သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယင္းမာပင္ၿမိဳ႕နယ္ ေက်း႐ြာေတြမွာ စစ္တပ္နယ္ေျမရွင္းလင္းေရးအတြင္း ႐ြာသားတခ်ိဳ႕ဖမ္းဆီးခံရ


စစ္ကိုင္းတုိင္း၊ ယင္းမာပင္ၿမိဳ႕နယ္အတြင္း စစ္ေကာင္စီရဲ႕ စစ္ဆင္ေရးလမ္းေၾကာင္းဝန္းက်င္က စစ္ေဘးေရွာင္ေနတဲ့ ေက်းရြာမ်ား။ (Credit to MIMU/March 11, 2022)

[[Zawgyi/Unicode]]


စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္ထဲက ေျမာက္ႏုံးေက်း႐ြာမွာ စစ္တပ္နဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႕ေတြ ဒီေန႔ တိုက္ပြဲျဖစ္ခဲ့ပါတယ္။ အဲဒီဘက္က ႐ြာေတြကို စစ္တပ္က တ႐ြာဝင္ တ႐ြာထြက္ နယ္ေျမရွင္းလင္းေနစဥ္ တိုက္ပြဲေတြျဖစ္ေနတာပါ။ ဒီေန႔ေျမာက္ႏုံး႐ြာကို တပ္ဝင္စဥ္မွာ ႐ြာသား ၈ ေယာက္ဖမ္းဆီးခံရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ လက္ပံေတာနဲ႔ ကံသာ႐ြာဘက္မွာ မတ္လ ၉ ရက္က ဖမ္းဆီးခံရသူ ၅ ဦးကေတာ့ ဒီေန႔ျပန္လြတ္လာပါတယ္။ ဒီအေၾကာင္း ရန္ကုန္က လာတဲ့သတင္းကို မခင္ျဖဴေထြးက တင္ျပေပးထားပါတယ္။

စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္ထဲက အိုးဘိုေက်း႐ြာမွာ မတ္လ ၁၀ ရက္ ၾကာသပေတးေန႔က ျပည္သူ႔ကာကြယ္ေရးတပ္နဲ႔ တိုက္ပြဲျဖစ္ၿပီးေနာက္ ႐ြာထဲဝင္ေရာက္ စခန္းခ်ေနခဲ့တဲ့ စစ္ေကာင္စီတပ္အင္အား ၂၀၀ ေလာက္ဟာ ဒီေန႔ မတ္လ ၁၁ ရက္မွာေတာ့ ေျမာက္ႏုံးေက်း႐ြာနဲ႔ နတ္ေထာင့္ေက်း႐ြာေတြဘက္ကို ဆက္လက္ စစ္ေၾကာင္းထြက္သြားခဲ့ပါတယ္။ ေျမာက္ႏုံးဘက္ကို စစ္ေၾကာင္းခ်ီသြားတဲ့ စစ္တပ္နဲ႔ ဒီေန႔တိုက္ပြဲျဖစ္ခဲ့တယ္လို႔ ေျမာက္ယမားျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ကိုခန႔္က VOA ကို ေျပာပါတယ္။

“ဒီကေန႔ အေျခအေနကေတာ့ ယင္းမာပင္ၿမိဳ႕နယ္ အိုးဘိုေက်း႐ြာကေနၿပီးေတာ့ မနက္ခင္းေစာေစာမွာ ရန္သူ႔စစ္ေၾကာင္းဟာ ယင္းမာပင္ၿမိဳ႕နယ္ ေျမာက္ႏုံးေက်း႐ြာဘက္ကို ဝင္လာတယ္ေပါ့ေႏွာ္။ မဝင္ခင္မွာ ရန္သူ႔စစ္ေၾကာင္းေတြနဲ႔ ေျမာက္ယမား ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႔ေတြက အျပင္းအထန္တိုက္ပြဲျဖစ္ခဲ့တာရွိတယ္။ အဲ့ဒီမွာ ရန္သူ႔စစ္ေၾကာင္းက က်ေနာ္တို႔ ေထာင္ထားတဲ့ မိုင္းကြင္းထဲကို ဝင္လာတဲ့အခါမွာ က်ေနာ္တို႔က ေတာ္ေတာ္မ်ားမ်ားကို မိုင္းဆြဲတိုက္ခိုက္ႏိုင္ခဲ့တယ္ေပါ့ေႏွာ္။ အဲ့ဒီမွာ သူတို႔ဘက္က ထိခိုက္ က်ဆုံးမႈေတြ ရွိႏိုင္တယ္။ လက္ရွိ က်ေနာ္တို႔အေနအထားကေတာ့ ရန္သူ႔စစ္ေၾကာင္းက ယင္းမာပင္ၿမိဳ႕နယ္ ေျမာက္ႏုံးေက်း႐ြာထဲမွာ တပ္စြဲထားတဲ့အေျခအေနျဖစ္ပါတယ္။ အဲ့ဒီမွာ သူတို႔ က ေျမာက္ႏုံးေက်း႐ြာရဲ႕ ဘုန္းႀကီးေက်ာင္းထဲကေနၿပီးေတာ့ အေနာက္ဘက္ နတ္ေထာင့္ေက်း႐ြာဘက္ကို လက္နက္ၿပီးနဲ႔ လွမ္းပစ္လိုက္တဲ့ကိစၥရပ္မွာ က်ေနာ္တို႔ ခုခံကာကြယ္ေရးတပ္ဖြဲ႔ဘက္က တေယာက္က်ဆုံးတာရွိပါတယ္။ ထိခိုက္ဒဏ္ရာ ရတာေတာ့ မရွိေသးဘူး။ RPG နဲ႔ ပစ္လို႔ ထိခိုက္က်ဆုံးတာေတာ့ တေယာက္ ရွိပါတယ္။ လက္ရွိ အေနအထားကေတာ့ ႏွစ္ဘက္ စစ္ေရးတင္းမာေနတဲ့ အေျခအေနေပါ့ဗ်ာ။”

