သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Samsung Galaxy 7 အန္တရာယ်ရှိ


A customer holds a Samsung Electronics Galaxy Note 7 smartphone at the headquarters of South Korean mobile carrier KT in Seoul, South Korea, Friday, Sept. 2, 2016.
A customer holds a Samsung Electronics Galaxy Note 7 smartphone at the headquarters of South Korean mobile carrier KT in Seoul, South Korea, Friday, Sept. 2, 2016.

Samsung ကုမ္ပဏီက အသစ်ထုတ်လိုက်တဲ့ Galaxy Note 7 စမတ်ဖုန်းရဲ့ ဘက်ထရီ မီးလောင်တာ တွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး တဲ့နောက်မှာ Galaxy Note 7 စမတ်ဖုန်းတွေ အသုံးပြုတာကို ရပ်တန့်ဖို့ Samsung ကုမ္ပဏီက စနေနေ့မှာ တိုက်တွန်းလိုက် ပါတယ်။

နိုင်ငံပေါင်း ဆယ်နိုင်ငံလောက်မှာ ဖြစ်ပွါးခဲ့တာကို တွေ့ရတဲ့ နောက်မှာ အခု လို ကျေညာလိုက်တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံတွင်းမှာ အသုံးပြုနေ တဲ့သူတွေအနေနဲ့ ကုမ္ပဏီက ဖွင့်ထားတဲ့ ဆိုင်တွေမှာသွားပြီး အစားထိုး ထုတ်ပေး တဲ့ ဖုန်းတွေနဲ့ လဲလှယ်ယူကြဖို့ စနေနေ့ အစောပိုင်းမှာပဲ ကုမ္ပဏီ က ပြောကြား ခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အသုံးပြုနေသူတွေအတွက်လည်း သောကြာနေ့မှာ အလားတူ သတိပေးချက်တွေ ပို့ပေးခဲ့သလို သူတို့ လက်ထဲမှာ ရှိနေတဲ့ Samsung ကုမ္ပဏီထုတ် Galaxy Note 7 စမတ်ဖုန်းတွေကို အခြား Samsung အမျိုးစားတွေ နဲ့ ပြန်လဲပေးမှာဖြစ်ပြီး ဒေါ်လာ အစိတ်တန် ငွေထုတ် ကပ်ပြားတွေ ပါပေး မှာ ဖြစ်ပါတယ်။

ဒီ Samsung ကုမ္ပဏီထုတ် စမတ်ဖုံး အလုံး ၂ သန်းခွဲ လောက်ဟာ တန်ကြေး အားဖြင့် ဒေါ်လာ သန်းပေါင်း ၅ ထောင်လောက် တန်ဖိုးရှိသလို ကုမ္ပဏီရဲ့ အစုရှယ်ယာတန်ဖိုး ဟာလည်း သောကြာနေ့ဈေးပိတ်ချိန်မှာ ၃.၉ ရာခိုင်နှုံး အထိ ကျသွားခဲ့ပါတယ်။

လေကြောင်းဌာန အများအပြားကလည်း သူတို့ရဲ့ လေယာဉ်စီးခရီးသည်တွေအနေနဲ့ Galaxy Note 7 စမတ်ဖုန်းတွေကို လေယာဉ်ခရီးစဉ် အတွင်းမှာ ဖွင့်ပြီး အ သုံးပြုတာတွေ၊ အားသွင်းတာတွေ မလုပ်ကြဖို့အပြင်၊ ခရီးသွားအိတ်တွေထဲမှာ မထည့်ကြဖို့လည်း တားမြစ်လိုက်ပါတယ်။

Galaxy Note 7 စမတ်ဖုန်းတွေ သြဂုတ်လမှာ စထွက်လာချိန်ကစပြီး မီးလောင် တာတွေရှိနေကြောင်း လူမှုကွန်ယက်တွေမှာ ပုံတွေနဲ့ တကွ ဖေါ်ပြနေ ကြတာ ဖြစ်ပါတယ်။

Samsung ကုမ္ပဏီကလည်း ဒီ Galaxy Note 7 ရဲ့ ဘက်ထရီမှာ ချို့ယွင်းချက် ရှိနေကြောင်း အတည်ပြုခဲ့သလို နောက်အမျိုးအစားအသစ် ထုတ်ဖို့ကျိုးစား နေချိန်မှာ ဒီဖုံးတွေအတွက် အမြန်အစားထိုး လဲလှယ်ပေးမှာ ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

Samsung Galaxy 7 အန္တရာယ်ရှိ
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG