သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

Sasakawa ၿငိမ္းခ်မ္းေရးခရီး ဘယ္အထိ ေပါက္ေရာက္မလဲ


Hun Sen and Yohei Sasakawa discusses on Myanmar. (Credit - Samdech Hun Sen, Cambodian Prime Minister Facebook Page)

နိပြန္ေဖါင္ေဒးရွင္း ဥကၠဌ Sasakawa နဲ႕ တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႕ေတြ ထိုင္းႏိုင္ငံ ၊ ခ်င္းမိုင္ၿမိဳ႕မွာေတြ႕ဆုံခဲ့ၿပီး ျမန္မာႏိုင္ငံဆိုင္ရာ လူသားျခင္း စာနာမႈဆိုင္ရာ ေဆြးေႏြးခဲ့ၾကပါတယ္။ ဒီအေၾကာင္းအရာေတြကိုသုံးသပ္သူတခ်ိဳ႕နဲ႕ဆက္သြယ္ေမးျမန္းၿပီး ကို၀င္းမင္းက တင္ျပထားပါတယ္။

Sasakawa ၿငိမ္းခ်မ္းေရးခရီး ဘယ္အထိ ေပါက္ေရာက္မလဲ

{{Zawgyi/Unicode}}
ျမန္မာ့ၿငိမ္းခ်မ္းေရးၾကား၀င္ေဆာင္ရြက္သူ နိပြန္ေဖါင္ေဒးရွင္း ဥကၠဌ Sasakawa နဲ႕ တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႕ေတြ မတ္လ ၁ဝ ရက္ေန႔က ထိုင္းႏိုင္ငံ ၊ ခ်င္းမိုင္ၿမိဳ႕မွာေတြ႕ဆုံခဲ့ၿပီး ျမန္မာႏိုင္ငံဆိုင္ရာ အာဆီယံအထူးကိုယ္စားလွယ္ ခရီးစဥ္ကိစၥနဲ႕ လူသားျခင္း စာနာမႈဆိုင္ရာ အကူအညီေတြအတြက္ ေဆြးေႏြးခဲ့ၾကပါတယ္။

ဆာဆာကာဝါဟာ ဒီအစည္းအေ၀းမတိုင္ခင္၊ အာဆီယံဥကၠဌ ကေမာၻဒီယားဝန္ႀကီးခ်ဳပ္ နဲ့ ေတြ႕ဆုံခဲ့သလို၊ ထိုင္းႏိုင္ငံျခားေရး၀န္ႀကီး၊ အင္ဒိုနီးရွားႏိုင္ငံျခားေရး၀န္ႀကီးတို႔နဲ႕လည္းေတြဆုံခဲ့ပါတယ္။ ဆာဆာကာဝါရဲ႕ခရီးစဥ္နဲ႕သူရဲ႕ႀကိဳးပမ္းမႈကေန ဘာေတြေမွ်ာ္လင့္ႏိုင္ပါမလဲ။ ဒီအေၾကာင္းအရာေတြကို ဆာဆာကာဝါနဲ႕ေတြ႕ဆုံခဲ့သူတခ်ိဳ႕အပါအ၀င္၊ သုံးသပ္သူတခ်ိဳ႕နဲ႕ဆက္သြယ္ေမးျမန္းၿပီး ကို၀င္းမင္းက တင္ျပထားပါတယ္။

ကိုဝင္းမင္း ။. ။ ျမန္မာျပန္လည္သင့္ျမတ္ေရး အထူးကိုယ္စားလွယ္ ဂ်ပန္ နီပြန္ေဖာင္ေဒးရွင္း ဥကၠဌ ဆာဆာကာဝါ အေနနဲ႔ ကရင္၊ ရွမ္း ၊ ကရင္နီ လက္နက္ကိုင္တပ္ KNU,RCSS, KNPP တို႔အျပင္ တႏိုင္ငံလုံး အပစ္ရပ္စာခ်ဳပ္ NCA လက္နက္ကိုင္ ၁ဝဖြဲ႔ရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အဖြဲ႔ PPST နဲ႔ ေတြ႔ရာမွာ ထူးျခားခ်က္ကိုေတြ႕ဆုံခဲ့တဲ့ PPST ဦးေဆာင္အဖြဲ႔ဝင္ ဗိုလ္မွဴးႀကီးခြန္ဥကၠာ က .

