သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ေခ်ာင္းဦးနဲ႔ ျမင္းမူၿမိဳ႕နယ္ၾကား ရြာတခ်ဳိ႕မွာ ရုပ္အေလာင္း ၂၀ ေက်ာ္ကိုေတြ႔


Sagaing / Sagine စစ္ကုိင္း

[[Zawgyi/Unicode]]

စစ္ကိုင္းတိုင္းထဲက ေခ်ာင္းဦးနဲ႔ ျမင္းမူၿမိဳ႕နယ္ၾကား ႐ြာတခ်ိဳ႕မွာ ႐ုပ္အေလာင္း ၂၀ ေက်ာ္ကို ေတြ႔ရွိခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ႐ုပ္အေလာင္းေတြ ေတြ႔ရတာနဲ႔ ပတ္သက္လို႔ စစ္ေဆးေနၿပီး အမႈဖြင့္ထားတယ္လို႔ စစ္ေကာင္စီဘက္ကေျပာပါတယ္။ စစ္ကိုင္းတိုင္း ေျမာင္ၿမိဳ႕နယ္ထဲမွာလည္း ေဒသခံကာကြယ္ေရး တပ္ဖြဲ႕စခန္းေတြဆီ စစ္ေကာင္စီက နယ္ေျမရွင္းလင္းတာေတြလုပ္ေနပါတယ္။ ရန္ကုန္က လာတဲ့သတင္းကို ကိုသိန္းထိုက္ဦးက တင္ျပေပးထားပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီး ေခ်ာင္းဦးၿမိဳ႕နယ္ မုံ႐ြာ၊ ေခ်ာင္းဦး-အျမင့္ကားလမ္းေဘးက လယ္ကြင္းထဲမွာ ေမ ၁ ရက္က မနက္ပိုင္းက အစုလိုက္အၿပဳံလိုက္ ေသဆုံးေနတဲ့ လူေသအေလာင္း ၁၂ ေလာင္းေတြ႔ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ေသဆုံးသူေတြဟာ ကင္းမြန္ေတာ္ ၊ ကံစီး ေက်း႐ြာက ေက်း႐ြာသားေတြျဖစ္ပါတယ္။ အေလာင္းေတြ ေတြ႕ရွိတာနဲ႔ပတ္သက္လို႔ ေဒသခံတဦးက အခုလို အတည္ျပဳေျပာပါတယ္။

“ကင္းမြန္ေတာ္နဲ႔ကံစီးက ပ်ဴေစာထီး႐ြာကေပါ့ေနာ္။ ပ်ဴေစာထီး႐ြာက အမ်ိဳးသမီး ၅ ဦးနဲ႔ အမ်ိဳးသား ၇ ဦး ကြန္ေတာ္တို႔ စိုက္ကြင္းေခၚတာေပါ့။ ႏိုင္ငံေတာ္ စိုက္ကြင္းေခၚတာေပါ့။ အဲ့ဘက္မွာေတြ႕တာ။ ကင္းမြန္ေတာ္နဲ႔ ကံစီးဇာတိေတြ။”

ေခ်ာင္းဦးေဒသခံေတြကေတာ့ ကံႀကီးကုန္း၊ ကင္းမြန္းေတာ္၊ ကံစီးေက်း႐ြာဟာ စစ္ေကာင္စီကို အားေပးေထာက္ခံသူ အမ်ားစုေနထိုင္တဲ့ ေက်း႐ြာေတြျဖစ္တယ္လို႔ ေျပာပါတယ္။ ေသဆုံးသူေတြဟာ စစ္ေကာင္စီကို အားေပးေထာက္ခံတဲ့ ေဒသခံေတြလားဆိုတာကိုေတာ့ ဗြီအိုေအက သီးျခား အတည္မျပဳႏိုင္ပါဘူး။

ဒီလို ေသဆုံးေနတဲ့ ႐ုပ္အေလာင္း ၁ ဒါဇင္ခန႔္ေတြ႔ရွိတာနဲ႔ ပတ္သက္လို႔ က်ဴးလြန္ သူလို႔ ယူဆရသူတေယာက္ကို စစ္ေဆးေနၿပီး ေသမႈေသခင္းဖြင့္လွစ္ၿပီး ေဆာင္ ႐ြက္ေနတယ္လို႔ စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဗြီအိုေအကို ေျပာပါတယ္။

