သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Samsung Galaxy Note 7 ဖုန်း အရောင်းရပ်ဆိုင်း


Samsung Galaxy Note 7 ။
Samsung Galaxy Note 7 ။

Samsung ကုမ္ပဏီက Galaxy Note 7 Smartphone တွေ ရောင်းတာကို ဒီကနေ့ ရပ်ထားလိုက်ပါတယ်။ ဒီဖုန်းအမျိုးအစားထဲက တချို့ဖုန်းတွေကို အားသွင်းနေရင်း ပေါက်ကွဲ မီးလောင်တာတွေ ဖြစ်ပြီးတဲ့နောက် စထုတ်ပြီး သီတင်းနှစ်ပတ်ပဲ ရှိသေးတဲ့အချိန်မှာ ဆက်မရောင်းဘဲ ရပ်ထားလိုက်တာပါ။

Note 7 ကို ဝယ်ထားသူတွေအနေနဲ့ ဘယ်အချိန်တုန်းကပဲ ဝယ်ထားဝယ်ထား Smartphone အသစ်တွေနဲ့ ပြန်လဲပေးမယ်လို့ Samsung ကုမ္ပဏီရဲ့ မိုဘိုင်းလ်ဖုန်းလုပ်ငန်းပိုင်း ဥက္ကဋ္ဌ Koh Dong-jin ကပြောပါတယ်။

သူတို့ရောင်းထားတဲ့ ဘယ်ဖုန်းဟာ အန္တရာယ်ဖြစ်စေတယ်ဆိုတာကို အတိအကျ သိနိုင်တဲ့နည်းလမ်း ရှာမတွေ့တဲ့အတွက် တကမ္ဘာလုံးမှာရောင်းထားတဲ့ ဖုန်းတွေ အားလုံးကို ပြန်လာအပ်ဖို့ Samsung က ကြေညာထားပါတယ်။ ဒီလိုပြန်သိမ်းရတာ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ဖွယ်ရှိပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်အပါအဝင် နိုင်ငံ ၁၀ နိုင်ငံမှာရောင်းနေတဲ့ Note 7 ဖုန်းတွေကို ပြန် သိမ်းလိုက်ပါပြီ။ သူတို့ဖုန်းတွေအတွက် ဘက်ထရီလုပ်ပေးတဲ့ ကုမ္ပဏီနှစ်ခုထဲမှာ တခုရဲ့ ဘက်ထရီက မီးလောင်စေနိုင်တာကို ကုမ္ပဏီရဲ့ စုံစမ်း စစ်ဆေးမှုကနေ တွေ့ရတယ်လို့ ဥက္ကဋ္ဌ Koh Dong-jin ကပြောပေမဲ့ အဲ့ဒီ့ကုမ္ပဏီနာမည်ကိုတော့ မပြောပါဘူး။

ဒီပြဿနာကြောင့် ထိခိုက်ဒဏ်ရာရတဲ့ သတင်းမျိုးတွေတော့ မကြားရသေးပါဘူး။ ဒီဖုန်းအလုံးပေါင်း ၂ သန်းခွဲလောက် ထုတ်ထား ပြီး သြဂုတ်လ ၁၉ ရက်နေ့မှာ စရောင်းကတည်းကဆိုရင် အလုံးရေ ၁ သန်းကျော် ရောင်းထားပြီးပြီလို့ Samsung ကပြောပါတယ်။ တရုတ်နိုင်ငံမှာတော့ ဒီဖုန်း တွေရောင်းတာကို မရပ်ပါဘူး။ တရုတ်မှာရောင်းနေတဲ့ Note 7 ဖုန်းတွေမှာ သုံးတဲ့ဘက်ထရီက နောက်ထပ် ကုမ္ပဏီတခုကသွင်းတဲ့ ဘက်ထရီကို အသုံးပြုထားတာလို့ Samsung ကပြောပါတယ်။

Samsung Galaxy Note 7 ဖုန်း အရောင်းရပ်ဆိုင်း
please wait

No media source currently available

0:00 0:01:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG