သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အာဆီယံအထူးကိုယ္စားလွယ္ ျမန္မာခရီးစဥ္ NUG အပါအဝင္ အားလံုးနဲ႔ေတြ႔ဖို႔ မေလးရွားတိုက္တြန္း 


မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah Feb. 20, 2020.

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံကို ေရွ႕လအတြင္းသြားေရာက္ဖို႔ စီစဥ္ေနတဲ့ အာဆီယံ အထူးကိုယ္စားလွယ္အေနနဲ႔ ၾကားကာလ အမ်ိဳးသား ညီၫြတ္ေရးအစိုးရ (NUG) ကိုယ္စားလွယ္ေတြနဲ႔ပါ ေတြ႔ဆုံဖို႔ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက ဒီကေန႔ တိုက္တြန္းလိုက္ပါတယ္။

ေရွ႕လအတြင္း ျမန္မာႏိုင္ငံကိုသြားဖို႔ စီစဥ္ေနတဲ့ အာဆီယံ အထူးကိုယ္စားလွယ္ျဖစ္တဲ့ ကေမာၻဒီးယား ႏိုင္ငံျခားေရးဝန္ႀကီး Prat Sakhonn အေနနဲ႔ သူ႔ခရီးစဥ္အတြင္း ေတြ႔ဆုံသင့္သူေတြစာရင္းကို ဖႏြမ္းပင္ၿမိဳ႕မွာ ၂ ရက္ၾကာက်င္းပတဲ့ အာဆီယံ ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ စည္းေဝးပြဲကို တက္ေရာက္ခဲ့တဲ့ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah က သူ႔ရဲ႕ Facebook လူမႈကြန္ယက္ စာမ်က္ႏွာမွာ ေရးသား ေဖာ္ျပထားတာပါ။

အာဆီယံ အထူးကိုယ္စားလွယ္အေနနဲ႔ NUCC - အမ်ိဳးသားညီၫြတ္ေရး အတိုင္ပင္ခံေကာင္စီ၊ NUG - ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ ေ႐ြးေကာက္ခံ ကိုယ္စားလွယ္ေတြ၊ ႏိုင္ငံေရးပါတီေတြ၊ ႏိုင္ငံကိုယ္စားျပဳတဲ့ အစုအဖြဲ႔ေတြ၊ အရပ္ဘက္ အဖြဲ႔အစည္းေတြ၊ အၾကမ္းမဖက္ အာဏာဖီဆန္တဲ့အဖြဲ႔ေတြနဲ႔ လက္နက္ကိုင္အဖြဲ႔ေတြ အားလုံးကို ေတြ႔ဆုံသင့္တယ္လို႔ သူ႔အေနနဲ႔ ယူဆေၾကာင္း ဝန္ႀကီး Saifuddin Abdullah က သူ႔ရဲ႕ Facebook လူမႈကြန္ယက္မွာ ေရးသားထားပါတယ္။

မေလးရွားအေနနဲ႔ အာဆီယံရဲ႕ ဘုံေသဘာတူညီခ်က္ (၅) ခ်က္ကို အျပည့္အဝ ေထာက္ခံေၾကာင္းလည္း ဝန္ႀကီး Saifuddin Abdullah က ထပ္ေလာင္း ေ ျပာၾကားထားပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီလ အေစာပိုင္းတုန္းက သြားေရာက္ခဲ့တဲ့ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံခရီးစဥ္အေပၚ အာဆီယံ အဖြဲ႔ဝင္ေတြၾကား မတူတဲ့ သေဘာထားအျမင္ေတြနဲ႔ စိုးရိမ္မႈေတြ ရွိေနၾကေၾကာင္း မေလးရွား ႏိုင္ငံျခားေရးဝန္ႀကီးက ေဝဖန္ ေျပာဆိုခဲ့ဖူးပါတယ္။ ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္အေနနဲ႔ ကေမာၻဒီးယားႏိုင္ငံရဲ႕ အႀကီးအကဲအျဖစ္ သြားေရာက္ခြင့္ ရွိတာမွန္ေပမယ့္ ကေမာၻဒီးယား ႏိုင္ငံဟာ အာဆီယံအသင္းရဲ႕ အလွည့္က်ဥကၠ႒ ျဖစ္လာတာေၾကာင့္ ခရီးစဥ္နဲ႔ပတ္သက္လို႔ က်န္အဖြဲ႔ဝင္ ႏိုင္ငံေတြနဲ႔ အရင္တိုင္ပင္သင့္ေၾကာင္း ေျပာဆိုခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

အာဆီယံအထူးကိုယ်စားလှယ် မြန်မာခရီးစဉ် NUG အပါအဝင် အားလုံးနဲ့တွေ့ဖို့ မလေးရှားတိုက်တွန်း

မြန်မာနိုင်ငံကို ရှေ့လအတွင်းသွားရောက်ဖို့ စီစဉ်နေတဲ့ အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ ကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်တွေနဲ့ပါ တွေ့ဆုံဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

ရှေ့လအတွင်း မြန်မာနိုင်ငံကိုသွားဖို့ စီစဉ်နေတဲ့ အာဆီယံ အထူးကိုယ်စားလှယ်ဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prat Sakhonn အနေနဲ့ သူ့ခရီးစဉ်အတွင်း တွေ့ဆုံသင့်သူတွေစာရင်းကို ဖနွမ်းပင်မြို့မှာ ၂ ရက်ကြာကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲကို တက်ရောက်ခဲ့တဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က သူ့ရဲ့ Facebook လူမှုကွန်ယက် စာမျက်နှာမှာ ရေးသား ဖော်ပြထားတာပါ။

အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ NUCC - အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ NUG - ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ၊ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံကိုယ်စားပြုတဲ့ အစုအဖွဲ့တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ အကြမ်းမဖက် အာဏာဖီဆန်တဲ့အဖွဲ့တွေနဲ့ လက်နက်ကိုင်အဖွဲ့တွေ အားလုံးကို တွေ့ဆုံသင့်တယ်လို့ သူ့အနေနဲ့ ယူဆကြောင်း ဝန်ကြီး Saifuddin Abdullah က သူ့ရဲ့ Facebook လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

မလေးရှားအနေနဲ့ အာဆီယံရဲ့ ဘုံသေဘာတူညီချက် (၅) ချက်ကို အပြည့်အဝ ထောက်ခံကြောင်းလည်း ဝန်ကြီး Saifuddin Abdullah က ထပ်လောင်း ေ ပြာကြားထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ အစောပိုင်းတုန်းက သွားရောက်ခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အပေါ် အာဆီယံ အဖွဲ့ဝင်တွေကြား မတူတဲ့ သဘောထားအမြင်တွေနဲ့ စိုးရိမ်မှုတွေ ရှိနေကြကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ဝေဖန် ပြောဆိုခဲ့ဖူးပါတယ်။ ဝန်ကြီးချုပ် ဟွန်ဆန်အနေနဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ အကြီးအကဲအဖြစ် သွားရောက်ခွင့် ရှိတာမှန်ပေမယ့် ကမ္ဘောဒီးယား နိုင်ငံဟာ အာဆီယံအသင်းရဲ့ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာတာကြောင့် ခရီးစဉ်နဲ့ပတ်သက်လို့ ကျန်အဖွဲ့ဝင် နိုင်ငံတွေနဲ့ အရင်တိုင်ပင်သင့်ကြောင်း ပြောဆိုခဲ့တာပါ။

===============

XS
SM
MD
LG