“ေခ်ာင္းဦးတို႔ အဲ့ဘက္မွာေတာ့ အၾကမ္းဖက္အဖြဲ႕ေတြကေနမွ က်ေနာ္တို႔ ႐ြာသူ ႐ြာသားေတြကို သတ္ျဖတ္ေနတာလည္း ရွိတယ္။ က်ေနာ္တို႔က အဲ့သတ္ျဖတ္မႈမွာ တရားခံတေယာက္ေတာ့ မိထားတာေတာ့ရွိတယ္။ သူ႔ကိုေတာ့ စစ္ေဆးေနဆဲပဲရွိေသးတယ္။ ေျပာရရင္ေတာ့ PDF အဖြဲ႔က ေခါင္းေဆာင္တေယာက္ရွိတယ္။ ေခါင္းေဆာင္တေယာက္ျဖစ္တယ္။ ယခင္က CDM လုပ္ေနတဲ့ ေက်ာင္းဆရာ ေဟာင္းတေယာက္ျဖစ္တယ္။ သူ႔ကိုေတာ့ စစ္ေဆးေနဆဲ ရွိတယ္။ သူတို႔ဆီက သတင္းရလို႔ရွိရင္ စစ္ေဆးၿပီးေတာ့မွ သတင္းထြက္လာရင္ အဲ့သတင္း ထုတ္ျပန္ေပးသြားဖို႔ရွိတယ္။ အခုေလာေလာဆယ္ေတာ့ စစ္ေဆးေနတုန္းပဲရွိတယ္။ ေနာက္တခုကေတာ့ အေလာင္းေတြ႕တဲ့ဟာေတြနဲ႔ပတ္သက္ၿပီး ေသမႈေသခင္းဖြင့္ၿပီး သက္ဆိုင္ရာ ရဲစခန္းေတြက ေဆာင္႐ြက္လ်က္ရွိပါတယ္။”

ဒ့ါအျပင္ ေ႐ႊဘိုခ႐ိုင္ ျမင္းမူၿမိဳ႕နယ္အပိုင္ ပဒထၳိဳင္းေက်း႐ြာက သုသာန္မွာလည္း ေသဆုံးေနတဲ့ ေက်း႐ြာသား အေလာင္း ၉ ေလာင္းကို မတ္လ ၁ ရက္ေန႔က ေတြ႔ရွိရတယ္လို႔ ေဒသခံေတြက အတည္ျပဳၿပီး ျဖစ္စဥ္အေသးစိတ္ကိုေတာ့ မသိရွိဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

စစ္ကိုင္းတိုင္း ေဒသႀကီးထဲက ေခ်ာင္းဦးၿမိဳ႕နဲ႔ ျမင္းမူ ၿမိဳ႕နယ္ထဲမွာ စစ္ေကာင္စီက နယ္ေျမရွင္းလင္းေနၿပီး ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြဟာ ထြက္ေျပးတိမ္းေရွာင္ေနရပါတယ္။

ဒါ့အျပင္ စစ္ကိုင္းတိုင္းေဒသႀကီး ေ႐ႊဘိုခ႐ိုင္ ျမင္းမူ ၿမိဳ႕နယ္ထဲမွာလည္း ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္တို႔ တိုက္ပြဲေတြရွိေနပါတယ္။ ေမလ ၁ ရက္ တနဂၤေႏြေန႔ မနက္လင္းအားႀကီးအခ်ိန္မွာ ေျမာင္ ေဒသခံကာကြယ္ေရး တပ္ဖြဲ႕စခန္းတခုကို စစ္ေကာင္စီတပ္ေတြက နယ္ေျမရွင္းလင္းရင္း တိုက္ပြဲေတြ ျဖစ္ပြားခဲ့တာပါ။

ဒီအေျခအေနနဲ႔ ပတ္သက္လို႔ ေျမာင္ေဒသခံကာကြယ္ေရး တပ္ဖြဲ႕ တာဝန္ရွိသူ တဦးက အခုလိုေျပာပါတယ္။

