လောက်နဲ့ သုံးလို့ ရနေသေးတဲ့ နေရာတချို့ ရှိပေမယ့် ဒေသအတော်များများကတော့ လုံးဝ ပြတ်တောက်နေတာဖြစ်ပါတယ်။

MPT, Ooredoo, Telenor, Mytel စတဲ့ နက်ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ မိုဘိုင်းအင်တာနက်တွေ အသုံးပြုလို့မရတော့တာပါ။ Ooredoo က မုံရွာ၊ စစ်ကိုင်း၊ ရွှေဘို၊ ကလေး မြို့နယ်တွေကလွဲလို့ ကျန်မြို့နယ်တွေအားလုံးမှာ 2G အင်တာနက်တောင် သုံးလို့မရဘဲ အင်တာနက် လုံးဝ ပြတ်တောက်နေတာပါ။ MPT ကတော့ စစ်ကိုင်း၊ ရွှေဘို၊ ကလေး စတဲ့ မြို့ ၃ မြို့မှာသာ မိုဘိုင်း အင်တာနက် သုံးလို့ရပြီး မုံရွာအပါအဝင် ကျန်မြို့တွေမှာ 2G အင်တာနက်ကိုသာ သုံးလို့ ရနိုင်တယ်လို့ MPT Call Center က ပြောပါတယ်။

“စစ်ကိုင်းတိုင်းမှာ ဆိုရင်တော့ ၃ မြို့နယ်ပဲ အင်တာနက် ရပါတယ်။ စစ်ကိုင်းရယ်၊ ကလေးရယ်၊ ရွှေဘိုရယ်ပါရှင်။ ကျန်တဲ့ မြို့နယ်တွေမှာတော့ 2G ပဲရပါတယ်။ စစ်ကိုင်းတိုင်းထဲက ကျန်မြို့နယ်တွေ အားလုံးကို မတ်လ ၃ ရက်နေ့ ည ၁၁ နာရီကနေစပြီးအင်တာနက် ဖြတ်တောက်ထားတာပါရှင်။ ဖုန်းပြောတာရယ်၊ SMS ရယ်နဲ့ 2G တော့ အသုံးပြုလို့ရပါတယ်။”

ဒီရက်ပိုင်းမှာ တိုက်ပွဲတွေ မရှိပေမယ့် စစ်ကောင်စီက နယ်မြေရှင်းလင်းလို့ ဒေသခံ ထောင်နဲ့ချီပြီး စစ်ဘေးရှောင်နေရတဲ့ ဒီပဲယင်းမြို့နယ်ထဲက ကျေးရွာတွေမှာဆိုရင်လည်း အင်တာနက်လိုင်းတွေကို ဖြတ်တောက်ခံထားရပါတယ်။

တိုက်ပွဲတွေကြောင့် အိုးအိမ်ပစ် ထွက်ပြေးနေကြရသူတွေကြား တယောက်နဲ့တယောက်ဆက်သွယ်နိုင်ဖို့ သတင်းတွေ မိုးလေဝသအခြေအနေတွေ သိနိုင်ဖို့ မိုဘိုင်းအင်တာနက်တွေကိုသာ အားထားနေကြရတာကြောင့် အခုလို အင်တာနက်တွေပြတ်နေတာက အတော်လေး အခက်အခဲဖြစ်တယ်လို့ ဒီပဲယင်းဒေသခံတဦးက သူကြုံခဲ့ရတာကို အခုလိုပြောပြပါတယ်။

“မနေ့ညက ၁၁ နာရီထိုးပေါ့နော်။ အင်တာနက်လိုင်းတွေဖြတ်တော့မယ် မနက်ဖြန်ဆိုရင် အင်တာနက်လိုင်းတွေ ၁၁ နာရီမထိုးခင်အထိ သုံးလို့ရသေးတယ်။ ကျနော်တို့ စမ်းသုံးကြည့်တယ်။ ၁၁ နာရီ ၁ မိနစ်မှာ လုံး၀ တိတိကျကျ ပြတ်သွားတယ်။ ကျနော်တို့ဘာသတင်းမှ မသိတော့ဘူး။ မိုးလေဝသ သတင်းမသိတော့ဘူး။ ဘာသတင်းမှ ကောင်းကောင်းမသိတော့ဘူး။ စစ်ဘေးရှောင်တွေအတွက် အခက်အခဲဆိုရင် ဘယ်ပြေးလို့ ပြေးရမှန်းမသိတော့ဘူးပေါ့ဗျာ။”

လက်ရှိ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပြီး စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းလို့ ကျေးရွာ ၆ ရွာထက်မနည်း ထွက်ပြေးနေရတဲ့ ကနီမြို့နဲ့ မင်းကင်းမြို့ကြားမှာလည်း အင်တာနက်တွေ အသုံးပြုလို့မရရုံမက တယ်လီဖုန်းတွေဆက်သွယ်ရေးလဲ မကောင်းဘူးလို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“ဘယ်လိုဖြတ်တယ်တော့ ကျနော်တို့လည်း မသိဘူး။ လိုင်းတွေသိပ်မကောင်းဘူးဗျ။ ဖုန်းလိုင်းတွေ မကောင်းတဲ့အခါကျတော့ တယောက်နဲ့တယောက် လူအကူအညီနဲ့ပဲ ခေါ်ကြပြုကြ ပြေးကြလွှားကြ ရှောင်ကြတိမ်းကြတာဗျ။ အဲ့လိုအခြေအနေပဲ လုပ်လို့ရနေတယ်။”

စစ်ကိုင်းတိုင်းအတွင်းမှာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ မကြာမကြာ ပြင်းထန်တဲ့ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ အရာတော်စတဲ့ မြို့နယ်တွေ- စစ်တပ်က နယ်မြေရှင်းလင်းမှုတွေ လုပ်နေတဲ့ ဝန်းသို၊ ပင်လည် ဘူး၊ ဘုတလင်၊ ကောလင်း စတဲ့ မြို့နယ် စုစုပေါင်း ၈ ခုမှာတော့ ၂၀၂၁ ခုနှစ် စ က်တင်ဘာလထဲက မိုဘိုင်းအင်တာနက်ဆက်သွယ်ရေး ခက်ခဲနေတာဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် အင်တာနက်ဆက်သွယ်မှုတွေကို ကန့်သတ် တာ၊ ဖြတ်တောက် ထိန်းချုပ်နေတာတွေ လုပ်နေတဲ့အတွက် နော်ဝေးအခြေစိုက် Telenor ဆက်သွယ်ရေးလုပ်ငန်းကြီးက မြန်မာနိုင်ငံထဲမှာ လုပ်ငန်းဆက်မလုပ်ဖို့ ဆုံးဖြတ်ပြီး ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။

=================

XS
SM
MD
LG