စစ္တပ္ဘက္က ထိခိုက္က်ဆုံးမႈနဲ႔ ပတ္သက္လို႔ ဗီြအိုေအဘက္က သီးျခားအတည္မျပဳႏိုင္ ပါဘူး။ ေျမာက္ႏုံးေက်း႐ြာထဲကို စစ္တပ္ေတြဝင္ေရာက္စခန္းခ်စဥ္ ႐ြာသားတခ်ိဳ႕ ဖမ္းဆီးခံရတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

“ေျမာက္ႏုံးဘက္တက္သြားေတာ့ ေျမာက္ႏုံးထဲက မေျပးႏိုင္မလြားႏိုင္တဲ့သူ ၈ ေယာက္ကို သူတို႔က ဓားစာခံ ဒါမွမဟုတ္ လမ္းျပအျဖစ္နဲ႔ သူတို႔က ဖမ္းမိသြားတဲ့အေနအထားရွိတယ္။ ခုဖမ္းခံရတဲ့ အရပ္သာအရပ္သားေတြက ေျမာက္ႏုံးထဲမွာ ဒါမွမဟုတ္ အခုဒီ စစ္သားေတြ ေရာက္သြားတဲ့ နတ္ေထာင့္အေရွ႕႐ြာ အဲ့ဒီကိုလည္း ပါေကာင္းပါသြားႏိုင္တယ္လို႔ ယူဆထားတယ္ဗ်။”

စစ္ေကာင္စီတပ္ဖြဲ႔ဝင္တခ်ိဳ႕ကေတာ့ ေျမာက္ႏုံးေက်း႐ြာေန နတ္ေထာင့္ေက်း႐ြာဘက္ကို ဆက္ၿပီး ထြက္သြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ အခုလို စစ္တပ္စစ္ေၾကာင္းခ်ီလာတာေၾကာင့္ ေျမာက္ႏုံး႐ြာနဲ႔ နတ္ေထာင့္႐ြာ အနီးဝန္းက်င္က ေက်း႐ြာေတြက ႐ြာသားေတြ ထြက္ေျပးတိမ္းေရွာင္ေနၾကပါတယ္။ အိုးဘို၊ ရွမ္း႐ြာ၊ ကံသာ၊ လက္ပံေတာ၊ ျပန္လွည့္၊ ႏုံးႀကီး၊ ေျမာက္ႏုံး၊ နတ္ေထာင့္အေရွ႕႐ြာ အေနာက္႐ြာ၊ တင္ဆုံ၊ ေခ်ာင္းဆုံ စတဲ့ ႐ြာေတြက ႐ြာသား ၂၀,၀၀၀ ေက်ာ္ေလာက္က ေဘးလြတ္ရာ ထြက္ေျပး ပုန္းခိုေနၾကရပါတယ္။

