သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အာဆီယံႀကိဳးပမ္းမႈ ပိုမို ထိေရာက္ဖို႔ မေလးရွား တိုက္တြန္း 


နယူးေယာက္ၿမိဳ႕ကုလအေထြေထြညီလာခံျပင္ပမွာ မေလးရွားႏုိင္ငံျခားေရးဝန္ႀကီးSaifuddin Abdullah ကNUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင္တခ်ဳိ႕နဲ႔ ေတြ႔ဆံုစဥ္။ (ဓာတ္ပံု-Saifuddin Abdullah's twitter/Sept 20, 2022)

[[Zawgyi/Unicode]]

အာဆီယံ အေရွ႕ေတာင္အာရွႏိုင္ငံေတြအေနနဲ႔ ျမန္မာ့အေရး ဘုံသေဘာတူညီခ်က္ ၅ ရပ္ကို အေကာင္အထည္ မေဖာ္ႏိုင္ေတာ့ဘူးဆိုရင္ ေနာက္တဆင့္ ဘာလုပ္မလဲဆိုတာ ဆုံးျဖတ္ရေတာ့မယ္လို႔ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah ေျပာပါတယ္။

နယူးေယာက္ၿမိဳ႕ ကုလသမဂၢဌာနခ်ဳပ္မွာ က်င္းပေနတဲ့ ကုလသမဂၢအေထြေထြညီလာခံ အစည္းအေဝးအစီအစဥ္ေဘးပန္းမွာ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး မေန႔က သတင္းေထာက္ေတြကို ေတြ႔ဆုံတာပါ။ ျမန္မာ့အေရး အာဆီယံရဲ႕ဘုံသေဘာတူညီခ်က္ေတြဟာ က်ဳိးေၾကာင္းဆီေလွ်ာ္မႈ ဆက္မရွိေတာ့ဘူးဆိုရင္ ႏိုဝင္ဘာ ထိပ္သီး အစည္းအေဝးမတိုင္ခင္သုံးသပ္ၿပီး ပိုေကာင္းတဲ့အစီအစဥ္နဲ႔ အစားထိုးရလိမ့္မယ္လို႔ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးကေျပာပါတယ္။

ျမန္မာ့အေရး ပိုၿပီး ျပတ္ျပတ္သားသားရပ္တည္ဖို႔ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက အာဆီယံႏိုင္ငံေတြကို မၾကာခန တိုက္တြန္းေလ့ရွိပါတယ္။

ကုလသမဂၢ အေထြေထြညီလာခံ က်င္းပေနတဲ့အခ်ိန္မွာပဲ ဝန္ႀကီး Saifuddin Abdullah ဟာ NUG ၾကားကာလ အမ်ဳိးသားညီၫြတ္ေရးအစိုးရအဖြဲ႔က ဝန္ႀကီးေတြ၊ တာဝန္ရွိသူေတြ၊ အမ်ဳိးသားညီၫြတ္ေရး အတိုင္ပင္ခံေကာင္စီ NUCC နဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH က ကိုယ္စားလွယ္ေတြကိုလည္း နယူးေယာက္ၿမိဳ႕မွာ ေတြ႕ဆုံပါတယ္။

အဖြဲ႔ဝင္ ၁၅ ဦးပါ ကုလသမဂၢလုံျခဳံေရးေကာင္စီအေနနဲ႔ ျမန္မာျပည္သူေတြ ေမွ်ာ္မွန္းတဲ့ဆႏၵကို အေကာင္အထည္ေဖာ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္တဲ့အေၾကာင္းလည္း Saifuddin Abdullah က ေျပာပါတယ္။ ျမန္မာႏိုင္ငံကို လက္နက္တင္ပို႔မႈ ပိတ္ပင္ေရးနဲ႔ ဖမ္းဆီးခံ ႏိုင္ငံေရးအက်ဥ္းသားေတြ လြတ္ေျမာက္ေရးေတာင္းဆိုတဲ့ ၿဗိတိန္ႏိုင္ငံ တင္ျပတဲ့မူၾကမ္းတရပ္ လုံျခဳံေရးေကာင္စီအဖြဲ႔ဝင္ႏိ္ုင္ငံေတြကို မၾကာခင္ရက္ပိုင္းအတြင္းက အဆိုျပဳ တင္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

မြန်မာ့အရေး အာဆီယံကြိုးပမ်းမှု ပိုမို ထိရောက်ဖို့ မလေးရှား တိုက်တွန်း

အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် မဖော်နိုင်တော့ဘူးဆိုရင် နောက်တဆင့် ဘာလုပ်မလဲဆိုတာ ဆုံးဖြတ်ရတော့မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ပြောပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေးအစီအစဉ်ဘေးပန်းမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မနေ့က သတင်းထောက်တွေကို တွေ့ဆုံတာပါ။ မြန်မာ့အရေး အာဆီယံရဲ့ဘုံသဘောတူညီချက်တွေဟာ ကျိုးကြောင်းဆီလျှော်မှု ဆက်မရှိတော့ဘူးဆိုရင် နိုဝင်ဘာ ထိပ်သီး အစည်းအဝေးမတိုင်ခင်သုံးသပ်ပြီး ပိုကောင်းတဲ့အစီအစဉ်နဲ့ အစားထိုးရလိမ့်မယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

မြန်မာ့အရေး ပိုပြီး ပြတ်ပြတ်သားသားရပ်တည်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံနိုင်ငံတွေကို မကြာခန တိုက်တွန်းလေ့ရှိပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပနေတဲ့အချိန်မှာပဲ ဝန်ကြီး Saifuddin Abdullah ဟာ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ဝန်ကြီးတွေ၊ တာဝန်ရှိသူတွေ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က ကိုယ်စားလှယ်တွေကိုလည်း နယူးယောက်မြို့မှာ တွေ့ဆုံပါတယ်။

အဖွဲ့ဝင် ၁၅ ဦးပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာပြည်သူတွေ မျှော်မှန်းတဲ့ဆန္ဒကို အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း Saifuddin Abdullah က ပြောပါတယ်။ မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု ပိတ်ပင်ရေးနဲ့ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးတောင်းဆိုတဲ့ ဗြိတိန်နိုင်ငံ တင်ပြတဲ့မူကြမ်းတရပ် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကို မကြာခင်ရက်ပိုင်းအတွင်းက အဆိုပြု တင်ပြထားပါတယ်။

XS
SM
MD
LG