ခြန္ဥကၠာ။. ။ အာဆီယံ ကိုယ္စားလွယ္သြားမယ္ ခရီးစဥ္အေပၚ သူအေနနဲ႔ အေထာက္ကူျပဳမယ္ဆိုတာပါပဲ။ သူက လက္ေတြ႔အေထာက္ကူျဖစ္ေအာင္ တုိက္တြန္းမယ္။ သူအေတြ႕အႀကဳံကို ရွင္းျပမယ့္သေဘာပါ။ ဒါေၾကာင့္ က်ေနာ္တို႔ကလည္း ပူးေပါင္းေဆာင္ရြက္မယ္။ အဓိကကေတာ့ ဆင္းရဲဒုကၡေရာက္ေနတဲ့ ျပည္သူလူထုကို အကူအညီေပးဖို႔ေပါ့ဗ်ာ။ ဒုကၡသည္ေတြကို ကူညီဖို႔ ေပါ့ဗ်ာ။

ကိုဝင္းမင္း ။. ။ ဒါအျပင္ လက္ရွိ ခ်င္းမိုင္ ကို ေရာက္ေနတဲ့ ISP ျမန္မာ့ မဟာဗ်ူဟာနဲ႔ မူဝါဒေလ့လာေရးအဖြဲ႕က ညႊန္ၾကားေရးမွဴး ဦးေအာင္သူၿငိမ္း ကလည္း

ဦးေအာင္သူၿငိမ္း (ISP မဟာဗ်ူဟာနဲ႔ မူဝါဒေလ့လာေရးအဖြဲ႔) ။. ။ လူသားခ်င္းစာနာမႈ Humanitarian Ground ကေန တျဖည္းျဖည္းနဲ႔ ေရွ႕ဆက္တိုးလို႔ရေအာင္ ခ်ည္းကပ္ခ်င္တဲ့သေဘာရပါတယ္။ တဖက္ကလည္း ဘယ္လိုျပသာနာရွိလဲဆိုေတာ့ တေလာေလးက ႏိုင္ငံျခားေရးဌာန စစ္ေကာင္စီက ေၾကညာခ်က္ထုတ္တဲ့အခါမွာ ႏိုင္ငံတကာက ဒီလို ၾကားဝင္ျဖန္ေျဖမႈေတြဝင္လုပ္တဲ့ကိစၥေတြမွာ သူတို႔က ေမာင္ႏွင္တဲ့ေနရာမွာ ေနမယ္ဆိုတဲ့ကိစၥမွာ လုပ္ရကိုင္ရ သိပ္ေတာ့လြယ္တဲ့ပုံစံမရပါဘူး။ ေနာက္တခုကၾကေတာ့လည္း လက္ရွိ NUG တို႔ New Plan တို႔ကိုလည္း အၾကမ္းဖက္အုပ္စုအေနနဲ႔ ေၾကညာထားတယ္ေပါ့ဗ်ာ။ ေတြ႕ဆုံေဆြးေႏြးဖို႔မရွိဘူးဆိုၿပီးေၾကညာထားတယ္။ ျပသာနာေတြကေတာ့ ေျပလည္ဖို႔ ခက္မယ္ထင္တယ္။

ကိုဝင္းမင္း ။. ။ ဆာဆာကာဝါ အေနနဲ႔ အခုထိုင္းႏိုင္ငံ မတိုင္ခင္ တနလၤာေန႔က ကေမၻာဒီယားနဲ႔ စေနက အင္ဒိုနီးရွား ခရီးေတြကိုလည္း ထူးထူးျခားျခား ေဆြးေႏြးခဲ့တာေတြကိုလည္း ရွင္းျပခဲ့တယ္လို႔ ဗိုလ္မွဴးႀကီး ခြန္ဥကၠာ က ေျပာျပာပါတယ္။