“လက္နက္ အျပည့္အစုံနဲ႔ ၁၀၀ ေလာက္ဆိုေတာ့ က်ေနာ္တို႔နဲ႔ လက္နက္အင္အားမမွ်ဘူး။ က်ေနာ္တို႔ Camp ထဲမွာရွိတဲ့ ရဲေဘာ္ေတြအကုန္လုံး ေဘးကင္းေအာင္ ေရွာင္ၾကတယ္ေပါ့။ ေရွာင္တဲ့အခါမွာ အျပန္အလွန္ ပစ္ခတ္မႈေတြေတာ့ ရွိတယ္။ စခန္းကိုေတာ့ ထမင္းစားေဆာင္ေပါ့။ ဒီထုတ္လုပ္ေရးပစၥည္းနဲ႔ ဟိုဟာ(လက္နက္) ေတြေတာ့ မပါဘူးဗ်။ ရိကၡာပိုင္းေတြပါမယ္။ စားဖိုပစၥည္းေတြ ပါမယ္ေပါ့။”

ေဒသခံကာကြယ္ေရး တပ္စခန္းေတြဆီ နယ္ေျမရွင္းလင္းလာတဲ့ စစ္ေကာင္စီတပ္ကို မိုင္းဆြဲတိုက္ခိုက္ခဲ့လို႔ ၁၀ ဦးထက္ မနည္း ဒဏ္ရာရရွိခဲ့တယ္လို႔လည္း ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြဘက္က ေျပာပါတယ္။ ဒီတိုက္ပြဲ အေျခအေနနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္လာတာေတာ့ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ချောင်းဦးနဲ့ မြင်းမူမြို့နယ်ကြား ရွာတချို့မှာ ရုပ်အလောင်း ၂၀ ကျော်ကိုတွေ့

စစ်ကိုင်းတိုင်းထဲက ချောင်းဦးနဲ့ မြင်းမူမြို့နယ်ကြား ရွာတချို့မှာ ရုပ်အလောင်း ၂၀ ကျော်ကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရုပ်အလောင်းတွေ တွေ့ရတာနဲ့ ပတ်သက်လို့ စစ်ဆေးနေပြီး အမှုဖွင့်ထားတယ်လို့ စစ်ကောင်စီဘက်ကပြောပါတယ်။ စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲမှာလည်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့စခန်းတွေဆီ စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေလုပ်နေပါတယ်။ ရန်ကုန်က လာတဲ့သတင်းကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် မုံရွာ၊ ချောင်းဦး-အမြင့်ကားလမ်းဘေးက လယ်ကွင်းထဲမှာ မေ ၁ ရက်က မနက်ပိုင်းက အစုလိုက်အပြုံလိုက် သေဆုံးနေတဲ့ လူသေအလောင်း ၁၂ လောင်းတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူတွေဟာ ကင်းမွန်တော် ၊ ကံစီး ကျေးရွာက ကျေးရွာသားတွေဖြစ်ပါတယ်။ အလောင်းတွေ တွေ့ရှိတာနဲ့ပတ်သက်လို့ ဒေသခံတဦးက အခုလို အတည်ပြုပြောပါတယ်။

“ကင်းမွန်တော်နဲ့ကံစီးက ပျူစောထီးရွာကပေါ့နော်။ ပျူစောထီးရွာက အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၇ ဦး ကွန်တော်တို့ စိုက်ကွင်းခေါ်တာပေါ့။ နိုင်ငံတော် စိုက်ကွင်းခေါ်တာပေါ့။ အဲ့ဘက်မှာတွေ့တာ။ ကင်းမွန်တော်နဲ့ ကံစီးဇာတိတွေ။”

ချောင်းဦးဒေသခံတွေကတော့ ကံကြီးကုန်း၊ ကင်းမွန်းတော်၊ ကံစီးကျေးရွာဟာ စစ်ကောင်စီကို အားပေးထောက်ခံသူ အများစုနေထိုင်တဲ့ ကျေးရွာတွေဖြစ်တယ်လို့ ပြောပါတယ်။ သေဆုံးသူတွေဟာ စစ်ကောင်စီကို အားပေးထောက်ခံတဲ့ ဒေသခံတွေလားဆိုတာကိုတော့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်ပါဘူး။

ဒီလို သေဆုံးနေတဲ့ ရုပ်အလောင်း ၁ ဒါဇင်ခန့်တွေ့ရှိတာနဲ့ ပတ်သက်လို့ ကျူးလွန် သူလို့ ယူဆရသူတယောက်ကို စစ်ဆေးနေပြီး သေမှုသေခင်းဖွင့်လှစ်ပြီး ဆောင် ရွက်နေတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ချောင်းဦးတို့ အဲ့ဘက်မှာတော့ အကြမ်းဖက်အဖွဲ့တွေကနေမှ ကျနော်တို့ ရွာသူ ရွာသားတွေကို သတ်ဖြတ်နေတာလည်း ရှိတယ်။ ကျနော်တို့က အဲ့သတ်ဖြတ်မှုမှာ တရားခံတယောက်တော့ မိထားတာတော့ရှိတယ်။ သူ့ကိုတော့ စစ်ဆေးနေဆဲပဲရှိသေးတယ်။ ပြောရရင်တော့ PDF အဖွဲ့က ခေါင်းဆောင်တယောက်ရှိတယ်။ ခေါင်းဆောင်တယောက်ဖြစ်တယ်။ ယခင်က CDM လုပ်နေတဲ့ ကျောင်းဆရာ ဟောင်းတယောက်ဖြစ်တယ်။ သူ့ကိုတော့ စစ်ဆေးနေဆဲ ရှိတယ်။ သူတို့ဆီက သတင်းရလို့ရှိရင် စစ်ဆေးပြီးတော့မှ သတင်းထွက်လာရင် အဲ့သတင်း ထုတ်ပြန်ပေးသွားဖို့ရှိတယ်။ အခုလောလောဆယ်တော့ စစ်ဆေးနေတုန်းပဲရှိတယ်။ နောက်တခုကတော့ အလောင်းတွေ့တဲ့ဟာတွေနဲ့ပတ်သက်ပြီး သေမှုသေခင်းဖွင့်ပြီး သက်ဆိုင်ရာ ရဲစခန်းတွေက ဆောင်ရွက်လျက်ရှိပါတယ်။”

ဒ့ါအပြင် ရွှေဘိုခရိုင် မြင်းမူမြို့နယ်အပိုင် ပဒထ္ထိုင်းကျေးရွာက သုသာန်မှာလည်း သေဆုံးနေတဲ့ ကျေးရွာသား အလောင်း ၉ လောင်းကို မတ်လ ၁ ရက်နေ့က တွေ့ရှိရတယ်လို့ ဒေသခံတွေက အတည်ပြုပြီး ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ဒေသကြီးထဲက ချောင်းဦးမြို့နဲ့ မြင်းမူ မြို့နယ်ထဲမှာ စစ်ကောင်စီက နယ်မြေရှင်းလင်းနေပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် မြင်းမူ မြို့နယ်ထဲမှာလည်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေရှိနေပါတယ်။ မေလ ၁ ရက် တနင်္ဂနွေနေ့ မနက်လင်းအားကြီးအချိန်မှာ မြောင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့စခန်းတခုကို စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

ဒီအခြေအနေနဲ့ ပတ်သက်လို့ မြောင်ဒေသခံကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူ တဦးက အခုလိုပြောပါတယ်။

“လက်နက် အပြည့်အစုံနဲ့ ၁၀၀ လောက်ဆိုတော့ ကျနော်တို့နဲ့ လက်နက်အင်အားမမျှဘူး။ ကျနော်တို့ Camp ထဲမှာရှိတဲ့ ရဲဘော်တွေအကုန်လုံး ဘေးကင်းအောင် ရှောင်ကြတယ်ပေါ့။ ရှောင်တဲ့အခါမှာ အပြန်အလှန် ပစ်ခတ်မှုတွေတော့ ရှိတယ်။ စခန်းကိုတော့ ထမင်းစားဆောင်ပေါ့။ ဒီထုတ်လုပ်ရေးပစ္စည်းနဲ့ ဟိုဟာ(လက်နက်) တွေတော့ မပါဘူးဗျ။ ရိက္ခာပိုင်းတွေပါမယ်။ စားဖိုပစ္စည်းတွေ ပါမယ်ပေါ့။”

ဒေသခံကာကွယ်ရေး တပ်စခန်းတွေဆီ နယ်မြေရှင်းလင်းလာတဲ့ စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ၁၀ ဦးထက် မနည်း ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။ ဒီတိုက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာတော့ မရှိသေးပါဘူး။
=================

XS
SM
MD
LG