ျပည္သူ႔ကာကြယ္ေရးတပ္ေတြ အင္အားေကာင္းတဲ့ ယင္းမာပင္နယ္ထဲမွာ စစ္တပ္က တ႐ြာဝင္ တ႐ြာထြက္ နယ္ေျမရွင္းလင္းေနတာျဖစ္ပါတယ္။ စစ္တပ္ေတြ အေစာပိုင္းက ဝင္ေရာက္ခဲ့တဲ့ ေက်း႐ြာေတြက ႐ြာသားတခ်ိဳ႕ကေတာ့ ေနအိမ္ျပန္လာၾကတာမ်ိဳးရွိေပမယ့္ အမ်ားစုကေတာ့ ျပန္မလာရဲၾကေသးဘူးလို႔ ကံသာ႐ြာေဒသခံတဦးက ေျပာျပပါတယ္။

“အခုဟာက အကုန္လုံး ရာႏႈန္းျပည့္အကုန္လုံးမဟုတ္ေပမယ့္လို႔ တခ်ိဳ႕လည္းပဲ သက္ႀကီး ႐ြယ္အိုေတြနဲ႔ ေရႊ႕ေျပာင္းမလြယ္တဲ့သူတို႔ စသျဖင့္ ကေလးသူငယ္မ်ားတဲ့ မိသားစုေတြကေတာ့ ႐ြာေတြကို ျပန္မေနၾကေသးဘူး။ သြားသြားလာလာ သြက္သြက္လက္လက္ ေျပးႏိုင္တဲ့ မိသားစုေတြကေတာ့ ႐ြာကို တခ်ိဳ႕တဝက္ ျပန္ေရာက္ၾကၿပီဗ်။”

မတ္လ ၉ ရက္ေန႔က လက္ပံေတာနဲ႔ ကံသာ႐ြာေတြဘက္မွာ တိုက္ပြဲေတြျဖစ္ေနစဥ္ စစ္ေကာင္စီက ဖမ္းဆီးေခၚေဆာင္သြားတဲ့ အမ်ိဳးသား ၅ ဦး ေတာ့ဒီကေန႔မွာ ျပန္လည္လြတ္ေျမာက္လာတယ္လို႔ ကံသာေက်း႐ြာက ေဒသခံတဦးက ေျပာပါတယ္။

“ေဒသခံလမ္းျပအျဖစ္ ဖမ္းဆီးေခၚေဆာင္သြားတဲ့ ၅ ေယာက္ဗ်။ ဆည္ေလွာင္႐ြာက တစ္ေယာက္နဲ႔ လက္ပံေတာ႐ြာက ၄ ေယာက္ လက္ပံေတာ႐ြာက ၄ ေယာက္က ကိုသိန္းလြင္ သားအဖ၊ ေမာင္မ်ိဳးကို၊ ေနာက္ ေမာင္အာႏိုး၊ ၄ ေယာက္ရယ္။ ေနာက္ ဆည္ေလွာင္႐ြာက တေယာက္ရယ္။ အဲ့ ၅ ေယာက္ကို ဒီေန႔ ၁၁ ရက္မွာ ေနာက္ထပ္ စစ္ေၾကာင္းက အိုးဘိုကေနၿပီးေတာ့ ေနာက္ထပ္ ဆက္ၿပီးေတာ့ ထိုးသြားတဲ့အခါမွာ အဲ့ဒီ ၅ ေယာက္ကို အသက္ရွင္လ်က္ျပန္ေတြ႔တယ္။”

စစ္ကိုင္းတိုင္း ယင္းမာပင္နယ္တခြင္မွာ စစ္တပ္ဘက္က အင္အားအေျမာက္အမ်ား တိုးခ်ဲ႕ ထားၿပီး အင္တာနက္လိုင္း အားလုံးနီးပါး ျဖတ္ေတာက္ထားပါတယ္။ MPT ေတာ့ အင္တာနက္အတြက္ 2G ကြန္ရက္ေတြ ေပးထားေပမဲ့ ျမန္ႏႈန္းအင္မတန္ေႏွးတဲ့အတြက္ ဆက္သြယ္ရ ခက္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