ခြန္ဥကၠာ ။. ။ ကေမၻာဒီယားမွာက ဟြန္ဆန္နဲ႔လည္း ေတြ႕တယ္။ အာဆီယံ အထူးသံတမန္နဲ႔လည္းေတြ႕တယ္။ ဟြန္ဆန္ နဲ႔ မိတ္ေဆြျဖစ္တာ အႏွစ္ ၃၀ ရွိၿပီတဲ့။ ဟြန္ဆန္ က သူေျပာတယ္တဲ့ သူဥကၠဌ ျဖစ္တုံးမွာ အႀကံေပးအျဖစ္ခန္႔ဖို႔တဲ့။ အႀကံေပးခန္႔တာေတာ့ သူလက္မခံေသးဘူးေပါ့။ ဒါေပမယ့္ လိုအပ္တဲ့အကူအညီေတြေပးမယ္ေပါ့။ အထူးကုိယ္စားလွယ္ ခရီးစဥ္မွာ ပူးေပါင္းေဆာင္ရြက္မယ္လို႔ေတာ့ သူေျပာတယ္။ လိုအပ္တာကိုေတာ့ ပန္႔ပိုးမွာေပါ့ဗ်ာ။ ကေမၻာဒီးယားၿပီးရင္ ေရွ႕ႏွစ္မွာ အင္ဒုိနီးရွားကလည္း ဥကၠဌျဖစ္မယ္ေပါ့။ အင္ဒုိနီးရွားမွာ ႏိုင္ငံျခားေရးအမ်ဳိးသမီးနဲ႔ ၂ နာရီၾကာေဆြးေႏြးရတယ္တဲ့။ ပါဝင္သင့္ ပါထိုက္တဲ့သူေတြနဲ႔ စကားေျပာမယ္ဆိုတာ မွန္ေပမယ့္ စစခ်င္းေတာ့ အားလုံး မပါႏိုင္ဘူး။ ပါႏိုင္တဲ့ လူေတြက လုပ္ႏိုင္သေလာက္လုပ္ထားၾကေပါ့။ ဥပမာ ဒုကၡသည္ေတြကယ္ႏိုင္မလား။ အကူညီေပးေရးကို လုပ္ႏိုင္သေလာက္လုပ္ထားေပါ့။ လက္ရွိအေျခအေနကိုေတာ့ ဘယ္သူမွ ၾကည့္မေနခ်င္ဘူးေပါ့။ နည္းလမ္းရွာႀကံၾကဖို႔ေပါ့။

ကိုဝင္းမင္း ။. ။ ဒါအျပင္ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ဆာဆာကာဝါ ေဆြးေႏြးခဲ့တာကိုလည္း ဗိုလ္မွဴးႀကီး ခြန္ဥကၠာက

ခြန္ဥကၠာ ။. ။ ဗမာျပည္အေရး နည္းလမ္းရွာၾကဖို႔ ဒီအတိုင္းလႊတ္ထားရင္ေတာ့ လူထုသိပ္နာတာေပါ့ဗ်ာ။ အထူးသျဖင့္ေတာ့ လူသားခ်င္းစာနာမႈအကူအညီေပါ့ဗ်ာ။ ဒါေၾကာင့္ တာဝန္တကယ္ရွိတဲ့ အာဆီယံတိုင္းျပည္ေတြက လက္ေတြ႔ထိထိေရာက္ေရာက္တခုခုလုပ္ပါလို႔ သူတိုက္တြန္းခဲ့ပါတယ္တဲ့။ မနက္ဖန္ ဘန္ေကာက္ျပန္ ၊သဘက္ခါ ဂ်ပန္ျပန္မယ္တဲ့။ အဲဒီေတာ့ အခုခရီးစဥ္ကေန ဘာေမွ်ာ္လင့္ႏိုင္ပါသလဲလို႔ ေမးရာမွာ ဦးေအာင္သူၿငိမ္း က

ဦးေအာင္သူၿငိမ္း ။. ။ အာဆီယံက ဗမာျပည္အေရးမွာ တကယ္ကို သေဘာထားကြဲေတာ့ အုပ္စုကြဲေနပါတယ္။ ဒါေတြကို အထူးကိုယ္စားလွယ္အေနနဲ႔ ဘယ္လိုလုပ္မလဲေပါ့။ တကယ္လို႔သား လူသားခ်င္းစာနာမႈဆိုင္ရာ နဲ႔လုပ္ေဆာင္မယ္ဆိုရင္ေတာ့ လမ္္းစပြင့္တယ္ေျပာရပါမယ္။ သိပ္ေတာ့အမ်ားႀကီး ေမွ်ာ္လင့္လို႔မရပါဘူး။

ကိုဝင္းမင္း ။. ။ ျမန္မာဆိုင္ရာ အာဆီယံ အထူးကိုယ္စားလွယ္ ကေမၻာဒီယား ႏိုင္ငံျခားေရးဝန္ႀကီးအေနနဲ႔ ျမန္မာႏိုင္ငံကို ဒီလထဲ မၾကာခင္ သြားေရာက္ဖို႔ တရုတ္အထူးသံလႈပ္ရွားမႈနည္းလာခ်ိန္နဲ႔ ကုလအထူးသံလႈပ္ရွားမႈမစေသးခင္မွာ ဂ်ပန္အထူးသံခရီးစဥ္ျဖစ္လာတာလို႔ သံုံးသပ္မႈေတြရွိ္လာပါတယ္။

...................

Sasakawa ၿငိမ္းခ်မ္းေရးခရီး ဘယ္အထိ ေပါက္ေရာက္မလဲ
please wait

No media source currently available

0:00 0:05:12 0:00
တိုက္႐ိုက္ လင့္ခ္

Sasakawa ငြိမ်းချမ်းရေးခရီး ဘယ်အထိ ပေါက်ရောက်မလဲ

{{Unicode}}
မြန်မာ့ငြိမ်းချမ်းရေးကြားဝင်ဆောင်ရွက်သူ နိပွန်ဖေါင်ဒေးရှင်း ဥက္ကဌ Sasakawa နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ မတ်လ ၁ဝ ရက်နေ့က ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့မှာတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ခရီးစဉ်ကိစ္စနဲ့ လူသားခြင်း စာနာမှုဆိုင်ရာ အကူအညီတွေအတွက် ဆွေးနွေးခဲ့ကြပါတယ်။

ဆာဆာကာဝါဟာ ဒီအစည်းအဝေးမတိုင်ခင်၊ အာဆီယံဥက္ကဌ ကမ္ဘောဒီယားဝန်ကြီးချုပ် နဲ့ တွေ့ဆုံခဲ့သလို၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့နဲ့လည်းတွေဆုံခဲ့ပါတယ်။ ဆာဆာကာဝါရဲ့ခရီးစဉ်နဲ့သူရဲ့ကြိုးပမ်းမှုကနေ ဘာတွေမျှော်လင့်နိုင်ပါမလဲ။ ဒီအကြောင်းအရာတွေကို ဆာဆာကာဝါနဲ့တွေ့ဆုံခဲ့သူတချို့အပါအဝင်၊ သုံးသပ်သူတချို့နဲ့ဆက်သွယ်မေးမြန်းပြီး ကိုဝင်းမင်းက တင်ပြထားပါတယ်။

ကိုဝင်းမင်း ။. ။ မြန်မာပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် ဂျပန် နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ ဆာဆာကာဝါ အနေနဲ့ ကရင်၊ ရှမ်း ၊ ကရင်နီ လက်နက်ကိုင်တပ် KNU,RCSS, KNPP တို့အပြင် တနိုင်ငံလုံး အပစ်ရပ်စာချုပ် NCA လက်နက်ကိုင် ၁ဝဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖွဲ့ PPST နဲ့ တွေ့ရာမှာ ထူးခြားချက်ကိုတွေ့ဆုံခဲ့တဲ့ PPST ဦးဆောင်အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာ က .

ခွန်ဥက္ကာ။. ။ အာဆီယံ ကိုယ်စားလှယ်သွားမယ် ခရီးစဉ်အပေါ် သူအနေနဲ့ အထောက်ကူပြုမယ်ဆိုတာပါပဲ။ သူက လက်တွေ့အထောက်ကူဖြစ်အောင် တိုက်တွန်းမယ်။ သူအတွေ့အကြုံကို ရှင်းပြမယ့်သဘောပါ။ ဒါကြောင့် ကျနော်တို့ကလည်း ပူးပေါင်းဆောင်ရွက်မယ်။ အဓိကကတော့ ဆင်းရဲဒုက္ခရောက်နေတဲ့ ပြည်သူလူထုကို အကူအညီပေးဖို့ပေါ့ဗျာ။ ဒုက္ခသည်တွေကို ကူညီဖို့ ပေါ့ဗျာ။

ကိုဝင်းမင်း ။. ။ ဒါအပြင် လက်ရှိ ချင်းမိုင် ကို ရောက်နေတဲ့ ISP မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့က ညွှန်ကြားရေးမှူး ဦးအောင်သူငြိမ်း ကလည်း

ဦးအောင်သူငြိမ်း (ISP မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအဖွဲ့) ။. ။ လူသားချင်းစာနာမှု Humanitarian Ground ကနေ တဖြည်းဖြည်းနဲ့ ရှေ့ဆက်တိုးလို့ရအောင် ချည်းကပ်ချင်တဲ့သဘောရပါတယ်။ တဖက်ကလည်း ဘယ်လိုပြသာနာရှိလဲဆိုတော့ တလောလေးက နိုင်ငံခြားရေးဌာန စစ်ကောင်စီက ကြေညာချက်ထုတ်တဲ့အခါမှာ နိုင်ငံတကာက ဒီလို ကြားဝင်ဖြန်ဖြေမှုတွေဝင်လုပ်တဲ့ကိစ္စတွေမှာ သူတို့က မောင်နှင်တဲ့နေရာမှာ နေမယ်ဆိုတဲ့ကိစ္စမှာ လုပ်ရကိုင်ရ သိပ်တော့လွယ်တဲ့ပုံစံမရပါဘူး။ နောက်တခုကကြတော့လည်း လက်ရှိ NUG တို့ New Plan တို့ကိုလည်း အကြမ်းဖက်အုပ်စုအနေနဲ့ ကြေညာထားတယ်ပေါ့ဗျာ။ တွေ့ဆုံဆွေးနွေးဖို့မရှိဘူးဆိုပြီးကြေညာထားတယ်။ ပြသာနာတွေကတော့ ပြေလည်ဖို့ ခက်မယ်ထင်တယ်။

ကိုဝင်းမင်း ။. ။ ဆာဆာကာဝါ အနေနဲ့ အခုထိုင်းနိုင်ငံ မတိုင်ခင် တနင်္လာနေ့က ကမ္ဘောဒီယားနဲ့ စနေက အင်ဒိုနီးရှား ခရီးတွေကိုလည်း ထူးထူးခြားခြား ဆွေးနွေးခဲ့တာတွေကိုလည်း ရှင်းပြခဲ့တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပြာပါတယ်။

ခွန်ဥက္ကာ ။. ။ ကမ္ဘောဒီယားမှာက ဟွန်ဆန်နဲ့လည်း တွေ့တယ်။ အာဆီယံ အထူးသံတမန်နဲ့လည်းတွေ့တယ်။ ဟွန်ဆန် နဲ့ မိတ်ဆွေဖြစ်တာ အနှစ် ၃၀ ရှိပြီတဲ့။ ဟွန်ဆန် က သူပြောတယ်တဲ့ သူဥက္ကဌ ဖြစ်တုံးမှာ အကြံပေးအဖြစ်ခန့်ဖို့တဲ့။ အကြံပေးခန့်တာတော့ သူလက်မခံသေးဘူးပေါ့။ ဒါပေမယ့် လိုအပ်တဲ့အကူအညီတွေပေးမယ်ပေါ့။ အထူးကိုယ်စားလှယ် ခရီးစဉ်မှာ ပူးပေါင်းဆောင်ရွက်မယ်လို့တော့ သူပြောတယ်။ လိုအပ်တာကိုတော့ ပန့်ပိုးမှာပေါ့ဗျာ။ ကမ္ဘောဒီးယားပြီးရင် ရှေ့နှစ်မှာ အင်ဒိုနီးရှားကလည်း ဥက္ကဌဖြစ်မယ်ပေါ့။ အင်ဒိုနီးရှားမှာ နိုင်ငံခြားရေးအမျိုးသမီးနဲ့ ၂ နာရီကြာဆွေးနွေးရတယ်တဲ့။ ပါဝင်သင့် ပါထိုက်တဲ့သူတွေနဲ့ စကားပြောမယ်ဆိုတာ မှန်ပေမယ့် စစချင်းတော့ အားလုံး မပါနိုင်ဘူး။ ပါနိုင်တဲ့ လူတွေက လုပ်နိုင်သလောက်လုပ်ထားကြပေါ့။ ဥပမာ ဒုက္ခသည်တွေကယ်နိုင်မလား။ အကူညီပေးရေးကို လုပ်နိုင်သလောက်လုပ်ထားပေါ့။ လက်ရှိအခြေအနေကိုတော့ ဘယ်သူမှ ကြည့်မနေချင်ဘူးပေါ့။ နည်းလမ်းရှာကြံကြဖို့ပေါ့။

ကိုဝင်းမင်း ။. ။ ဒါအပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဆာဆာကာဝါ ဆွေးနွေးခဲ့တာကိုလည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက

ခွန်ဥက္ကာ ။. ။ ဗမာပြည်အရေး နည်းလမ်းရှာကြဖို့ ဒီအတိုင်းလွှတ်ထားရင်တော့ လူထုသိပ်နာတာပေါ့ဗျာ။ အထူးသဖြင့်တော့ လူသားချင်းစာနာမှုအကူအညီပေါ့ဗျာ။ ဒါကြောင့် တာဝန်တကယ်ရှိတဲ့ အာဆီယံတိုင်းပြည်တွေက လက်တွေ့ထိထိရောက်ရောက်တခုခုလုပ်ပါလို့ သူတိုက်တွန်းခဲ့ပါတယ်တဲ့။ မနက်ဖန် ဘန်ကောက်ပြန် ၊သဘက်ခါ ဂျပန်ပြန်မယ်တဲ့။ အဲဒီတော့ အခုခရီးစဉ်ကနေ ဘာမျှော်လင့်နိုင်ပါသလဲလို့ မေးရာမှာ ဦးအောင်သူငြိမ်း က

ဦးအောင်သူငြိမ်း ။. ။ အာဆီယံက ဗမာပြည်အရေးမှာ တကယ်ကို သဘောထားကွဲတော့ အုပ်စုကွဲနေပါတယ်။ ဒါတွေကို အထူးကိုယ်စားလှယ်အနေနဲ့ ဘယ်လိုလုပ်မလဲပေါ့။ တကယ်လို့သား လူသားချင်းစာနာမှုဆိုင်ရာ နဲ့လုပ်ဆောင်မယ်ဆိုရင်တော့ လမ်းစပွင့်တယ်ပြောရပါမယ်။ သိပ်တော့အများကြီး မျှော်လင့်လို့မရပါဘူး။

ကိုဝင်းမင်း ။. ။ မြန်မာဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီယား နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ မြန်မာနိုင်ငံကို ဒီလထဲ မကြာခင် သွားရောက်ဖို့ တရုတ်အထူးသံလှုပ်ရှားမှုနည်းလာချိန်နဲ့ ကုလအထူးသံလှုပ်ရှားမှုမစသေးခင်မှာ ဂျပန်အထူးသံခရီးစဉ်ဖြစ်လာတာလို့ သုံံးသပ်မှုတွေရှိလာပါတယ်။

XS
SM
MD
LG