ယင်းမာပင်မြို့နယ် ကျေးရွာတွေမှာ စစ်တပ်နယ်မြေရှင်းလင်းရေးအတွင်း ရွာသားတချို့ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက မြောက်နုံးကျေးရွာမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ဒီနေ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီဘက်က ရွာတွေကို စစ်တပ်က တရွာဝင် တရွာထွက် နယ်မြေရှင်းလင်းနေစဉ် တိုက်ပွဲတွေဖြစ်နေတာပါ။ ဒီနေ့မြောက်နုံးရွာကို တပ်ဝင်စဉ်မှာ ရွာသား ၈ ယောက်ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ပံတောနဲ့ ကံသာရွာဘက်မှာ မတ်လ ၉ ရက်က ဖမ်းဆီးခံရသူ ၅ ဦးကတော့ ဒီနေ့ပြန်လွတ်လာပါတယ်။ ဒီအကြောင်း ရန်ကုန်က လာတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ယင္းမာပင္ၿမိဳ႕နယ္အတြင္းက စစ္ေဘးေရွာင္ရြာသားမ်ား။ (ဓာတ္ပံု ေဒသခံ)
ယင္းမာပင္ၿမိဳ႕နယ္အတြင္းက စစ္ေဘးေရွာင္ရြာသားမ်ား။ (ဓာတ္ပံု ေဒသခံ)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက အိုးဘိုကျေးရွာမှာ မတ်လ ၁၀ ရက် ကြာသပတေးနေ့က ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ပြီးနောက် ရွာထဲဝင်ရောက် စခန်းချနေခဲ့တဲ့ စစ်ကောင်စီတပ်အင်အား ၂၀၀ လောက်ဟာ ဒီနေ့ မတ်လ ၁၁ ရက်မှာတော့ မြောက်နုံးကျေးရွာနဲ့ နတ်ထောင့်ကျေးရွာတွေဘက်ကို ဆက်လက် စစ်ကြောင်းထွက်သွားခဲ့ပါတယ်။ မြောက်နုံးဘက်ကို စစ်ကြောင်းချီသွားတဲ့ စစ်တပ်နဲ့ ဒီနေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ မြောက်ယမားပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်က VOA ကို ပြောပါတယ်။

“ဒီကနေ့ အခြေအနေကတော့ ယင်းမာပင်မြို့နယ် အိုးဘိုကျေးရွာကနေပြီးတော့ မနက်ခင်းစောစောမှာ ရန်သူ့စစ်ကြောင်းဟာ ယင်းမာပင်မြို့နယ် မြောက်နုံးကျေးရွာဘက်ကို ဝင်လာတယ်ပေါ့နှော်။ မဝင်ခင်မှာ ရန်သူ့စစ်ကြောင်းတွေနဲ့ မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့တာရှိတယ်။ အဲ့ဒီမှာ ရန်သူ့စစ်ကြောင်းက ကျနော်တို့ ထောင်ထားတဲ့ မိုင်းကွင်းထဲကို ဝင်လာတဲ့အခါမှာ ကျနော်တို့က တော်တော်များများကို မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်ပေါ့နှော်။ အဲ့ဒီမှာ သူတို့ဘက်က ထိခိုက် ကျဆုံးမှုတွေ ရှိနိုင်တယ်။ လက်ရှိ ကျနော်တို့အနေအထားကတော့ ရန်သူ့စစ်ကြောင်းက ယင်းမာပင်မြို့နယ် မြောက်နုံးကျေးရွာထဲမှာ တပ်စွဲထားတဲ့အခြေအနေဖြစ်ပါတယ်။ အဲ့ဒီမှာ သူတို့ က မြောက်နုံးကျေးရွာရဲ့ ဘုန်းကြီးကျောင်းထဲကနေပြီးတော့ အနောက်ဘက် နတ်ထောင့်ကျေးရွာဘက်ကို လက်နက်ပြီးနဲ့ လှမ်းပစ်လိုက်တဲ့ကိစ္စရပ်မှာ ကျနော်တို့ ခုခံကာကွယ်ရေးတပ်ဖွဲ့ဘက်က တယောက်ကျဆုံးတာရှိပါတယ်။ ထိခိုက်ဒဏ်ရာ ရတာတော့ မရှိသေးဘူး။ RPG နဲ့ ပစ်လို့ ထိခိုက်ကျဆုံးတာတော့ တယောက် ရှိပါတယ်။ လက်ရှိ အနေအထားကတော့ နှစ်ဘက် စစ်ရေးတင်းမာနေတဲ့ အခြေအနေပေါ့ဗျာ။”

စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုနဲ့ ပတ်သက်လို့ ဗွီအိုအေဘက်က သီးခြားအတည်မပြုနိုင် ပါဘူး။ မြောက်နုံးကျေးရွာထဲကို စစ်တပ်တွေဝင်ရောက်စခန်းချစဉ် ရွာသားတချို့ ဖမ်းဆီးခံရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“မြောက်နုံးဘက်တက်သွားတော့ မြောက်နုံးထဲက မပြေးနိုင်မလွားနိုင်တဲ့သူ ၈ ယောက်ကို သူတို့က ဓားစာခံ ဒါမှမဟုတ် လမ်းပြအဖြစ်နဲ့ သူတို့က ဖမ်းမိသွားတဲ့အနေအထားရှိတယ်။ ခုဖမ်းခံရတဲ့ အရပ်သာအရပ်သားတွေက မြောက်နုံးထဲမှာ ဒါမှမဟုတ် အခုဒီ စစ်သားတွေ ရောက်သွားတဲ့ နတ်ထောင့်အရှေ့ရွာ အဲ့ဒီကိုလည်း ပါကောင်းပါသွားနိုင်တယ်လို့ ယူဆထားတယ်ဗျ။”

စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကတော့ မြောက်နုံးကျေးရွာနေ နတ်ထောင့်ကျေးရွာဘက်ကို ဆက်ပြီး ထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုလို စစ်တပ်စစ်ကြောင်းချီလာတာကြောင့် မြောက်နုံးရွာနဲ့ နတ်ထောင့်ရွာ အနီးဝန်းကျင်က ကျေးရွာတွေက ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ အိုးဘို၊ ရှမ်းရွာ၊ ကံသာ၊ လက်ပံတော၊ ပြန်လှည့်၊ နုံးကြီး၊ မြောက်နုံး၊ နတ်ထောင့်အရှေ့ရွာ အနောက်ရွာ၊ တင်ဆုံ၊ ချောင်းဆုံ စတဲ့ ရွာတွေက ရွာသား ၂၀,၀၀၀ ကျော်လောက်က ဘေးလွတ်ရာ ထွက်ပြေး ပုန်းခိုနေကြရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေ အင်အားကောင်းတဲ့ ယင်းမာပင်နယ်ထဲမှာ စစ်တပ်က တရွာဝင် တရွာထွက် နယ်မြေရှင်းလင်းနေတာဖြစ်ပါတယ်။ စစ်တပ်တွေ အစောပိုင်းက ဝင်ရောက်ခဲ့တဲ့ ကျေးရွာတွေက ရွာသားတချို့ကတော့ နေအိမ်ပြန်လာကြတာမျိုးရှိပေမယ့် အများစုကတော့ ပြန်မလာရဲကြသေးဘူးလို့ ကံသာရွာဒေသခံတဦးက ပြောပြပါတယ်။

“အခုဟာက အကုန်လုံး ရာနှုန်းပြည့်အကုန်လုံးမဟုတ်ပေမယ့်လို့ တချို့လည်းပဲ သက်ကြီး ရွယ်အိုတွေနဲ့ ရွှေ့ပြောင်းမလွယ်တဲ့သူတို့ စသဖြင့် ကလေးသူငယ်များတဲ့ မိသားစုတွေကတော့ ရွာတွေကို ပြန်မနေကြသေးဘူး။ သွားသွားလာလာ သွက်သွက်လက်လက် ပြေးနိုင်တဲ့ မိသားစုတွေကတော့ ရွာကို တချို့တဝက် ပြန်ရောက်ကြပြီဗျ။”

မတ်လ ၉ ရက်နေ့က လက်ပံတောနဲ့ ကံသာရွာတွေဘက်မှာ တိုက်ပွဲတွေဖြစ်နေစဉ် စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အမျိုးသား ၅ ဦး တော့ဒီကနေ့မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ ကံသာကျေးရွာက ဒေသခံတဦးက ပြောပါတယ်။

“ဒေသခံလမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ၅ ယောက်ဗျ။ ဆည်လှောင်ရွာက တစ်ယောက်နဲ့ လက်ပံတောရွာက ၄ ယောက် လက်ပံတောရွာက ၄ ယောက်က ကိုသိန်းလွင် သားအဖ၊ မောင်မျိုးကို၊ နောက် မောင်အာနိုး၊ ၄ ယောက်ရယ်။ နောက် ဆည်လှောင်ရွာက တယောက်ရယ်။ အဲ့ ၅ ယောက်ကို ဒီနေ့ ၁၁ ရက်မှာ နောက်ထပ် စစ်ကြောင်းက အိုးဘိုကနေပြီးတော့ နောက်ထပ် ဆက်ပြီးတော့ ထိုးသွားတဲ့အခါမှာ အဲ့ဒီ ၅ ယောက်ကို အသက်ရှင်လျက်ပြန်တွေ့တယ်။”

စစ်ကိုင်းတိုင်း ယင်းမာပင်နယ်တခွင်မှာ စစ်တပ်ဘက်က အင်အားအမြောက်အများ တိုးချဲ့ ထားပြီး အင်တာနက်လိုင်း အားလုံးနီးပါး ဖြတ်တောက်ထားပါတယ်။ MPT တော့ အင်တာနက်အတွက် 2G ကွန်ရက်တွေ ပေးထားပေမဲ့ မြန်နှုန်းအင်မတန်နှေးတဲ့အတွက် ဆက်သွယ်ရ ခက်နေကြပါတယ်။

==================

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG